အသားအရောင်နဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ကို အလွယ်ဆုံးရွေးချယ်နည်း (၅) မျိုး

အောက်ခံမိတ်ကပ်က ပြီးပြည့်စုံတဲ့အလှဖြစ်ဖို့ အရေးပါတဲ့ အရာတစ်ခုပါ။ အောက်ခံမိတ်ကပ် မကောင်းရင်၊ မိမိရဲ့အသားအရောင်နဲ့ မကိုက်ညီရင် မည်းသွားတာ၊ ပြာသွားတာတွေ ဖြစ်တာကြောင့် အတော်ကို မလှမပ ဖြစ်စေမှာပါ။ အဲဒါကြောင့် အောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးချယ်သင့်လဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Skintone

အောက်ခံမိတ်ကပ်ကို ရွေးချယ်တဲ့အခါ အရေပြားရဲ့အောက်က အရောင် skintone ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ Skintone ကို ခွဲခြားနိုင်မယ့် အလွယ်ဆုံးနည်းကတော့ ကိုယ့်ရဲ့လက်ကောက်ဝတ်နေရာကို ကြည့်ပါ။

သွေးကြောလေးတွေက အပြာရောင် သို့မဟုတ် ခရမ်းရောင်ဆိုရင် အသားဖြူသူပါ။ အပြာရောင် သို့မဟုတ် အစိမ်းရောင်နုသွေးကြောလေးတွေ ရှိမယ်ဆိုရင် ရွှေအိုရောင်အသားအရေပါ။ အစိမ်းရင့်ရောင် သို့မဟုတ် သံလွင်ဆီရောင်သွေးကြောလေးတွေ ရှိတယ်ဆိုရင်တော့ အသားညိုသူပါ။

၂။ သဘာဝအလင်းရောင်

မတူညီတဲ့ အလင်းရောင်တွေက အောက်ခံမိတ်ကပ်ရဲ့အသွင်ကို ပြောင်းလဲသွားစေပါတယ်။ သင့်အသားအရေပေါ်မှာ အောက်ခံမိတ်ကပ်က ဘယ်လိုအရောင်ထွက်နေမလဲ ဆိုတာကို ရေချိုးခန်း သို့မဟုတ် အလင်းရောင်မရှိတဲ့ အခန်းထဲက အလင်းရောင်နဲ့သိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ အရောင်ဖြစ်စေဖို့ သဘာဝအလင်းရောင်အောက်မှာ လိမ်းပြီးကြည့်တာက ပိုပြီးသေချာပါတယ်။

၃။ Full coverage နဲ့ sheer coverage

အောက်ခံမိတ်ကပ် လိမ်းတဲ့အခါ Full coverage လား၊ sheer coverage လားဆိုတာကလည်း အရေးပါပါတယ်။ Full coverage က အမည်းစက်တွေ၊ အစက်အပြောက်တွေ၊ မညီမညာတာတွေကို ဖုံးအုပ်ပေးနိုင်ပါတယ်။

ဒါပေမယ့် Full coverage ကို ရွေးမယ်ဆိုရင် မျက်နှာအနေအထားနဲ့ ကိုက်ညီမယ့် shade ကို ရွေးရတာ ခက်ပါတယ်။ အဲဒါကြောင့် shade တွေ အကြောင်းနဲ့ပတ်သက်ပြီး ရွေးချယ်ရတာ အလုပ်ရှုပ်တယ်ဆိုရင် sheer coverage ကိုသာ ရွေးချယ်သင့်ပါတယ်။

၄။ မဝယ်ခင်မှာ နမူနာတွေကို အရင်ရှာကြည့်ပါ။

ဘယ်အောက်ခံမိတ်ကပ်က မိမိအသားအရောင်နဲ့ လိုက်ဖက်လဲ ဆိုတာကို သိဖို့ ဝယ်တဲ့အခါ ဆိုင်တွေမှာ သို့မဟုတ် ကောင်တာတွေမှာ နမူနာဘူးတွေကို ရှာကြည့်ပါ။ အောက်ခံမိတ်ကပ်အမျိုးအစားမှာ ရွေးချယ်စရာများစွာ ရှိတာကြောင့် မိမိနဲ့အလိုက်ဖက်ဆုံး အောက်ခံမိတ်ကပ်ကို ရှာတွေ့မှာပါ။

၅။ မျက်နှာမှာ စမ်းပြီး လိမ်းကြည့်ပါ။

ကိုယ့်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် အောက်ခံမိတ်ကပ်ကိုရဖို့ မေးရိုးမှာ ၃ရောင်လောက် စမ်းပြီး လိမ်းကြည့်ပါ။ အောက်ခံမိတ်ကပ်တွေက တစ်ခါတရံမှာ ဗူးထဲမှာတစ်ရောင်၊ အသားအရေပေါ်ရောက်ရင် တစ်ရောင်ဖြစ်သွားတတ်ပါတယ်။

ဝယ်လာပြီးမှ အလကားဖြစ်မသွားစေဖို့ အရောင်မတူတဲ့ အောက်ခံမိတ်ကပ်တွေကို စမ်းလိမ်းကြည့်ပါ။ ဒါမှမဟုတ် လည်ပင်းမှာ စမ်းပြီး လိမ်းကြည့်လို့လည်း ရပါသေးတယ်။

Zombie (lovemedia)

Post a Comment

0 Comments