မိန်းကလေးတွေ သဘောကျရွေးချယ်တတ်ကြတဲ့ ယောက်ျားလေး (၁၀) မျိုး

မိန်းကလေးတွေက ဘယ်လိုယောကျ်ားလေးမျိုးကို သဘောကျတတ်လဲ ဆိုတဲ့မေးခွန်းဟာ အမျိုးသားတော်တော်များများ သိချင်ကြတဲ့ မေးခွန်းပါပဲ။ အဲဒီမေးခွန်းက ဘယ်ခေတ်ကို ရောက်ရောက် ပြောင်းလဲမသွားပါဘူး။ အဲဒါကြောင့် မိန်းကလေးတွေ သဘောကျတတ်တာ ဘယ်လိုလူမျိုးလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အလိုက်သိတတ်သူ

အလိုက်သိတတ်တယ်ဆိုတာ သူလိုချင်တဲ့ အရာတိုင်းကို ဝယ်ပေးဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိန်းကလေးတွေရဲ့သဘောထားကို သေချာနားလည်တတ်တာကို ဆိုလိုတာပါ။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာကြောင့် ဝါသနာလည်း မတူကြပါဘူး။ မိန်းကလေးတွေက သူတို့ဝါသနာပါတဲ့အရာကို အတူတူလိုက်လုပ်ပေးနိုင်တဲ့ ယောကျ်ားလေးမျိုး၊ သူတို့ဖြစ်ချင်တာကို အလိုက်သိသိ နားလည်ပေးတတ်သူကို သဘောကျကြပါတယ်။

၂။ ဇွဲကောင်းတဲ့သူ

မိန်းကလေးတွေက ဖုန်းမဆက်နဲ့၊ မလာနဲ့စတဲ့ အငြင်းစကားတွေက တစ်ခါတရံမှာ ရွဲ့ပြောတာဖြစ်ပြီး ဆန့်ကျင်ဘက်ကို ဆိုလိုတာပါ။ မိန်းကလေးဘက်က ရွဲ့ပြောတာကို နားမလည်ဘဲ လက်လျှော့သွားတတ်သူဆိုရင် သဘောမကျကြပါဘူး။ အဲဒါကြောင့် ဇွဲကောင်းကောင်းနဲ့ ချစ်ပေးမယ့်သူကို မိန်းကလေးတွေက လက်လွှတ်မခံတော့ပါဘူး။

၃။ စိတ်ကူးကောင်းသူ

မိန်းကလေးတွေက သူတို့ချစ်တဲ့သူကို အားပေးဖို့၊ ပံ့ပိုးပေးဖို့ ဝန်မလေးကြပါဘူး။ အပြန်အလှန်အနေနဲ့ သူတို့ကို အားပေးမယ့်သူ၊ ဖေးမမယ့်သူကို လိုချင်ကြပါတယ်။ အဲဒါကြောင့် သင်သဘောကျနေသူ ဖြစ်ချင်တဲ့ရည်မှန်းချက်ကို စိတ်ကူးကောင်းကောင်းနဲ့ အကြံပေးလိုက်ပါ။

၄။ အတွေးအခေါ်ရှိသူ

မိန်းကလေးတွေက အမြဲတမ်း စိန်တွေ၊ ရွှေတွေကိုပဲ လိုချင်နေတယ် ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ သူတို့အတွက် မှန်ကန်တဲ့အတွေးလေးတစ်ခု ပေးနိုင်ရင်တောင် ရင်ခုန်တတ်ကြသူတွေပါ။ သင့်ရဲ့ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်တွေက မိန်းကလေးတွေရဲ့နှလုံးကို သိမ်းပိုက်နိုင်ပါတယ်။

၅။ ဟာသဉာဏ်ရှိသူ

ဟာသဉာဏ်ရှိသူ၊ ပျော်ပျော်နေတတ်သူကို မိန်းကလေးတွေက ပိုသဘောကျကြပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ ပြောရင်း ပိုပြီးရင်းနှီးသွားစေပါတယ်။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်၊ အဝတ်အစား၊ ဆံပင်ပုံစံ၊ မိသားစုစတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဟာသအကြောင်း မပြောဖို့တော့ အရေးကြီးပါတယ်။

၆။ ဂရုစိုက်တတ်သူ

ဂရုစိုက်တယ်ဆိုတာ တစ်နေ့ကို ဖုန်းအကြိမ်တစ်ရာ ခေါ်တာမဟုတ်သလို စာတွေလည်း ဆက်တိုက်ပို့နေတာလည်း မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ ဂရုစိုက်မှုတွေကို မိန်းကလေးတွေက အလိုလိုသိနားလည်ကြပါတယ်။ ဒီနေ့ ဘယ်လိုနေလဲ၊ ပျော်ရဲ့လား၊ ဘာတွေအဆင်မပြေလဲ စတဲ့မေးခွန်းလေးတွေကလည်း ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။

၇။ အကောင်းမြင်တတ်သူ

အကောင်းမြင်တတ်တဲ့စိတ်က တန်ဖိုးကြီးမားတဲ့ အရာတစ်ခုပါပဲ။ အမြဲတမ်း အဆိုးမြင်တတ်သူဆိုရင် သင့်ကို လေးစားမှုတွေ လျော့ကျသွားမှာပါ။ သင့်ရဲ့အကောင်းမြင်စိတ်က သူနဲ့ ပိုပြီးရင်းနီးလာစေဖို့ ကူညီပေးမှာပါ။ သူ့ရဲ့ခံစားချက်တွေကို တောက်ပသွားအောင် အကောင်းမြင်စိတ်နဲ့ လမ်းညွှန်ပေးနိုင်ပါတယ်။

၈။ အားကိုးရသူ

တစ်ခါတရံမှာ အခက်အခဲတွေ ကြုံတွေလာရတဲ့အခါ ဖေးမမယ့်သူ လိုအပ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသမီးတွေထက် ပိုပြီး ခံစားလွယ်ကြပါတယ်။ အားငယ်တဲ့အခါမှာ အားပေးတတ်သူ၊ အားကိုးရသူကို အမျိုးသမီးတွေ သဘောအကျဆုံးပါပဲ။

၉။ ရိုးသားသူ

ရိုးသားမှုက ဘယ်နေရာမှာမဆို လိုအပ်တဲ့အရာပါပဲ။ ရိုးသားမှုမရှိရင် ယုံကြည်မှုလည်း မရှိလာနိုင်ပါဘူး။ အမျိုးသမီးတွေက သင်လိမ်ညာနေတာကို လွယ်လွယ်နဲ့ သတိထားမိ တတ်ကြပါတယ်။ အဲဒါကြောင့် ရိုးသားတဲ့သူကို ဘယ်အမျိုးသမီးမှ လက်လွှတ်မခံကြပါဘူး။

၁၀။ အပြန်အလှန် လေးစားမှုရှိသူ

သင်ဟာ အမျိုးသမီးတွေကို အထင်သေးတတ်သူ၊ တစ်ဆင့်နိမ့်သူလို့ သတ်မှတ်ထားသူဆိုရင်တော့ အောင်မြင်ပျော်ရွှင်တဲ့ အချစ်ရေးကို ရမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သိနားလည်ကြပြီး သင့်ရဲ့တန်ဖိုးတွေကိုလည်း မြင်နိုင်ကြပါတယ်။ အပြန်အလှန် လေးစားမှုပေးဖို့၊ သူ့ရဲ့တန်ဖိုးတွေကို အလေးထားပေးဖို့က အရေးပါတဲ့သော့ချက်တစ်ခုပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments