ပန်းကန်ဆေးဆပ်ပြာရည်ကို ပန်းကန်ဆေးတဲ့နေရာမှာပဲ သုံးသင့်ပြီးတော့ တခြားနေရာတွေမှာ မသုံးသင့်ပါဘူး။ ပန်းကန်ဆေးဆပ်ပြာကို တခြားနေရာမှာသုံးရင် ထင်သလောက် အကျိုးရှိလာမှာ မဟုတ်ပါဘူး။
၁။ ကော်ဖီနှပ်စက်
ကော်ဖီနှပ်စက်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောရင် ဆပ်ပြာအကြွင်းအကျန်တွေက စက်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ရေနဲ့ဆေးချလည်း မပြောင်ပါဘူး။ နောက်တစ်ခါ ကော်ဖီနှပ်ရင်လည်း ဆပ်ပြာအရသာ ကျန်နေတတ်ပါတယ်။ ကော်ဖီနှပ်စက်ကို ဆေးကြောမယ်ဆိုရင် ကော်ဖီရနံ့ဆီနဲ့ ဆေးကြောတာက စက်ကို လွယ်လွယ်နဲ့ မပျက်စေတော့ပါဘူး။
၂။ ပန်းကန်ဆေးစက်
ပန်းကန်ဆေးဆပ်ပြာက အမြှုပ်တွေ အရမ်းထွက်တာကြောင့် ပန်းကန်ဆေးစက်ထဲကို ထည့်ဆေးရင် စက်ထိခိုက်သွားတတ်ပါတယ်။ ပြီးတော့ အမြှုပ်တွေလည်း လျှံကျလာပါတယ်။ ပန်းကန်ဆေးစက်အတွက် သီးသန့်သုံးတဲ့ဆပ်ပြာရည်ကိုသာ သုံးသင့်ပါတယ်။
၃။ အဝတ်လျှော်စက်
ဆပ်ပြာကုန်နေသေးလို့ ပန်းကန်ဆေးဆပ်ပြာရည်ကို အဝတ်လျှော်စက်မှာ ထည့်သုံးလို့မရပါဘူး။ အမြှုပ်တွေ လျှံကျလာပြီး အဝတ်တွေလည်း ပြောင်စင်မှာ မဟုတ်ပါဘူး။
၄။ ကား
ပန်းကန်ဆေးဆပ်ပြာရည်ကို ကားမှာ သုံးလို့ရတယ်လို့ ပြောကြပေမယ့် မသုံးသင့်ပါဘူး။ ပန်းကန်ဆေးပြာရည်ထဲက ဓါတုဆေးတွေက ကားရဲ့အရောင်တွေကို လွင့်စေပါတယ်။
၅။ ဆံပင်
ပန်းကန်ဆေးဆပ်ပြာရည်က ခေါင်းလျှော်ဖို့ သုံးမယ်ဆိုရင် အရမ်းကို ကြမ်းပါတယ်။ သူ့ထဲမှာပါတဲ့ ဆားတွေက ဆံပင်ကို ခြောက်သွေ့စေနိုင်တဲ့အပြင် ဦးရေပြားကိုလည်း ယားယံစေပါတယ်။
၆။ ပြူတင်းပေါက်နဲ့ မှန်
ပြူတင်းပေါက်နဲ့မှန်မှာ ကပ်နေတဲ့ ဖုန်တွေကို ပန်းကန်ဆေးရည်နဲ့ သန့်ရှင်းရင် ရပါတယ်။ ဒါပေမယ့် မှန်မှာ ဆပ်ပြာအစင်းကြောင်းတွေ ကျန်နေခဲ့တတ်ပြီး ရေနဲ့တိုက်လည်း မပြောင်လွယ်ပါဘူး။ မှန်တိုက်တဲ့ဆေးနဲ့ပဲ မှန်တွေ၊ ပြူတင်းပေါက်တွေကို သန့်ရှင်းသင့်ပါတယ်။
၇။ ဒယ်အိုး
ဆပ်ပြာရည်က ဒယ်အိုးက ဆီတွေကို သန့်ရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဟင်းရဲ့အရသာတွေကို မကောင်းစေပါဘူး။ ဒယ်အိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဒယ်အိုးထဲဆားနဲ့ ရေနွေးထဲပြီး ပွက်အောင် တည်ပါ။ ပြီးမှ တစ်ရှူးနဲ့သန့်ရှင်းရေးလုပ်ပါ။
၈။ သစ်သားကြမ်းခင်း
သစ်သားကြမ်းခင်းပေါ်ကို ပန်းကန်ဆေးဆပ်ပြာရည်နဲ့ သန့်ရှင်းရေးလုပ်ရင် ဆပ်ပြာအစင်းကြောင်းတွေ ကျန်နေပါတယ်။ ကြမ်းခင်းကို ပြောင်လက်တောက်ပနေဖို့ သစ်သားကြမ်းခင်းအတွက် ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ကြွေပြား၊ ဖယောင်းပုဆိုး၊ ဗီနိုင်းကြမ်းခင်းတွေကို ပန်းကန်ဆေးဆပ်ပြာရည်သုံးပြီး သန့်ရှင်းရေးလုပ်ရင်တော့ အကျိူးရှိပါတယ်။
၉။ သားရေ
သားရေက နူးညံ့တာကြောင့် ပန်းကန်ဆေးဆပ်ပြာရည်ထဲမှာပါတဲ့ ဓါတုပစ္စည်းတွေက သားရေကို ထိခိုက်စေပါတယ်။ လူတွေရဲ့ အသားအရေလိုပဲ သားရေကိုလည်း နူးညံ့အောင် အစိုဓါတ်ဖြည့်ခရင်မ် လိုအပ်ပါတယ်။ ဒါပေမယ့် သားရေဖိနပ်ကိုတော့ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ဆေးလို့ရပါတယ်။
၁၀။ ခွေး
ခွေးရဲ့အရေပြားနဲ့ အမွေးတွေအတွက် ပန်းကန်ဆေးဆပ်ပြာရည်က အရမ်းကို ကြမ်းပါတယ်။ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ခွေးကို သန့်ရှင်းရေး လုပ်ပေးရင် ယားတာ၊ အမွေးကျွတ်တာတွေ ဖြစ်စေပါတယ်။
၁၁။ အပင်
အင်းဆက်ပိုးတွေ ကင်းစေတဲ့ ဆပ်ပြာနေရာမှာ ပန်းကန်ဆေးဆပ်ပြာရည်ကို အစားထိုးပြီးသုံးလို့ မရပါဘူး။ အပင်တွေအတွက် သီးသန့်ထုတ်တဲ့ ဆပ်ပြာကိုပဲ ရွေးချယ်သင့်ပါတယ်။
၁၂။ အသီးနဲ့ ဟင်းသီးဟင်းရွက်
အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သန့်ရှင်းရေးလုပ်ဖို့ ပန်းကန်ဆေးဆပ်ပြာရည်ကို မသုံးသင့်ပါဘူး။ အသီးတွေမှာ အပေါက်လေးတွေ ပါတာကြောင့် ဆပ်ပြာရည်တွေ စိမ့်ဝင်သွားနိုင်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။
Bonus
ပန်းကန်းဆေးဆပ်ပြာရည်ကို တခြားသန့်ရှင်းရေး သုံးဆပ်ပြာရည်တွေ၊ အရောင်ချွတ်ဆေးတွေ၊ အမိုးနီးယားတို့နဲ့ ရောစပ်ပြီး မသုံးသင့်ပါဘူး။
Zombie (lovemedia)
0 Comments