မျက်နှာပုံစံပေါ်မူတည်ပြီး အလိုက်ဖက်ဆုံးဖြစ်မယ့် နားကပ်ရွေးချယ်နည်း (၆) ခု

အမျိုးသမီးတွေရဲ့အလှကို ပိုပြီး ပြည့်စုံစေတာဟာ နားကပ်ပါပဲ။ နားကပ်က ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးရှိကြပေမယ့် မိမိမျက်နှာနဲ့ လိုက်ဖက်တဲ့နားကပ် ဖြစ်ဖို့လည်း လိုပါသေးတယ်။ ဒီနေ့မှာတော့ မျက်နှာပုံစံပေါ်မူတည်ပြီး နားကပ်ကို ဘယ်လိုရွေးချယ်မလဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ စတုရန်းပုံစံမျက်နှာ

နဖူး၊ မေးရိုးနဲ့ ပါးပြင်အကျယ်တို့က တူညီနေတယ်ဆိုရင် စတုရန်းပုံမျက်နှာပါ။ စတုရန်းပုံစံမျက်နှပိုင်ရှင်တွေအတွက် နားကွင်းလေးတွေ၊ ပေါ်လွင်ထင်ရှားတဲ့ နားကပ်ဖူးလေးတွေက အလိုက်ဖက်ဆုံးပါပဲ။ အဲဒီအခါ သင့်မျက်နှာက နူးညံ့ပြေပြစ်သွားပြီး သဘာဝဆန်ဆန် လှနေမှာပါ။ စတုရန်းပုံစံ မျက်နှာပိုင်ရှင်တွေဟာ စတုရန်းပုံစံ နားကပ်တွေကို ဝတ်လိုက်ရင် မျက်နှာက ပိုချွန်သွားသလို ဖြစ်တတ်တာကြောင့် ရှောင်သင့်ပါတယ်။

၂။ အသည်းပုံစံမျက်နှာ

မေးရိုးချွန်ပြီး ပါးရိုးက နဖူးထက်ပိုကျယ်နေရင် အသည်းပုံစံ မျက်နှာပါ။ အသည်းပုံစံမျက်နှာက မီးဆိုင်းပုံစံနားကပ်၊ ရှည်လျားပြီး ကွေးနေတဲ့ နားကပ်တွေနဲ့ဆိုရင် မျက်နှာအလှက ပိုပြီးပေါ်လွင်ပါတယ်။ ဒီလိုနားကပ်ပုံစံတွေက သင့်ရဲ့ မျက်လုံး၊ မေးရိုး၊ ပါးရိုးအလှတွေကို ညီမျှသွားစေပါတယ်။

၃။ မျက်နှာဝိုင်း

မျက်နှာဝိုင်းသူတွေက နားကပ်ရွေးချယ်စရာတွေ များပါတယ်။ မျက်နှာကို ရှည်တယ်လို့ ထင်စေဖို့ နားဆွဲအရှည်တွေက အရွေးချယ်သင့်ဆုံးပါပဲ။ ဒါပေမယ့် နားကပ်ဖူးလေးတွေ၊ နားကွင်းတွေ ဝတ်ရင်တော့ မျက်နှာဝိုင်းတာက ပိုပြီး ထင်ရှားသွားတာကြောင့် မရွေးချယ်သင့်ပါဘူး။

၄။ စိန်ပုံစံမျက်နှာ

နဖူးနဲ့မေးစေ့ရဲ့အကျယ်က တူပြီး မျက်လုံးနေရာက မျက်နှာနဲ့အကျယ်ဆုံး နေရာဖြစ်နေရင် စိန်ပုံစံမျက်နှာပါ။ မျက်နှာကို နူးညံ့တဲ့အသွင်ရစေဖို့ နားကပ်ဖူးလေးတွေ၊ ဘဲဥပုံစံနားကပ်တွေ၊ မီးဆိုင်းပုံစံနားကပ်တွေက အကောင်းဆုံးပါ။ အဲဒီလိုနားကပ်လေးတွေက သင့်ရဲ့မေးရိုးအလှကို အသားပေးပြီးသား ဖြစ်သွားစေပါတယ်။

၅။ ဘဲဥပုံစံမျက်နှာ

ဘဲဥပုံစံမျက်နှာကတော့ ခွဲခြားရ အလွယ်ကူဆုံးပါပဲ။ ဘဲဥပုံစံမျက်နှာက ဝိုင်းပြီး ရှည်ပါတယ်။ အဲဒါကြောင့် နားကပ်ဖူးလေးတွေ၊ နားကွင်းတွေ၊ တြိဂံပုံစံနားကပ်တွေက သင့်ရဲ့မျက်နှာအလှနဲ့ အလိုက်ဖက်ဆုံးပါ။ ပုလဲနားကပ်လေးတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

၆။ တြိဂံမျက်နှာ

တြိဂံမျက်နှာက အသည်းပုံမျက်နှာနဲ့ ဆင်ဆင်တူပါတယ်။ နဖူးနေရာက မေးစေ့နေရာထက် ပိုကျယ်တဲ့ မျက်နှာပိုင်ရှင်တွေပါ။ မေးရိုးနဲ့ ပါးရိုးက ထင်းကနဲ မြင်သာပါတယ်။ မျက်နှာအသွင်အပြင်ကို ညီမျှသွားစေဖို့ နားကပ်အကြီးကြီးတွေ၊ နားကပ်တွဲလောင်းလေးတွေက အသင့်တော်ဆုံးပါ။ နားကွင်းအသေးလေးတွေ၊ ဘဲဥပုံနားကပ်လေးတွေကလည်း တြိဂံမျက်နှာပိုင်ရှင်တွေအတွက် ရွေးချယ်လို့ကောင်းတဲ့ နားကပ်လေးတွေပါ။

Zombie (lovemedia)

Post a Comment

0 Comments