ဆံပင်ဖွာကြမ်းတာကို ကာကွယ်နိုင်မယ့်နည်းလမ်း (၆) ခု

ဖွာပြီး ကြမ်းထော်နေတဲ့ ဆံပင်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေပါတယ်။ အဲဒါကြောင့် ဆံပင်တွေ မဖွာအောင်၊ မကြမ်းအောင် ဘယ်လိုကာကွယ်သင့်လဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ဆံပင်တွေ ဘာဖြစ်လို့ ဖွာကြမ်းတာလဲ။

ရာသီဥတုပြောင်းလဲမှု၊ စိုထိုင်းဆ၊ နေရောင်ခြည်စတဲ့ အကြောင်းအချက်တွေကြောင့်လည်း ဆံပင်တွေ ဖွာကြမ်းပါတယ်။ ဆံပင်ဆေးဆိုးတာ၊ အရောင်ချွတ်တာ၊ ရေဓါတ်နည်းပါးတာ၊ ဆံပင်လေမှုတ်တာ၊ ဆံပင်စက်ဆွဲတာ စတဲ့အချက်တွေကလည်း ဆံပင်ကြမ်းထော်စေတဲ့ အချက်တွေပါပဲ။

၁။ ဆံပင်ကို ပုံမှန်ရှင်းပေးခြင်း

ဆံပင်တွေကို သပ်ရပ်အောင်ရှင်းတဲ့အခါ ခေါင်းဖြီးရွေးချယ်မှုကလည်း အရေးပါပါတယ်။ သစ်သားခေါင်းဖြီးကတော့ အကောင်းဆုံးပါပဲ။ ဆံပင်ပုံမှန်ရှင်းပေးတာက ဖုန်တွေ၊ အညစ်အကြေးတွေကိုလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သန့်ရှင်းလိုက်သလိုပါပဲ။

၂။ ဓါတုပစ္စည်းများသုံးစွဲမှုကို ရပ်တန့်ခြင်း

ဆံပင်ကို ဆေးဆိုးတာ၊ အပူပေးပြီးဖြောင့်တာတို့ လုပ်ပြီးနောက် ဆံပင်တွေ ကြမ်းလာရင် အဲဒီဆေးတွေကို ဆက်မသုံးသင့်တော့ပါဘူး။ ဆံပင်ရေဓါတ် ပြည့်ဝစေဖို့ ရေဓါတ်ဖြည့်ခရင်မ်တွေကိုလည်း လိမ်းပေးသင့်ပါတယ်။

၃။ တဘက်နဲ့ သေသေချာချာသုတ်ခြင်း

ဆံပင်ခြောက်စေဖို့ ချည်သားတဘက်ကို ပိုပြီးရွေးချယ်သင့်ပါတယ်။ ဆံပင်ကို တံဘက်နဲ့ပတ်ထားတာက ဆံပင်ကို ပိုပြီးရှုပ်စေပါတယ်။ ဆံပင်သုတ်တဲ့အခါမှာလည်း တဘက်နဲ့ဖွဖွလေးပဲ သုတ်သင့်ပါတယ်။

၄။ သင့်တော်တဲ့ ရေအပူချိန်

ခေါင်းလျှော်တဲ့အခါ ကြက်သီးနွေးရေနဲ့လျှော်တာက အသင့်တော်ဆုံးပါပဲ။ ဆံပင်ကို ပိုတောက်ပစေဖို့ ရေအေးနဲ့ ဆေးချပါ။ အရမ်းအေးတဲ့ရေ၊ အရမ်းနွေးတဲ့ရေတွေက အဆီထွက်တဲ့ဂလင်းတွေကို လှုံ့ဆော်ပေးတာကြောင့် ဆံပင်အဆီတွေ ပိုထွက်ပါတယ်။

၅။ ခေါင်းအုံးစွပ်

ချည်သားခေါင်းအုံးစွပ်တွေက ဆံပင်က အစိုဓါတ်တွေကို ဖယ်ပေးလို့ မသုံးသင့်ပါဘူး။ အဲဒါကြောင့် ဖဲသားနဲ့ချုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဖဲခေါင်းအုံးစွပ်တွေက သဘာဝအဆီတွေကို မစုပ်ယူတဲ့အပြင် ဆံပင်ကောက်သူတွေအတွက်လည်း သင့်တော်တာကြောင့် ရွေးချယ်သင့်ပါတယ်။

၆။ သင့်တော်တဲ့ ဆံပင်အလှကုန်ပစ္စည်း

မိမိနဲ့မသင့်တော်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တာဟာ ဆံပင်ကို လွယ်လွယ်နဲ့ အဆီပိုထွက်စေပါတယ်။ ဆံပင်အမျိုးအစားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကိုသာ ရွေးချယ်ပါ။ ဆံပင်ကို လေမှုတ်တော့မယ်ဆိုရင် ဆံပင်တစ်ဝက်လောက်ကနေ အဖျားအထိ ဆံသားအတွက် အကျိုးပြုတဲ့အဆီတွေကို လိမ်းပေးလို့ရပါတယ်။ ဒီနည်းက ဆံပင်ဖွာကြမ်းတာကို ကာကွယ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments