နှာခေါင်းထဲက အမွေးအမျှင်တွေကို ဖယ်ရှားသင့်လား

လူတိုင်းရဲ့နှာခေါင်းထဲမှာ အမွေးအမျှင်တွေ ရှိကြပါတယ်။ အဲဒီ အမွှေးအမျှင်တွေက ပြင်ပက ဖုန်တွေ၊ အရည်တွေ စတဲ့အရာတွေ မဝင်ရောက်စေဖို့ စစ်ထုတ်ပေးပါတယ်။ အဲဒါကြောင့် နှာခေါင်းထဲက အမွေးအမျှင်တွေက အကျိုးများစွာ ပြုပါတယ်။

ဒါပေမယ့် အခုခေတ်မှာ နှာခေါင်းထဲက အမွေးအမျှင်တွေက အလှအပအတွက် ရုပ်ဆိုးတယ်လို့ ယူဆလာကြပါတယ်။ နှာခေါင်းထဲက အမွေးအမျှင်အနည်းငယ်ကို ဖယ်ထုတ်ပစ်လို့ရတယ်လို့ ကျွမ်းကျင်သူတွေကို ပြောပါတယ်။ ဒါပေမယ့် ဖယ်ထုတ်တဲ့အခါမှာတော့ အလွန်နာကျင်ပါတယ်။

နှာခေါင်းအပြင်ကို ထွက်နေတဲ့ အမွှေးအမျှင်တွေကိုသာ ဖယ်ထုတ်သင့်ပြီး နှာခေါင်းအထဲက အမွှေးအမျှင်တွေကိုတော့ မဖယ်ထုတ်သင့်ပါဘူး။ နှာခေါင်းထဲက အချို့အမွေးအမျှင်တွေက နှာခေါင်းအမြှေးပါးကို ကာကွယ်ပေးထားတာပါ။

နှာခေါင်းထဲက အမွှေးအမျှင်တွေကို ဖယ်ထုတ်နည်း

နှာခေါင်းထဲကနေ အပြင်အနည်းငယ် ထွက်နေတဲ့ အမွှေးအမျှင်တွေကိုသာ ဖယ်ရှားသင့်တာပါ။ နာကျင်မှုအနည်းဆုံး နည်းလမ်းတွေလည်း ရှိပါတယ်။

- ကတ်ကြေးနဲ့လည်း အပြင်ထွက်နေတဲ အမွှေးအမျှင်တွေကို ဖယ်ထုတ်လိုက်လို့ ရပါတယ်။ ကတ်ကြေးက အရမ်းမရှည်ဘဲ ထိပ်ဖျားဝိုင်းတဲ့ ကတ်ကြေးဆိုရင် အဆင်အပြေဆုံးပါပဲ။

- နားနဲ့နှာခေါင်းထဲက အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ ကိရိယာလေးတွေ ရှိပါတယ်။ ပုံမှန်အားဖြင့် ညှပ်တဲ့ကိရိယာလေးတွေက အရေပြားကို မထိခိုက်စေဖို့ ထိပ်ဖျားလေးတွေကို အဝိုင်းပြုလုပ်ထားကြပါတယ်။

- ဈေးကြီးပြီး ပိုထိရောက်တဲ့နည်းကတော့ လေဆာနဲ့ ဖယ်ရှားတာပါ။ ဒီနည်းလမ်းကတော့ နှာခေါင်းထဲက အမွေးအမျှင်တွေ ထပ်မရှိလာစေတော့ပါဘူး။

နှာခေါင်းထဲက အမွှေးအမျှင်တွေကို ဖယ်ထုတ်တဲ့အခါ မပြုလုပ်သင့်တဲ့ နည်းလမ်းများ

- ဇာဂနာကို သုံးပြီး နှာခေါင်းထဲက အမွေးအမျှင်တွေကို ဖယ်ရှားတဲ့အခါ နူးညံ့တဲ့အမြှေးပါးတွေကို ထိခိုက်စေမှာပါ။ ဇာဂနာကို အသုံးပြုပြီးဖယ်ရှားတဲ့အခါ နှာခေါင်းထဲကို ပိုးဝင်နိုင်ပါတယ်။

- ဖယောင်းကိုသုံးပြီး အမွေးအမျှင်တွေကို ဖယ်ရှားတာက နှာခေါင်းထဲက အမြှေးပါးလေးတွေကို ရောင်ရမ်းစေပါတယ်။ အမွှေးအမျှင်တွေ အများကြီးကိုလည်း ကုန်ဆုံးသွားစေပါတယ်။ တစ်ခါတရံမှာ အသားအရေနဲ့ ဓာတ်မတည့်တာမျိုးလည်း ဖြစ်စေပါတယ်။

- အမွေးချွတ်ခရင်မ်တွေဟာ နှာခေါင်းထဲက အမွေးအမျှင်တွေကို ချွတ်ဖို့ထုတ်လုပ်ထားတာမဟုတ်တာကြောင့် အသုံးမပြုသင့်ပါဘူး။ အမွေးချွတ်ခရင်မ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက နှာခေါင်းထဲက အမြှေးပါးတွေကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments