ရေနွေးအိတ်ရဲ့ အခြားအသုံးဝင်ပုံ (၁၂) မျိုး

ရေနွေးအိတ်က လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရမ်းကို အသုံးဝင်တဲ့ ပစ္စည်းပါပဲ။ ရေနွေးအိတ်ကို အနွေးဓါတ်ပေးဖို့ သုံးရုံအပြင် အခြားနေရာတွေမှာလည်း အသုံးပြုလို့ ရပါသေးတယ်။

၁။ ကလေးတွေကို လျင်လျင်မြန်မြန် အိပ်ပျော်စေခြင်း

အေးတဲ့ရာသီဥတုမှာ ကလေးတွေက ခဏခဏ လန့်နိုးတတ်ကြပါတယ်။ အဲဒီအခါ ကြက်သီးနွေးရေကို ရေနွေးအိတ်ထဲ ထည့်ပြီး ကလေးရဲ့ ခြေထောက်နားမှာ ထားပေးထားပါ။ အဲဒီအခါ အနွေးဓါတ်ရပြီး လျင်လျင်မြန်မြန် အိပ်ပျော်သွားပါတယ်။

၂။ အပင်တွေကို ရေလောင်းလို့ရခြင်း

ရေနွေးအိတ်ထဲက ရေတွေ အေးသွားတဲ့အခါမှာလည်း သုံးလို့ရပါသေးတယ်။ ရေကျက်အေးလိုဖြစ်နေတာကြောင့် အပင်တွေကို လောင်းလိုက်လို့ ရပါတယ်။

၃။ ဓမ္မတာလာစဉ်မှာဖြစ်တဲ့ နာကျင်မှုကို သက်သာစေခြင်း

ဓမ္မတာလာစဉ်မှာ ဗိုက်အရမ်းအောင့်တဲ့အခါ ရေနွေးအိတ်ကို ဗိုက်နားမှာကပ်ထားပြီး အနားယူလိုက်ပါ။ အနွေးဓါတ်က ဗိုက်နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

၄။ စခန်းချခရီးထွက်တဲ့အခါ အသုံးပြုနိုင်ခြင်း

စခန်းချခရီးထွက်လို့ အကောင်းဆုံးအချိန်ကတော့ နွေရာသီပါပဲ။ ဒါပေမယ့် တောထဲမှာ ညဘက်က အရမ်းအေးတာကြောင့် စခန်းချ ခရီးထွက်တော့မယ်ဆိုရင် ရေနွေးအိတ်ကို ဆောင်သွားသင့်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်စဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်တတ်တဲ့ ကိုက်ခဲမှုတွေက နေရထိုင်ရတာ မသက်မသာ ဖြစ်စေမှာပါ။ ဗိုက်နဲ့ တင်ပဆုံနား နာကျင်တဲ့အခါ ရေနွေးအိတ်ကပ်ထားလို့ ရပါတယ်။

၆။ ညနေဘက် အေးလာတဲ့အခါ အသုံးပြုနိုင်ခြင်း

ရေနွေးအိတ်က အနွေးဓါတ်ကို ကြာရှည်ထိန်းထားနိုင်တာကြောင့် အပြင်ဘက်မှာ လမ်းလျှောက်ထွက်တဲ့အခါ၊ စကားပြောတဲ့အခါမှာ အသုံးဝင်မှာပါ။

၇။ ဇက်ကျောနာကျင်မှုကို သက်သာစေခြင်း

ကွန်ပျူတာရှေ့မှာ အကြာကြီး အလုပ်လုပ်တဲ့အခါ၊ စာအုပ်တွေ အကြာကြီးဖတ်တဲ့အခါ၊ အိပ်တဲ့ပုံစံမှားတဲ့အခါ ဇက်ကျောနာလာပါတယ်။ အဲဒါကြောင့် ဇက်ကျောနေရာကို ရေခဲအရင်ကပ်ပါ။ ကြွက်သားတွေ နာကျင်တာ သက်သာပြီဆိုရင် သွေးလည်ပတ်မှုကောင်းအောင် ရေနွေးအိတ်ကပ်လို့ ရပါပြီ။

၈။ စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်း

စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုများတဲ့အခါ အိပ်မပျော်တာက နောက်ဆက်တွဲအရာပါပဲ။ အဲဒီအခါ ရေနွေးအိတ်ကို အနီးအနားမှာ ထားပေးပါ။ အနွေးဓါတ်က သွေးလည်ပတ်မှုကိုကောင်းစေပြီး စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။ ရေနွေးအိတ်ထဲမှာ ရနံ့ဆီအနည်းငယ် ထည့်ထားလည်း ရပါတယ်။

၉။ ခါးနာတာကို သက်သာစေခြင်း

ခါးနာတဲ့အခါ ရေအေးနဲ့ ရေနွေးကို တစ်လှည့်စီ ကပ်ပေးနိုင်ပါတယ်။ အရင်ဆုံး ရေနွေးအိတ်ကို ကပ်ပြီးမှ ရေအေးကို ကပ်ပါ။ ရေနွေးအိတ်ကပ်တဲ့အခါ အရေပြားနဲ့ တိုက်ရိုက် မထိတွေ့အောင် ပုဝါကို အောက်ခံထားပြီးမှ အသုံးပြုပါ။

၁၀။ ခြေထောက်အေးတာကို သက်သာစေခြင်း

ခြေထောက်အေးရင် ခေါင်းကိုက်တာလည်း ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ရေနွေးအိတ်ကို ခြေထောက်နားမှာ ကပ်ထားခြင်းဖြင့် ခြေထောက်ကနေ တစ်ကိုယ်လုံးကို အနွေးဓါတ်ရလာစေမှာပါ။

၁၁။ အားကစားလုပ်ပြီးတဲ့ ကြွက်သားနာကျင်မှုကို သက်သာစေခြင်း

အားကစားကို ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါ ကြွက်သားနာကျင်တာကို ကြုံတွေ့ရပါတယ်။ ကြွက်သားနာကျင်တာကို သက်သာစေဖို့ ရေနွေးအိတ်ကပ်လို့ရသလို ရေနွေးနဲ့ရေချိုးလည်း ရပါတယ်။

၁၂။ ချောင်းဆိုးသက်သာစေခြင်း

အအေးမိချောင်းဆိုးတဲ့အခါ ညညအိပ်မရဖြစ်နေမှာပါ။ အဲဒီအခါ ရေနွေးအိတ်ကို ရင်ဘတ်နားမှာ ကပ်ထားရင် အသက်ရှူရတာ အဆင်ပြေသွားမှာပါ။ ဒါပေမယ့် နှလုံးရှိတဲ့နေရာမှာ ရေနွေးအိတ်ကို မကပ်မိဖို့တော့ အရေးကြီးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments