မွေးကင်းစကလေးတွေကို စောင့်ရှောက်တာနဲ့ပတ်သက်ပြီး မိဘတိုင်းသိထားသင့်တဲ့အချက် (၁၀) ချက်

ကလေးတွေဆိုတာ ပျော်ရွှင်စရာနဲ့ စိတ်လှုပ်ရှားစရာကို ရောမွှေနေတဲ့ လေဆင်နှာမောင်းလိုပါပဲ။ မွေးကင်းစကလေးတွေအကြောင်းနဲ့ ပတ်သက်တဲ့အခါ တချို့အရာတွေက ခေါင်းရှုပ်စရာ ဖြစ်နေမှာပါ။ အဲဒါကြောင့် မွေးကင်းစကလေးတွေကို ပြုစုစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး မိဘ တိုင်းသိထားသင့်တဲ့ အချက်တွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အိပ်ချိန်

အိပ်ချိန်တွေက မွေးကင်းစကလေးတွေအတွက် အလွန်အရေးပါပါတယ်။ မွေးကင်းစကလေးတွေက ပုံမှန်အားဖြင့်တစ်နေ့ကို ၁၄ နာရီကနေ ၁၇ နာရီအထိ အိပ်တတ်ကြပါတယ်။ သင့်ကလေးက မွေးစအရွယ်ကနေ ၁၂ လအရွယ်ကြား ရှိမယ်ဆိုရင် သူတို့နိုးလာပြီး မိနစ် ၃၀ ကနေ မိနစ် ၉၀ လောက်နေမှ တစ်ခါပြန်အိပ်ခိုင်းပါ။

၂။ ဒိုင်ပါလဲပေးချိန်

ကလေးတွေကို ဒိုင်ပါလဲပေးတဲ့အခါ သူ့ရဲ့လက်တွေက လှုပ်ရမ်းနေတာကြောင့် သေသေချာချာလဲလို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ဒိုင်ပါလဲတော့မယ် ဆိုရင် ကလေးရဲ့အင်္ကျီကို အပေါ်ကို ခေါက်တင်လိုက်ပါ။ အင်္ကျီခေါက်တင်ထားတဲ့အထဲမှာ ကလေးရဲ့လက်တွေကို ခဏထည့်ထားလိုက်ပါ။ အဲဒီအခါ ဒိုင်ပါကို သေသေချာချာလဲလို့ ရပါပြီ။

၃။ ရေချိုးတဘက်

မွေးကင်းစကလေးတွေကို ရေးချိုးပေးတာက မိဘအတွက်ရော ကလေးအတွက်ပါ မလွယ်ကူနိုင်ပါဘူး။ သင့်ကလေးက ရေအေးကို ကြောက်တတ်သူဆိုရင် ဒီနည်းက အသုံးတည့်မှာပါ။ ကလေးကို ရေနွေးနွေးနဲ့ချိုးပေးပြီး သူ့ဗိုက်ပေါ်မှာ ရေချိုးတဘက်စလေး တင်ပေးထားပါ။ အဲဒီအခါ ကလေးအတွက် ရေချိုးရတာ အရမ်းအေးတယ်လို့မထင်တော့ဘဲ ရေချိုးတဲ့အခါ ငြင်းဆန်နေတော့မှာ မဟုတ်ပါဘူး။

၄။ ငိုနေချိန်

မွေးကင်းစကလေးတွေအတွက် ငိုတာက သူတို့ရဲ့ဆက်သွယ်ရေးစနစ် တစ်ခုပါ။ ဗိုက်ဆာတဲ့အခါ၊ နေမကောင်းတဲ့အခါ၊ အေးတဲ့အခါ၊ ပူတဲ့အခါ စသဖြင့် ကလေးတွေက ငိုပြီး ဆက်သွယ်တတ်ကြပါတယ်။ ဒါပေမယ့် ကလေးက ငိုတာ၊ ဂျီကျတာ မရပ်ဘူးဆိုရင် မျက်နှာချင်းဆိုင် အနေအထားနဲ့မချီဘဲ သင့်ရဲ့ညာလက်နဲ့ ကလေးရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ကိုင်ထားပါ။ ညာလက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိန်းထားပေးပါ။

၅။ စက်ဘီးစီးတဲ့နည်းလမ်း

ကလေးတွေ ငိုတဲ့အခါ မိဘတွေက ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေမှာပါ။ ဒီနည်းလမ်းကတော့ သင့်ကလေး အရမ်းငိုနေတဲ့အခါ သုံးနိုင်ပါတယ်။ ကလေးကို အိပ်ရာပေါ်မှာ ပက်လက်ထားလိုက်ပါ။ ပြီးတော့ သူ့ရဲ့ခြေထောက်တစ်ဖက်စီကို ကိုင်ပြီး စက်ဘီးစီးသလိုမြှောက်လိုက် ချလိုက်ပြုလုပ်ပေးပါ။

၆။ ရေစိုပိတ်စ

ကလေးတွေကို ဒိုင်ပါလဲပေးတဲ့အခါ တစ်ခါတရံမှာ အပေါ့သွားတတ်ကြပါတယ်။ အဲဒီအခါ မိဘတွေရဲ့မျက်နှာကို လာပေတာကြောင့် အတော်ကို အဆင်မပြေဖြစ်မှာပါ။ အဲဒီလိုမဖြစ်ရလေအောင် ကလေးကို ဒိုင်ပါလဲပေးတော့မယ်ဆိုရင် ရေနည်းနည်းပဲစိုတဲ့ ပိတ်စလေးကို ကလေးရဲ့ချက်နေရာမှာ ခဏလေးပဲ တင်ထားပေးပါ။

အကြာကြီးတင်ထားပေးလို့လည်း မရပါဘူး။ မွေးကင်းစကလေးတွေအတွက် အေးတဲ့အပူချိန်က အပေါ့သွားချင်စိတ်ကို ဖြစ်စေလို့ပါ။ ကလေးအပေါ့သွားပြီးလောက်တဲ့အချိန်မှ ဒိုင်ပါကို လဲလိုက်ပါ။

၇။ လျှာသန့်ရှင်းရေး

မွေးကင်းစကလေးတွေမှာ သွားမရှိပေမယ့် ဘက်တီးရီးယားတွေ မပေါက်ပွားအောင် ခံတွင်းနဲ့လျှာကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ခံတွင်းကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် သင့်ရဲ့လက်ကို အရင်ဆေးပါ။ ပြီးရင် ချည်သားပိတ်စလေးကို ရေနွေးလေးထဲမှာ နှစ်ပြီး ကလေးရဲ့ခံတွင်းနဲ့လျှာကို ညင်ညင်သာသာ သန့်ရှင်းရေးလုပ်ပေးပါ။

၈။ ကလေးရေချိုးတဲ့ ရေပမာဏ

မွေးကင်းစကလေးကို ရေချိုးပေးတဲ့အခါ တစ်ခုခု မှားယွင်းသွားမှာကို မိဘတွေက စိုးရိမ်ကြမှာပါ။ မွေးကင်းစကလေးတွေကို ရေချိုးပေးတဲ့အခါ ရေနွေးနဲ့ချိုးပေးတာကို ကလေးတွေက သဘောကျကြပါတယ်။ ရေချိုးကန်ထဲမှာ ရေချိုးရင် ရေပမာဏက ကလေးရဲ့ ခါးနေရာလောက်အထိပဲ ရှိသင့်ပါတယ်။

၉။ ကလေးအိပ်ပျော်စေတဲ့ သီချင်းများ

ကလေးတွေအိပ်တဲ့အခါ လုံးဝတိတ်ဆိတ်နေတာက ပိုပြီး အိပ်ပျော်လွယ်စေပါတယ်။ ဒါပေမယ့် တချို့ကလေးတွေက ချိုသာငြိမ့်ညောင်းတဲ့ သံစဉ်လေးတွေကို ဖွင့်ပေးထားရင် မြန်မြန်အိပ်ပျော်လွယ်ပါတယ်။

၁၀။ Onesies အင်္ကျီ

ကလေးတွေအတွက် အင်္ကျီရော ဘောင်းဘီပါ တစ်ဆက်တည်းပါတဲ့ Onesies အင်္ကျီ ကို ချွတ်ပေးတဲ့အခါ ခက်ခဲပါတယ်။ တချို့ကလည်း အောက်က ကြယ်သီးနေရာကနေ ချွတ်ကြပါတယ်။ အလွယ်ဆုံးနည်းကတော့ ပုခုံးနားကြယ်သီးကို ဖြုတ်လိုက်ပြီးမှ အောက်ဘက်ကို တဖြည်းဖြည်း ချွတ်ချလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments