ဗောက်ပျောက်ဆေးတွေ သုံးနေပေမယ့် ဗောက်မပျောက်သွားရတဲ့ အကြောင်းအရင်း (၁၃) ချက်

တစ်ခါတရံမှာ ဗောက်ပျောက်ဖို့ကိုသာ ကြိုးစားနေပေမယ့် ဗောက်က မပျောက်ဘဲ ပိုပိုများလာတတ်ပါတယ်။ ဗောက်တွေဖြစ်လာတာက နေထိုင်မှုပုံစံနဲ့လည်း သက်ဆိုင်ပါသေးတယ်။ အဲဒါကြောင့် ဗောက်တွေဖြစ်လာစေတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြလိုက်ပါတယ်နော်။

၁။ ခေါင်းခဏခဏလျှော်ခြင်း သို့မဟုတ် ကြာကြာနေမှတစ်ခါ ခေါင်းလျှော်ခြင်း

ခေါင်းကို ခပ်ကြာကြာနေမှ တစ်ခါလျှော်တာက အဆီတွေ၊ ဖုန်တွေစုလာစေပြီး ဗောက်တွေဖြစ်လာစေပါတယ်။ တစ်ဖက်မှာလည်း ခေါင်းကို ခဏခဏလျှော်ရင် ဦးရေပြားအတွက် လိုအပ်တဲ့အဆီတွေက မရှိတော့ပြန်ပါဘူး။ အဲဒါကြောင့် ကျွမ်းကျင်သူတွေက ၂ရက်ခြား သို့မဟုတ် ၃ရက်ခြားတစ်ခါခေါင်းလျှော်သင့်ကြောင်း အကြံပေးပါတယ်။

၂။ Conditioner အသုံးမပြုခြင်း

Conditioner တွေမှာ ဆံပင်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဆံသားကို တောက်ပစေပြီး ခြောက်သွေ့တာကိုလည်း ကာကွယ်ပေးပါတယ်။

၃။ မှိုနဲ့ မတည့်ခြင်း

Malassezia လို့ခေါ်တဲ့မှိုတွေက ဆံပင်မှာ အရမ်းများလာတာကြောင့် ဗောက်တွေဖြစ်လာပါတယ်။ အဲဒီမှိုက ဝက်ခြံလည်း ဖြစ်စေပါတယ်။ Malassezia က လူတိုင်းမှာရှိပေမယ့် မတည့်တဲ့သူတွေမှာ ဗောက်တွေက ပိုများပါတယ်။

၄။ ခေါင်းကို ရေသေချာမဆေးချခြင်း

ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်တွေ မပြောင်ဘဲ ကျန်နေခဲ့ရင် မှိုတွေပျော်ဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်လာပါတယ်။ ခေါင်းလျှော်ရည်အပြင် ဖုန်တွေ၊ အညစ်အကြေးတွေပါ ရှိနေရင် ဗောက်က ပိုပိုများလာမှာပါ။

၅။ ဆံပင်ကို သေသေချာချာမဖြီးခြင်း

ခေါင်းဖြီးတာက သွေးလည်ပတ်မှုကောင်းစေပြီး ဆဲလ်သေတွေကို ဖယ်ပြီးသားလည်း ဖြစ်စေပါတယ်။ အဲဒါကြောင့် တစ်နေ့ကို နှစ်ခါတော့ ပုံမှန်ခေါင်းဖြီးပေးဖို့ လိုပါတယ်။ ခေါင်းကို ခဏခဏဖြီးရင်လည်း ဆံပင်ကျွတ်ပါတယ်။

၆။ ခေါင်းလျှော်ရည် ပြောင်းမသုံးခြင်း

ခေါင်းလျှော်ရည်ကို တစ်မျိုးတည်းစွဲမသုံးဘဲ အမျိုးမျိုးလှည့်သုံးတာ ဗောက်တွေကို လှည့်စားပြီးသားပါပဲ။ ဒါမှမဟုတ် ဗောက်ပျောက်စေဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ခေါင်းလျှော်ရည်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

၇။ ဆံပင်ကို ခဏခဏပုံသွင်းခြင်း

ဆံပင်တု၊ ဂျယ်လ်၊ ဖျန်းဆေးတွေကို သုံးပြီး သေသေချာချာ ခေါင်းမလျှော်ရင် ဆံပင်မှာ အဆီနဲ့အညစ်အကြေးတွေ ပိုများလာပါတယ်။ အချိန်တွေကြာလာရင် ဦးရေပြားက ခြောက်သွေ့လာပြီး ယားယံလာပါတယ်။ နောက်ပြီး ဆံပင်ကို အပူပေးပြီးပုံသွင်းတာနဲ့ ဓါတုပစ္စည်းတွေက ဗောက်တွေကို ပိုပွားလာစေမှာပါ။

၇။ စိတ်ဖိစီးမှု အလွန်များခြင်း

စိတ်ဖိစီးမှုတွေများရင် ကိုယ်ခံအားစနစ်ကလည်း အားနည်းလာပါတယ်။ အဲဒါကြောင့် အဆီတွေ၊ မှိုတွေ ပွားနှုန်းကလည်း များလာပါတယ်။ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ရေနွေးနဲ့ရေချိုးတာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

၉။ သကြားပါတဲ့အစားအစာတွေကို စားတာများခြင်း

သကြားက ခန္ဓာကိုယ်ရဲ့ဟော်မုန်းကို မညီမမျှဖြစ်စေတာကြောင့် ဆံပင်ကျန်းမာရေးကိုလည်း သက်ရောက်မှုရှိစေပါတယ်။ ခန္ဓာကိုယ်မှာ သကြားတွေများလာရင် အဆီထွက်တာတွေလည်း များလာမှာပါ။

၁၀။ အစားအစာကို သင့်တင့်မျှတအောင် မစားခြင်း

နို့ထွက်အစားအစာတွေကို စားတာများရင် ဆံပင်မှာ အဆီတွေ ပိုထွက်လာပါတယ်။ အဲဒါကို ထိန်းချုပ်ဖို့အတွက် ဇင့်နဲ့ ဗီတာမင်ဘီပါဝင်တဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။

၁၁။ ဦးရေပြားမှာ ရေဓါတ်နည်းပါးခြင်း

အရေပြားအတွက် ရေဓါတ်ပြည့်ဖို့လိုသလို ဦးရေပြားအတွက်လည်း ရေဓါတ်ပြည့်ဖို့ လိုပါသေးတယ်။ ဦးရေပြားက ခြောက်နေရင် ယားလာပါတယ်။ ဦးရေပြားရေဓါတ်ပြည့်ဖို့ ထွေထွေထူးထူး လုပ်နေစရာ မလိုပါဘူး။ ကြက်ဥအနှစ်၊ ဒိန်ချဉ်၊ သံပုရာသီး၊ ပျားရည်တို့ကို ရောမွှေပြီး ဆံပင်အနှံ့လိမ်းပါ။ အဲဒီနောက် ရေချိုးဦးထုပ်ဆောင်းပြီး အချိန်ခဏကြာအောင်ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်လို့ရပါပြီ။

၁၂။ ဦးရေပြားကို မနှိပ်နယ်ခြင်း

ဗောက်တွေ မပွားလာအောင် ဦးရေပြားကို ညင်ညင်သာသာ နှိပ်နယ်ပေးဖို့လည်း လိုပါတယ်။

၁၃။ SPF မသုံးခြင်း

ဆံပင်ကို အစိုဓါတ်ရအောင်လုပ်တာ၊ နှိပ်နယ်ပေးတာတွေအပြင် ဦးရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့လည်း လိုပါသေးတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံပင်ပျက်တာကို ကာကွယ်ဖို့ cream တွေကို လိမ်းပေးလို့ ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments