အသီးတွေကို ဝယ်တဲ့အခါ လတ်ဆတ်တဲ့အသီးတွေကို အလွယ်ကူဆုံးရွေးချယ်နည်း (၉) ခု

အသီးတွေကို ဈေးက ဝယ်လာတဲ့အခါ တစ်ခါတရံမှာ ပုပ်နေတာ၊ အမှည့်လွန်နေတာ၊ စားလို့မဖြစ်တာတွေ ကြုံရလေ့ ရှိပါတယ်။ အဲဒါကြောင့် လတ်ဆတ်တဲ့ အသီးအနှံတွေကို ရွေးချယ်တဲ့အခါ အသုံးပြုတဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ တလည်းသီး

တလည်းသီးကို ဝယ်တဲ့အခါ အခွံက အနီရောင် သို့မဟုတ် အနီရောင် ရှိနေသင့်ပါတယ်။ မှည်နေတဲ့ တလည်းသီးက မမှည့်သေးတဲ့ တလည်းသီးထက် ပိုလေးပါတယ်။ သစ်သီးကို ကိုင်ကြည့်တဲ့အခါ မနူးညံ့ဘဲ အိနေသလိုဖြစ်တာက မလတ်ဆတ်တဲ့ လက္ခဏာပါ။

၂။ နာနတ်သီး

နာနတ်သီးကို ရွေးတဲ့အခါ အရမ်းမွှေးနေရင် အမှည့်လွန် နေတတ်ပါတယ်။ ဖိကြည့်လိုက်တဲ့အခါ အချိုင့်လေးဖြစ်သွားရင်လည်း အမှည့်လွန်နေပါပြီ။ နာနတ်သီးမှာပါတဲ့အရွက်က စိမ်းနေပြီး အရွက်ရဲ့အဖျားလေးတွေက ခြောက်နေရင် ရွေးချယ်သင့်ပါတယ်။ အရွက်တွေက အကုန်လုံးစိမ်းနေရင် မရင့်သေးဘဲနဲ့ ခူးထားတာပါ။

၃။ သရက်သီး

သရက်သီးက အမျိုးအစားပေါ်မူတည်ပြီး အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်ဆိုပြီး ရှိတတ်ပါတယ်။ အဲဒါကြောင့် အရောင်ကိုကြည့်ပြီး မှည့်လား၊ မမှည့်လားဆိုတာကို ပြောလို့မလွယ်ကူပါဘူး။ သရက်သီးကို ရွေးချယ်တဲ့အခါ အသီးပေါ်မှာ အစင်းကြောင်းလေးတွေ အနည်းငယ် ရှိနေရင် ဝယ်ဖို့အကောင်းဆုံး အနေအထားပါပဲ။ အသီးကို ဖိကြည့်တဲ့အခါ နည်းနည်းလေးအိနေရင် အမှည့်လွန်နေတတ်ပါတယ်။

၄။ ကျွဲကောသီး

ကျွဲကောသီးက အဝါရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်ဆိုပြီး ရှိနိုင်ပါတယ်။ အရောင်တွေက ဟိုတစ်ကွက် ဒီတစ်ကွက် မညီရင် ဓာတုဆေးတွေကို အသုံးပြုထားတာပါ။ ကျွဲကောသီးကို ထိလိုက်တဲ့အခါ မာနေရင် အရည်တွေအများကြီး ပါဝင်ပါတယ်။

၅။ သင်္ဘောသီး

မှည့်နေတဲ့ သင်္ဘောသီးရဲ့အရောင်က အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ရှိနေတတ်ပါတယ်။ သင်္ဘောသီးရဲ့အခွံပေါ်မှာ အမည်းစက်သေးသေးလေးတွေ ပါနေရင် အရသာကောင်းပြီးတော့ အမည်းစက်အကြီးတွေ ပါနေရင်တော့ အမှည့်လွန်နေတတ်ပါတယ်။

၆။ ပင်မှည့်သီး

ပင်မှည့်သီးက မှည့်တဲ့အခါ အခွံပေါ်မှာ အရေးအကြောင်းတွေ ရှိနေတတ်ပါတယ်။ ချောမွတ်နေရင် မမှည့်သေးပါဘူး။ ပင်မှည့်သီးက ခရမ်းရောင်နဲ့ အဝါရောင်ရှိပါတယ်။

၇။ နာနတ်မာလကာသီး

နာနတ်မာလကာသီးက အရွယ်ကြီးလေ ပိုကောင်းလေပါပဲ။ မှည့်တဲ့အခါ ချိုတဲ့နာနတ်သီးအရသာ ရှိပါတယ်။ အသီးရဲ့အနှစ်က အဖြူရောင်ဆိုရင် မမှည့်သေးပါဘူး။ အသီးအပြင်ပိုင်းက မာနေရင်လည်း မမှည့်သေးပါဘူး။

၈။ ချဉ်စော်ကားသီး

မှည့်နေတဲ့ချဉ်စော်ကားသီးက အစိမ်းရောင် အကွက်လေးတွေမပါဘဲ ဝါနေပါတယ်။ ထိလိုက်တဲ့အခါမှာလည်း အိစက်နေရင်၊ အသီးက မွှေးပျံ့နေရင် မှည့်တဲ့လက္ခဏာပါပဲ။ အသီးရဲ့အခွံက ထိခိုက်မိတာနဲ့ ပုပ်သွားတတ်ပါတယ်။

၉။ ထောပတ်သီး

မှည့်နေတဲ့ ထောပတ်သီးအရောင်က အညိုရောင် သို့မဟုတ် အစိမ်းရင့်ရောင် ရှိနေတတ်ပါတယ်။ အသီးကို ဖိကြည့်လိုက်တဲ့အခါ အိနေရင်မှည့်နေပါပြီ။ အသီးရဲ့အညှာပိုင်းကို ဖိလိုက်တဲ့အခါ အရမ်းချိုင့်ဝင်သွားရင် အမှည့်လွန်နေပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments