အစားအစာတွေကို သဘာဝအတိုင်း အချိန်ကြာကြာသိမ်းဆည်းနိုင်မယ့် နည်းလမ်း (၁၀) ခု

လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါပဲ။ အသီးအရွက်တွေကို အများကြီးဝယ်လာပြီး အချိန်အကြာကြီး မခံတဲ့အခါ နှမြောစရာ ကောင်းပါတယ်။ အဲဒါကြောင့် အစားအစာတွေကို သဘာဝအတိုင်း အချိန်ကြာကြာ အထားခံမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ နွားနို့

နွားနို့တွေ အများကြီးဝယ်လာပြီး ချဉ်သွားမှာကို စိတ်ပူစရာ မလိုတော့ပါဘူးနော်။ နွားနို့တွေကို ခဲထားလိုက်ပါ။ နွားနို့တွေကို ခဲထားပြီးရင် ၄ ပတ်ကနေ ၆ ပတ်လောက်အထိ အထားခံပါတယ်။

၂။ ကြက်ဥ

တစ်ခါတရံမှာ လတ်ဆတ်တဲ့ ကြက်ဥကို မရနိုင်ပါဘူး။ ကြက်ဥတွေကလည်း ကြာရှည်အထားမခံပါဘူး။ ဒါပေမယ့် ကြက်ဥတွေကို ဖောက်ပြီး ရေခဲခွက်ထဲမှာ ထည့်ထားလိုက်ပါ။ အဲဒီနောက် ဆား သို့မဟုတ် သကြားအနည်းငယ် ထပ်ထည့်ပါ။ အဲဒီအခါ ကြက်ဥက အချိန်ကြာကြာ အထားခံပါတယ်။

၃။ ဆော့စ်

ဆော့စ်တွေ ကျန်နေတဲ့အခါ အလကားမဖြစ်စေမယ့်နည်း ရှိပါတယ်။ ဆော့စ်တွေကို အိတ်တစ်ခုထဲထည့်ပါ။ ပြီးရင် အအေးခံထားလိုက်ပါ။ အဲဒီနောက် အလိုရှိသလို အသုံးပြုလို့ရပါပြီ။

၄၊။ ဆလတ်ရွက်

ဆလတ်ရွက်တွေက ရက်အနည်းငယ်ကြာရင် နွမ်းပြီး စားလို့မရ ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာ မလိုတော့ပါဘူး။ ပိတ်ပါးစလေးကို ရေဆွတ်ပြီး ဆလတ်ရွက်တွေအပေါ် အုပ်ထားရင်၊ ပတ်ထားရင် ဆလတ်ရွက်လေးတွေက လတ်ဆတ်နေမှာပါ။

၅။ ပန်းသီး

ပန်းသီးက အခြားအသီးတွေထက် ပိုပြီးကြာရှည်ခံပါတယ်။ ရေခဲသေတ္တာထဲမှာ ပန်းသီးတွေကို ထားရင် လပေါင်းများစွာ အထားခံပါတယ်။ ဒါပေမယ့် ပန်းသီးတွေကို တစ်လုံးနဲ့တစ်လုံး ကပ်ပြီးမထားရပါဘူး။ သတင်းစာစက္ကူနဲ့ ပတ်ပြီးတော့ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အချိန်ကြာကြာ အထားခံပါတယ်။

၆။ မုန်လာဥနီ

မုန်လာဥနီကို သဲထဲမှာသိမ်းထားဖို့ တောင်သူကြီးတွေက အကြံပေးကြပါတယ်။ သဲက ရေငွေပျံတာကို လျှော့ချပေးတာကြောင့် တော်တော်နဲ့ မပုပ်ဘဲ လတ်ဆတ်နေမှာပါ။

၇။ မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့

မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့ကို အချိန်ကြာကြာခံစေဖို့ လျှို့ဝှက်ချက်ရှိပါတယ်။ အဲဒါကတော့ ဒိန်ခဲပျော့ဘူးကို ရေခဲသေတ္တာထဲမှာ ဇောက်ထိုးထားလိုက်ပါ။ အဲဒီအခါ ဘူးထဲက လေဟာနယ်က ဘက်တီးရီးယား ပေါက်ဖွားမှုကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၈။ ကြက်သွန်မြိတ်

ကြက်သွန်မြိတ်က အချိန်ကြာရင် ရိသွားတတ်ပါတယ်။ အဲဒါကြောင့် ကြက်သွန်မြိတ်ကို ရေအနည်းငယ်ဖြည့်ထားတဲ့ ခွက်တစ်လုံးထဲမှာ ထည့်စိမ်ထားပါ။

၉။ အရွက်များ

ဖန်ပုလင်းက အရွက်တွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနေရာပါပဲ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တရုတ်နံနံတို့ကို ဖန်ပုလင်းသန့်သန့် တစ်လုံးထဲမှာ ထည့်သိမ်းထားပါ။ အဲဒီအခါ အရွက်တွေက ရနံ့တောင် မပျောက်ဘဲ လတ်ဆတ်နေမှာပါ။

၁၀။ ပျားရည်

ပျားရည်ကို သိမ်းဆည်းပုံ မှန်ကန်တဲ့အခါ နှစ်နဲ့ချီပြီး ထားလို့ရပါတယ်။ ပျားရည်ကို သိမ်းဖို့ အကောင်းဆုံးနည်းကတော့ အဖုံးကြပ်တဲ့ အနက်ရောင် ပုလင်းထဲမှာ ထည့်သိမ်းတာပါပဲ။ သတ္တု၊ ကြွေ၊ ဇင့်နဲ့ ပြုလုပ်ထားတဲ့ ပုလင်းအဖုံးတွေနဲ့တော့ ပျားရည်ကို သိမ်းဆည်းဖို့ မသင့်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments