ခွေးလေးတွေက လူသားတွေပြောတဲ့စကားတွေကို နားလည်နိုင်သလား

ခွေးလေးတွေက လူတွေကို ပျော်ရွှင်စေချင်တဲ့ဆန္ ဒရှိတယ်လို့ Emory တက္ကသိုလ်က အာရုံကြောအထူးကုဆရာဝန် Gregory Berns က ဆိုပါတယ်။ ခွေးလေးတွေက သင့်ကို နားလည်မှုရှိပြီး သူ့နည်းသူ့ဟန်နဲ့ သင့်ကို ပျော်ရွှင်မှု ပေးချင်ကြပါတယ်။

လူသားတွေရဲ့မျက်နှာအမူအရာ

လူသားတွေက ခွေးလေးတွေကို စကားပြောရင် နားလည်ကြပါတယ်။ စကားလုံးတိုင်းကို နားလည်တာတော့ မဟုတ်ပေမယ့် လူသားတွေ အပြောအများဆုံး စကားလုံးတွေကို သိကြပါတယ်။

ပြီးတော့ ခွေးလေးတွေက သူတို့ချစ်တဲ့သခင်ရဲ့မျက်နှာအမူအရာကိုလည်း နားလည်နိုင်ကြပါတယ်။ သင့်ရဲ့မျက်နှာအမူအရာ ပြုံးတာ၊ ငိုတာကိုကြည့်ပြီး သူတို့သခင် ပျော်နေလား၊ ဝမ်းနည်းနေလား၊ ဒေါသထွက်နေလား ဆိုတာကို ခွဲခြားနိုင်ကြပါတယ်။

လူသားတွေရဲ့ပျော်ရွှင်တဲ့မျက်နှာနဲ့ စိတ်ဆိုးနေတဲ့မျက်နှာ

သင်က ခွေးလေးကို စိတ်ဆိုးလို့ အော်လိုက်တဲ့အခါ သူတို့မျက်နှာညှိုးသွားတာကို သင်ကြုံဖူးမှာပါ။ လူသားတွေရဲ့စိတ်ခံစားချက်နဲ့ မျက်နှာအမူအရာက တိုက်ရိုက်ဆက်စပ်နေတဲ့အကြောင်းကို ခွေးလေးတွေက နားလည်နိုင်စွမ်းရှိပါတယ်။ လူသားတွေ စိတ်ဆိုးနေချိန်မှာ စိတ်ပြေသွားအောင် ကြိုစားချင်စိတ်က ခွေးလေးတွေမှာ အမြဲရှိပါတယ်။

စိတ်အခြေအနေ

ခွေးလေးတွေက သူတို့ရဲ့မှတ်ဉာဏ်ကို အသုံးချကြပါတယ်။ သင့်ရဲ့လေသံကိုကြည့်ပြီး ခွဲခြားသလို မျက်နှာအမူအရာ၊ ကိုယ်အမူအရာကို ကြည့်ပြီးလည်း ခွဲခြားတတ်ကြပါတယ်။

ခွေးလေးတွေက အရမ်းဖွထားလို့ သင့်လေသံက မာနေပြီဆိုရင် သူတို့ကို စိတ်ဆိုးနေပြီ ဆိုတာကို နားလည်နိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို မလိုလားတဲ့သူကိုလည်း သိကြပါတယ်။

ပျော်ရွှင်စေချင်တဲ့စိတ်

ခွေးလေးတွေ ပျော်နေလား ဝမ်းနည်းနေလားဆိုတာ လူသားတွေအတွက် ခွဲခြားဖို့ခက်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပုံလေးတွေကို ယှဉ်ကြည့်ရင်တော့ အလွယ်တကူ သိနိုင်ပါတယ်။ ခွေးလေးတွေက သင့်ကို တစ်ခါတရံမှာ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တတ်ပေမယ့် သူတို့စိတ်ထဲမှာတော့ သူတို့သခင်ကို အမြဲပျော်ရွှင်စေချင်ကြပါတယ်။

အဲဒါကြောင့် သင့်ကို အပြင်က ပြန်လာတိုင်း လာကြိုတာ၊ သွားလေရာ တစ်ကောက်ကောက် လိုက်တာတွေ ပြုလုပ်ကြတာပါ။

အဖော်ပြုပေးချင်တဲ့စိတ်

ခွေးလေးတွေကို စကားလုံးတွေ ခဏခဏပြောရင် သူတို့နားလည်ပါတယ်။ သင်က အထီးကျန်နေချိန်မှာ သူတို့ကို စကားပြောနေရင်လည်း နှစ်သိမ့်ပေးချင်တဲ့ အမူအရာလေးတွေ လုပ်ပြနေမှာပါ။ တကယ်တော့ ခွေးလေးတွေမှာ သူတို့ကို စောင့်ရှောက်ပေးတဲ့ သခင်တွေကို အဖော်ပြုပေးချင်စိတ်၊ ကာကွယ်ပေးချင်စိတ်တွေ အမြဲရှိကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments