ကလေးတွေရဲ့အသိပညာတွေ တိုးတက်ဖို့အတွက် စမတ်ဖုန်းတွေက အရေးပါပါတယ်။ လေ့လာချက်တစ်ခုအရ ကလေးတွေက ပျမ်းမျှအားဖြင့် တစ်နေ့ကို ၆ နာရီခွဲလောက် ဖုန်းနဲ့ အချိန်ကုန်တတ်ကြပါတယ်။ တချို့ကလေးတွေက ဖုန်းမရှိရင် မနေတတ်၊ မထိုင်တတ် ဖြစ်လာကြပါတယ်။ ဖုန်းက ကလေးတွေအတွက် အရေးပါပေမယ့် အသုံးပြုပါများတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ရလာမလဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ မိဘနဲ့ ရင်းနှီးမှုနည်းလာခြင်း
မိဘနဲ့ ကလေးကြားမှာ ရင်းနှီးနွေးထွေးမှုရှိဖို့က မရှိမဖြစ်ပါပဲ။ ကလေးက သူ့အခန်းထဲမှာ ဖုန်းနဲ့ပဲ အမြဲအချိန်ကုန်နေရင် မိဘနဲ့ ရင်းရင်းနှီးနှီး နေရမယ့်အချန်တွေ နည်းသွားမှာပါ။ မိသားစုအချင်းချင်း စကားပြောတာတွေ နည်းသွားပြီး ကလေးမှာ ဘာတွေဖြစ်နေလဲ ဆိုတာကိုလည်း သိနိုင်မှာ မဟုတ်တော့ပါဘူး။
၂။ မသင့်တော်တဲ့အရာတွေကို သိမြင်သွားနိုင်ခြင်း
ဖုန်းက ကမ္ဘာကြီးတစ်ခုလုံးနဲ့ ထိတွေ့နိုင်မယ့် တံခါးပေါက်လိုပါပဲ။ အသုံးဝင်တဲ့အရာတွေ အများကြီးရှိသလို ဘေးဖြစ်စေမယ့်အရာတွေ အများကြီး ရှိပါတယ်။ ကလေးတွေအတွက် မကြည့်ရှုတဲ့အရာတွေ၊ ခြိမ်းခြောက်မှုတွေ၊ လူလိမ်လူညာတွေ စတဲ့အရာတွေကိုလည်း ဖုန်းကိုအသုံးပြုတဲ့အခါ တွေ့သွားမှာပါပဲ။ အဲဒီလို ပြဿနာတွေနဲ့ ကလေးတွေ ကြုံတွေ့တဲ့အခါ စိတ်ဓာတ်ရာတွေဖြစ်စေပါတယ်။
၃။ အရွယ်ရောက်တဲ့ဖြစ်စဉ်ကို ထိခိုက်သွားခြင်း
သူ့အရွယ်နဲ့သူ ပျော်ရွှင်မှုတွေ၊ အမှတ်တရတွေ ရှိနေမှသာ ဘဝက ပျော်စရာကောင်းမှာပါ။ ဆယ်ကျော်သက်အရွယ်မှာလည်း ဖုန်းကို အချိန်အကန့်အသတ်နဲ့သာ အသုံးပြုသင့်ပါတယ်။ ဖုန်းကို အသုံးပြုချိန် များတဲ့အခါ ဆယ်ကျော်သက်အရွယ်ရဲ့ ပျော်စရာတွေ၊ ရင်ခုန်စရာတွေ လွတ်သွားမှာပါ။
၄။ ပေါင်းသင်းဆက်ဆံရေး အားနည်းလာခြင်း
လူမှုကွန်ရက် စာမျက်နှာတွေမှာ အပေါင်းအသင်းများတာနဲ့ ပြင်ပလောကမှာ အပေါင်းအသင်းများတာက မတူညီပါဘူး။ လူမှုကွန်ရက် စာမျက်နှာတွေမှာ အပေါင်းအသင်း သူငယ်ချင်းတွေရဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် ဖုန်းနဲ့ပဲ အချိန်ကုန်တာများတာကြောင့် ပြင်ပလောကက သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးတွေ နည်းပါးသွားပါတယ်။
၅။ စိတ်ဓာတ်ကျလာခြင်း
ဖုန်းအသုံးပြုချိန်တွေနဲ့ စိတ်ကျန်းမာရေး အခြေအနေတွေက ဆက်စပ်နေပါတယ်။ ကလေးတွေက နုနယ်သေးတာကြောင့် လူမှုကွန်ရက် စာမျက်နှာကနေ ရတဲ့ဖိအားတွေကို ခံနိုင်ရည်မရှိကြသေးပါဘူး။ ပြီးတော့ ပြင်ပလောကနဲ့ လူမှုကွန်ရက်ကြားက ခြားနားချက်တွေကို ကလေးတွေက အမြဲတမ်း နားမလည်ကြပါဘူး။
၆။ အိပ်စက်ချိန်ကို ထိခိုက်စေခြင်း
ကလေးတွေက ဖုန်းကို သုံးမိတဲ့အခါ လက်က မချချင်တော့ဘဲ နာရီပေါင်းများစွာ သုံးမိသွားတတ်ကြပါတယ်။ တစ်ခါတရံ တစ်ညလုံးသုံးပြီး အိပ်ရေးမဝတာကို ကြုံတွေ့ရပါတယ်။ အိပ်ရေးမဝတာကြောင့် ကျောင်းမှာ စာသေချာလိုက် မလုပ်နိုင်တာ၊ အာရုံမစိုက်နိုင်တာတွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် ကလေးတွေကို ဖုန်းသုံးတဲ့အချိန်ကို အကန့်အသတ်နဲ့ သတ်မှတ်ထားပေး သင့်ပါတယ်။
၇။ အဝလွန်ခြင်း
ဖုန်းကို အသုံးပြုချိန်များတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ခန္ဓာကိုယ်က ဝလာပါတယ်။ ဖုန်းနဲ့ပဲ အချိန်ကုန်နေတာကြောင့် အခြားကလေးတွေလို လှုပ်လှုပ်ရှားရှား ကစားနည်းတွေလည်း မလုပ်ဖြစ်တော့ပါဘူး။ ဒါ့အပြင် ဖုန်းသုံးရင်းနဲ့ မုန့်အချိုတွေ၊ အချိုရည်တွေကိုလည်း အလိုအလျောက် စားမိသွားပါတယ်။
၈။ အပြုအမူနဲ့ဆိုင်သော ပြဿနာများ
ဖုန်းကို အသုံးပြုချိန်များတဲ့အခါ စိတ်ခံစားချက်တွေက များများလာပါတယ်။ မိသားစု၊ သူငယ်ချင်း၊ အခြားလူတွေနဲ့ ဆက်ဆံရေးတွေ နည်းပါးလာပြီး လူတွေနဲ့ ဝေးဝေးသွားပါတယ်။ သီးသန့်နေထိုင်ချင်စိတ်တွေ များလာပြီး အရင်လောက် သွက်လက်လှုပ်ရှားတာတွေ မရှိတော့ပါဘူး။
၉။ စိတ်မပျော်ရွှင်မှု
ဖုန်းကို အသုံးပြုတဲ့အခါ ရတဲ့ပျော်ရွှင်မှုနဲ့ ပြင်ပလောကရဲ့ပျော်ရွှင်မှုက မတူညီပါဘူး။ ဖုန်းမသုံးရရင် မပျော်တဲ့ စိတ်အခြေအနေက ကုသဖို့ ခက်ပါတယ်။ တကယ်တော့ မိသားစု၊ သူငယ်ချင်းတွေ၊ လူမှုရေးလှုပ်ရှားမှုတွေကနေ ရတဲ့ပျော်ရွှင်မှုကို အင်တာနက်သုံးလို့ရတဲ့ ပျော်ရွှင်မှုနဲ့ အစားထိုးလို့မရနိုင်ပါဘူး။
Zombie (lovemedia)
0 Comments