ကျန်းမာရေးကို ဖြည်းဖြည်းချင်း ထိခိုက်လာစေတဲ့ အပင် (၁၀) ပင်

အိမ်အတွင်းမှာ စိုက်လို့ရတဲ့အပင်တွေက ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ဒါပေမယ့် တချို့အပင်တွေကတော့ အိမ်တွင်းမှာ အလှဆင်တဲ့အခါ ကြည့်လို့လှပေမယ့် ကျန်းမာရေးကိုတော့ တဖြည်းဖြည်းချင်း ထိခိုက်လာစေပါတယ်နော်။

၁။ ဇောတိကဂမုန်း

အရွက်လေးတွေ အရမ်းလှတဲ့ ဇောတိကဂမုန်းက မူးမော်တာ၊ ခေါင်းမကြည်တာတွေ ဖြစ်စေပါတယ်။ အရွက်ကို စားမိရင်လည်း ဝမ်းလျှောတာ၊ အန်တာ၊ ပါးစပ်ထဲမှာ ပူလောင်နေတာ၊ လည်ချောင်းနာတာတွေကို ကြုံတွေ့ရစေပါတယ်။

၂။ နဂါးဆက်

နဂါးဆက်က အိမ်ထဲမှာစိုက်ထားရင် အရမ်းလှပြီး စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ ဒါပေမယ့် သူ့မှာပါတဲ့ saponin က အဆိပ်အတောက် ဖြစ်စေတာပါ။ နဂါးဆက်ပင်ကို မတော်တဆ စားမိရင် အန်တာ၊ ဝမ်းလျှောတာ ဖြစ်စေပါတယ်။ အဲဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့လည်း ဝေးဝေးထားသင့်ပါတယ်။

၃။ ကျောက်စိမ်းဧကရာဇ်

ကျောက်စိမ်းဧကရာဇ်ကို ZZ plant လို့လည်း ခေါ်ကြပါသေးတယ်။ စားမိရင် အသားအရေယားယံတာ၊ ရောင်ရမ်းတာ ဖြစ်စေပါတယ်။ ယားယံတဲ့နေရာကို ရေနဲ့လောင်းချလိုက်ရင်တော့ နည်းနည်းသက်သာသွားပါတယ်။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် အလွန်အကျွံ စားရင်တော့ ကျောက်ကပ်ကို ထိခိုက်စေမှာပါ။

၅။ ထပ်တစ်ရာပန်း

ဆောင်းတွင်းမှာပွင့်တဲ့ ထပ်တစ်ရာပန်းက အဆုပ်လိုက် အဆုပ်လိုက်တွေဖြစ်လို့ အရမ်းကို ကြည့်ကောင်းပါတယ်။ ဒါပေမယ့် ထပ်တစ်ရာပန်းရဲ့အစေးက အသားအရေကို ယားယံစေသလို အစာအိမ်အူလမ်းကြောင်းမှာ နေရခက်တာမျိုးလည်း ကြုံတွေ့ရစေပါတယ်။

၆။ ပတ္တမြားနွယ်

ပတ္တမြားနွယ်မှာ calcium oxalate ပါပါတယ်။ အဲဒါက အစာမျိုချတဲ့အခါ အခက်အခဲများစွာ ဖြစ်စေပါတယ်။ အပင်က လှပေမယ့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးဝေးထားဖို့တော့ လိုအပ်ပါတယ်။

၇။ ပါတိတ်ပိန်း သို့မဟုတ် ပိန်းရွက်လှ

အသည်းပုံအရွက်ပုံစံရှိတဲ့ ပိန်းရွက်လှက အရွက်လည်းလှသလို အရောင်လည်း လှပါတယ်။ ဒါပေမယ့် ဒီအပင်တွေကို ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေက မသိဘဲ ပါးစပ်ထဲ ထည့်မိရင် သွားရည်တွေ တများများကျလာတာ၊ အသက်ရှူရခက်ခဲတာတွေ ဖြစ်စေပါတယ်။

၈။ ရွှေလာငွေလာပင်

ရွှေလာငွေလာပင်က မြင်လိုက်တာနဲ့ကို ထင်းကနဲ ပေါ်လွင်လောက်အောင် အရမ်းလှပါတယ်။ ရွှေလာငွေလာပင်မှာလည်း calcium oxalate ပါတာကြောင့် နှုတ်ခမ်းရောင်ရမ်းတာ၊ လျှာနဲ့ ပါးစပ်မှာနာကျင်တာ၊ အန်တာတွေ ဖြစ်စေပါတယ်။

၉။ ခဲတံပင်

အပင်ပုံစံလေးက လှပေမယ့် သူ့ကနေ ထွက်တဲ့အစေးက အသားအရေနဲ့ မျက်လုံးယားတာ၊ စပ်တာ၊ နီတာတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် ဒီအပင်ကို ကိုင်မယ်ဆိုရင် လက်အိတ်နဲ့ပဲ ကိုင်သင့်ပါတယ်။

၁၀။ ပန်းလက်စွပ် သို့မဟုတ် နတ်သမီးခေါင်းလောင်းပန်း

ခရမ်းရောင်ပန်းလေးတွေပွင့်တဲ့ ပန်းလက်စွပ်ပင်က လက်ဆောင်ပေးရင်လည်း လှသလို အိမ်မှာ အလှဆင်စိုက်ထားရင်လည်း ပေါ်လွင်ပါတယ်။ ဒါပေမယ့် လူသိနည်းတဲ့အချက်ကတော့ သူ့ရဲ့အရွက်၊ ပန်း၊ အစေ့တွေကို စားမိရင် လူနဲ့ တိရစ္ဆာန်တွေကို သေစေတာပါ။

Zombie (lovemedia)

Post a Comment

0 Comments