အဝတ်အစားရဲ့အရည်အသွေးကို ထိခိုက်စေတဲ့ အဝတ်လျှော်နည်း (၉) ခု

၁။ ရေရဲ့အပူချိန်ကို မြင့်ထားခြင်း

အဝတ်လျှော်တဲ့အခါ သာမန်အပူချိန်နဲ့လျှော်တာက အဝတ်အစားရဲ့အရည်အသွေးကို ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။ အရမ်းအေးတဲ့ရေနဲ့လျှော်ရင်လည်း အညစ်အကြေးတွေမပြောင်သလို ရေနွေးနဲ့လျှော်တဲ့အခါမှာလည်း အဝတ်အစားတွေကို ပျက်စေပါတယ်။ တဘက်စတွေကိုပဲ အပူချိန် ၁၉၀ ဒီဂရီဖာရင်ဟိုက်နဲ့ လျှော်သင့်ပါတယ်။ ကျန်တဲ့အဝတ်အစားတွေကိုတော့ သာမန်ရေအပူချိန်နဲ့သာ လျှော်ပါ။

၂။ အဝတ်လျှော်စက်ထဲကို အရမ်းညစ်ပတ်နေတဲ့ အဝတ်တွေ အများကြီးထည့်ခြင်း

ဂျီးတွေအများကြီး ပေနေတဲ့အဝတ်အစားတွေကို လျှော်စက်ထဲမထည့်ခင် ကြိုတင်စိမ်ထားပြီး လက်နဲ့ အနည်းငယ်လျှော်ပါ။ ပြီးမှ အဝတ်လျှော်စက်ထဲမှာ ထည့်လျှော်ပါ။ အဝတ်လျှော်စက်ထဲကို အရမ်းညစ်ပတ်နေတဲ့ အဝတ်တွေ အများကြီးထည့်ရင် စက်က ပြောင်အောင်လျှော်နိုင်မှာမဟုတ်ပါဘူး။

သံပုရိုရည်က ချွေးကြောင့်ဖြစ်လာတဲ့ အစွန်းတွေကို ပြောင်စင်စေပါတယ်။ ရှာလကာရည်နဲ့ အဝတ်လျှော်ဆပ်ပြာရည်ကို ရောလျှော်ရင် ဝိုင်အစွန်းတွေ ပျောက်စေပါတယ်။

၃။ ဆပ်ပြာရည်တွေကို အများကြီးထည့်ခြင်း

ဆပ်ပြာရည်တွေကို လိုတာထက် ပိုထည့်တဲ့အခါ အဝတ်အစားတွေရဲ့အနံ့အသက်က မကောင်းတော့ပါဘူး။ အဲဒါကြောင့် ဆပ်ပြာရည်ကို အညွှန်းမှာဖော်ပြထားတဲ့အတိုင်းပဲ ထည့်ပါ။ ထည့်တဲ့အခါမှာလည်း တိုင်းတာတဲ့ခွက်ကို အသုံးပြုသင့်ပါတယ်။

၄။ အဝတ်အစားနူးညံ့စေတဲ့ ဆပ်ပြာရည်ကို အဝတ်အစား အားလုံးအတွက် အသုံးပြုခြင်း

အဝတ်အစားနူးညံ့စေတဲ့ ဆပ်ပြာရည်ကို ကတ္တီပါ အဝတ်အစားတွေအတွက် အသုံးပြုတာ ပိုအဆင်ပြေပါတယ်။ တဘက်စ၊ အားကစားအဝတ်အစား၊ ဆွဲသားအဝတ်အစားတွေကို လျှော်တဲ့အခါမှာတော့ နူးညံ့စေတဲ့ ဆပ်ပြာရည်ကို မသုံးသင့်ပါဘူး။

၅။ အတွင်းခံအဝတ်အစားများကို ထည့်လျှော်ခြင်း

အဝတ်လျှော်စက်ထဲမှာ အတွင်းခံဘရာကို ထည့်လျှော်ရင် ပုံစံပျက်သွားတတ်ပါတယ်။ အဲဒါကြောင့် အတွင်းခံအဝတ်အစားတွေကို လက်နဲ့ပဲ လျှော်သင့်ပါတယ်။ ရေကူးအဝတ်အစားတွေကိုလည်း လက်နဲ့ပဲလျှော်ပါ။ အဝတ်လျှော်စက်နဲ့ လျှော်မယ်ဆိုရင် နူးညံ့တဲ့ ဆပ်ပြာကိုသုံးပြီး အရှိန်နှေးနှေးနဲ့သာလျှော်ပါ။

၆။ အစွန်းချွတ်ဆေးတွေကို လိုက်ကရာသားနဲ့ ဆွဲသားတွေမှာ ထည့်လျှော်ခြင်း

အစွန်းချွတ်ဆေးတွေမှာ ပါဝင်တဲ့ ကလိုရိုက်က အဝတ်အစားတွေရဲ့ အရည်အသွေးကို လျော့ကျစေပါတယ်။ အထူးသဖြင့် လိုက်ကရာသား၊ ဆွဲသားတွေကို လျှော်ရင် အစွန်းချွတ်ဆေးတွေကို ထည့်မသုံးသင့်ပါဘူး။

၇။ ဂျင်းသားအထည်တွေကို မကြာခဏ ထည့်လျှော်ခြင်း

ဂျင်းအဝတ်အစားတွေကို အဝတ်လျှော်စက်နဲ့ ထည့်လျှော်တာက သူ့ရဲ့အရောင်ကို ကြာရှည်မခံစေပါဘူး။ ဂျင်းအဝတ်အစားတွေကို လျှော်တဲ့အခါ ဆပ်ပြာကို သေသေချာချာ ရွေးချယ်သင့်သလို လက်နဲ့လျှော်တာက ပိုကောင်းပါတယ်။

၈။ အဝတ်အစားတွေကို အခြောက်ခံပုံ မှားယွင်းခြင်း

အဝတ်အစားတွေကို အခြောက်ခံပုံ မှားယွင်းတဲ့အခါ အဝတ်အစားရဲ့ အရည်အသွေးကို ထိခိုက်စေပါတယ်။ ပါးတဲ့အဝတ်အစားတွေကို လျှော်တဲ့အခါ အလိုအလျောက် အခြောက်ခံတဲ့စနစ်ကို မသုံးသင့်ပါဘူး။ အချိန်ကြာကြာ အခြောက်ခံရင်လည်း မီးပူတိုက်တဲ့အခါ ခက်ပါတယ်။ သိုးမွေးအဝတ်အစားတွေကို အဝတ်လျှော်စက်ထဲမှာ အခြောက်မခံဘဲ နေလှန်းပါ။

၉။ အဝတ်လျှော်စက်ကို ထိန်းသိမ်းပုံ မှားယွင်းခြင်း

အညစ်အကြေး၊ ဆပ်ပြာရည် အကြွင်းအကျန်တွေက အဝတ်လျှော်စက်ထဲမှာ ပိတ်နေတဲ့အခါ အချိန်ကြာလာရင် အနံ့ဆိုးတွေ ထွက်လာပါတယ်။ အဝတ်အစားတွေမှာလည်း အစွန်းတွေ ထင်လာပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက်

- အဝတ်လျှော်ပြီးတဲ့ အခါတိုင်းမှာ ရာဘာဂတ်စကတ်ထဲက ဆပ်ပြာရည် အကြွင်းအကျန်တွေကို ဖယ်ထုတ်ပါ။

- ဆပ်ပြာရည် ထည့်တဲ့ခွက်ကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပါ။

- တစ်လကိုတစ်ခါ အဝတ်လျှော်စက်ထဲမှာ အဝတ်မထည့်ဘဲ ဆပ်ပြာရည်တစ်ဇွန်း၊ ရှာလကာရည် ၄ ဇွန်းထည့်ပြီး‌ မွှေပါ။

Zombie (lovemedia)

Post a Comment

0 Comments