အချိန်ကြာကြာမီးပျက်တဲ့အခါ အစားအစာတွေကို ကြာရှည်လတ်ဆတ်နေစေမယ့်နည်းလမ်း (၇) ခု

မီးပျက်တဲ့အခါ ရေခဲသေတ္တာထဲက စားစရာတွေက တာရှည်မခံတော့ဘဲ ပုပ်သိုးလွယ်လာပါတယ်။ ဒါပေမယ့် အခုတော့ စိတ်ပူစရာ မလိုတော့ပါဘူး။ မီးပျက်ပေမယ့်လည်း အစားအစာတွေကို ကြာရှည်လတ်ဆတ်စေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ ရေခဲသေတ္တာထဲမှာ သာမိုမီတာထည့်ထားပါ။

မီးပျက်နေချိန်မှာ သာမိုမီတာက ရေခဲသေတ္တာထဲက အစားအစာတွေ အပူချိန်ဘယ်လောက် ရှိနေပြီလဲဆိုတာ သိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်နဲ့ အောက်ရှိပါတယ်။ ဒီအပူချိန်က အစားအစာတွေ မပုပ်သိုးသေးတဲ့ အပူချိန်ပါပဲ။

၂။ ရေခဲသေတ္တာတံခါးကို ပိတ်ထားပါ။

မီးပျက်နေချိန်မှာ ရေခဲသေတ္တာတံခါးတွေကို ပိတ်ထားပါ။ တံခါးပိတ်ထားက ရေခဲသေတ္တာထဲက အစားအစာတွေ ကြာရှည်အေးနေစေပါတယ်။ ရေခဲသေတ္တာတံခါးပိတ်ထားရင် အစားအစာတွေက ၄ နာရီအထိ လတ်ဆတ်နေပါသေးတယ်။ အအေးခန်းထဲမှာ ဆိုရင်တော့ ၄၈ နာရီအထိ လတ်ဆတ်နေပါသေးတယ်။

၃။ ရေဘူးတွေကို ခဲထားပါ။


မီးလာနေချိန်မှာ ရေဘူးတွေကို ရေခဲဖြစ်တဲ့အထိ ခဲထားပါ။ မီးပျက်သွားချိန်မှာ အစားအစာတွေ လတ်ဆတ်နေစေဖို့ အဲဒီရေဘူးတွေက ကူညီပေးပါတယ်။

၄။ ရေခဲ

ရေခဲသေတ္တာထဲမှာ အစားအစာတွေကို မဖြစ်မနေအေးနေမှ ဖြစ်မယ်ဆိုရင် ရေခဲတုံး ရှိပါတယ်။ ရေခဲတုံးတွေကို အိတ်နဲ့ထည့်ထားလို့ ရပါတယ်။ မီးက အချိန်ကြာကြာ ပျက်မယ်ဆိုရင် ရေခဲကို ရွေးချယ်သင့်ပါတယ်။

၅။ အစားအစာတွေကို တစ်စုတစ်စည်းတည်းထားပါ။

ရေခဲသေတ္တာထဲမှာ အစားအစာတွေ ပြည့်လေလေ အစားအစာတွေ လတ်ဆတ်ချိန် ကြာလေလေပါပဲ။ အဲဒါကြောင့် ရေခဲသေတ္တာထဲမှာ အစားအစာတွေ ပြည့်အောင် ထားလို့ရသလို အစားအစာတွေကို ထောင့်တစ်ခုမှာ စုထားလို့လည်း ရပါတယ်။

၆။ အစားအစာတွေကို ရေခဲရိုက်ထားပါ။

မီးက အချိန်ကြာကြာ ပျက်တော့မယ်ဆိုရင် အသား၊ နွားနိ့နဲ့ အခြားအစားအစာတွေကို ရေခဲရိုက်ထားပါ။ အဲဒီအခါ အချိန်ကြာကြာ လတ်ဆတ်နိုင်ပါတယ်။

၇။ သိမ်းရမယ့်အစားအစာနဲ့ လွှင့်ပစ်ရမယ့် အစားအစာတွေကို ခွဲထားပါ။

၄၀ ဒီဂရီဖာရင်ဟိုက်အထက်နဲ့ ၂ နာရီလောက်ထားပြီးရင် အစားအစားတွေကို ခွဲလိုက်ပါ။

- ချိစ်၊ ထောပတ်၊ နို့ထွက်အစားအစာ၊ အသီးအနှံ၊ အသီးခြောက်၊ ဂျယ်လီ၊ ဆော့စ်၊ ရှာလကာရည်၊ သံလွင်ဆီ၊ ပေါင်မုန့်၊ ဝေဖာ၊ မှို၊ ဟင်းခတ်အမွှေးအကြိုင်တွေကို ရေခဲသေတ္တာထဲမှာ ဆက်သိမ်းထားပါ။

- ရေခဲသေတ္တာထဲမှာ မလတ်ဆတ်တော့တဲ့ အသား၊ ပင်လယ်စာ၊ ထမင်း၊ အာလူး၊ ချက်ထားတဲ့ဟင်းသီးဟင်းရွက်၊ စွပ်ပြုတ်တို့ကို ကြာရှည်မထားသင့်ဘဲ လွှင့်ပစ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments