သင့်ရဲ့ခံတွင်းအနံ့ ဆိုး၊ မဆိုး စမ်သပ်နည်း (၈)မျိုး

သင့်ရဲ့ ခံတွင်းနံ့က ဘယ်လိုဖြစ်နေလဲ ဆိုတာကို တစ်ခါတစ်လေ တွေးမိပါလိမ့်မယ်။ တစ်ဖက်သားနဲ့ စကားပြောရင်လည်း အနံ့ထွက်နေမလား ဆိုတာကို တွေးပြီး စိတ်ပူဖူးမှာပါ။ ဒီအရာက သေချာသတိထားသင့်တဲ့ အရာဖြစ်ပြီး သွားတိုက်ရမယ့် အချိန်ရောက်ရင် ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ နည်းလမ်းအချို့ရှိပါတယ်။

တာရှည် ခံတွင်းနံ့ဆိုးခြင်း (halitosis) လိုမျိုး ဖြစ်နေတယ် ဆိုရင်တော့ သွားဘက်ဆိုင်ရာဆရာဝန်နဲ့ ပြတာက အကောင်းဆုံးပါပဲ။ ဒါဆို ခံတွင်းအနံ့ရှိမရှိကို ဘယ်လိုစမ်းမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ လက်ကောက်ဝတ်ကို လျှာနဲ့လျက်ကြည့်ပါ။

လက်ကောက်ဝတ်ကို လျှာနဲ့လျက်ကြည့်ပြီးတဲ့နောက် ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက် စောင့်ပြီးမှ နမ်းကြည့်လိုက်ပါ။ ဒါက သင့်ရဲ့ခံတွင်းနံ့ကို တိတိကျကျ သိရစေပါတယ်။ အနံ့ဆိုးတာကို ခံစားရရင်တော့ သင့်လျှာပေါ်မှာ ဆာလဖာအလွှာတွေ များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၂။ အာခေါင်ကို လက်နဲ့ထိုးကြည့်ပါ။

သင့်ရဲ့ လက်ကို အာခေါင်နားရောက်တဲ့အထိ ထိုးလိုက်ပါ။ တစ်ခါတစ်လေမှာ ဘက်တီးရီးယားပိုးမွှားတွေက သင့်လည်ချောင်းနောက်ဘက်မှာရှိတဲ့ အာသီးပေါ်မှာ ဖုံးလွှမ်းထားတတ်ပြီး အနံ့အသက်ဆိုးတွေ ထွက်စေတတ်ပါတယ်။ တံတွေးခြောက်သွားပြီ ဆိုရင်တော့ သင့်လက်ကို ပြန်နမ်းကြည့်ပါ။

၃။ ဖန်ခွက်တစ်ခုထဲကို အာငွေ့တွေ မှုတ်ထည့်ကြည့်ပါ။

ဘာမှမထည့်ထားတဲ့ ဖန်ခွက်အလွတ်တစ်ခုကို ယူပါ။ ပြီးရင် လေကိုဝဝရှူပြီး အထဲကို အာငွေ့တွေ မှုတ်ထည့်လိုက်ပါ။ ပြန်ထွက်လာတဲ့ အနံ့က သင့်ရဲ့ခံတွင်းထဲကနေ ထွက်နေတဲ့အနံ့ပါပဲ။ တကယ်လို့ ဖန်ခွက်နဲ့ မလုပ်ချင်ဘူးဆိုရင်လည်း ပလတ်စတစ်အိတ်နဲ့ လုပ်လို့ရပါတယ်။ ဘာအနံ့မှမရှိတဲ့ အိတ်ထဲကို လေတွေမှုတ်ထည့်ပြီးတော့လည်း စမ်းသပ်နိုင်ပါတယ်။

၄။ လျှာပေါ်မှာ အဝတ်စလေးတစ်ခု တင်ပြီးတော့လည်း စမ်းနိုင်ပါတယ်။

ချည်သားပိတ်စ အဖြူရောင်တစ်ခုကို ယူပါ။ ပြီးရင် လျှာပေါ်တင်ထားလိုက်ပါ။ အချိန်ခနလောက်ကြာရင် ထုတ်ပြီးကြည့်လိုက်ပါ။ အဝါရောင်ပြောင်းသွားလား ဆိုတာကို ကြည့်ပါ။ အဝါရောင်ပြောင်းပြီး အနံ့လည်းထွက်နေတယ် ဆိုရင်တော့ sulfide ထုတ်လုပ်မှု မြင့်မားနေတယ်လို့ ပြောနေတာပါ။ တကယ်လို့ ပိတ်စနဲ့မစမ်းချင်ဘူးဆိုရင်လည်း တစ်ရှူးနဲ့ စမ်းနိုင်ပါတယ်။

၅။ ဇွန်းကို သုံးပါ။

ဇွန်းကို ပြောင်းပြန်ထားပြီးတော့ လျှာပေါ်ကို ခြစ်လိုက်ပါ။ အနည်းငယ်ခြောက်အောင် ထားပြီးမှ အနံ့ခံပါ။ သင်ရတဲ့ အနံ့က သင့်ခံတွင်းက ထွက်တဲ့အနံ့ပါပဲ။

၆။ လျှာခြစ်တံကို သုံးပါ။

လျှာခြစ်တံနဲ့ သင့်လျှာခြစ်ကြည့်ပါ။ သင့်လျှာအပေါ်ယံအလွှာက ဖြူဖွေးနေရင်တော့ အစားအစာ၊ ဘက်တီးရီးယား ဒါမှမဟုတ် ဆဲလ်သေတွေရဲ့ အညစ်အကြေးတွေ စုပုံနေပြီလို့ ပြောတာပါ။ လျှာကို ပုံမှန်သန့်ရှင်းပေးသင့်ပါတယ်။ တကယ်လို့ ၁ ပတ်လောက်ကြာတဲ့အထိ မပျောက်သေးရင်တော့ သွားဆရာဝန်နှင့် ပြသင့်ပါတယ်။ ခံတွင်းကျန်းမာရေး ကောင်းမွန်တယ် ဆိုရင်တော့ လျှာကအပန်းရောင် ဖြစ်နေပါတယ်။

၇။ သွားပွတ်ကြိုးကို သုံးပါ။

ဘာအနံ့မှမရှိတဲ့ သွားပွတ်ကြိုးကို ယူပြီး သွားကြားတွေ၊ လျှာပေါ်တွေမှာ လိုက်ပွတ်ကြည့်ပါ။ ပြီးရင် နမ်းကြည့်ပါ။ ခံတွင်းအနံ့နံတယ် ဆိုတာကလည်း သွားကြားထဲမှာ ညှပ်နေတဲ့ အစာအကြွင်းအကျန်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၈။ သွားဆရာဝန်နဲ့ ပြပါ။

အသက်ရှုရင်မဝသလို ခံစားရတာမျိုးဖြစ်ဖြစ်၊ သွားကိုစစ်ဆေးတာပဲဖြစ်ဖြစ် တိကျမှန်ကန်တဲ့ သွားဆရာဝန်နားပြတာက အကောင်းဆုံးပါ။ ဆရာဝန်နားမှာ သင့်ပါးစပ်အတွင်း မတည်ငြိမ်တဲ့ ဆာလဖာဒြပ်ပေါင်း (VSC) အဆင့်ကို ဆုံးဖြတ်ပေးတဲ့ halimeter test ကို ပြုလုပ်နိုင်ပါတယ်။ မြင့်မားတဲ့အဆင့်ဆိုတာ သင့်အူသိမ်အူမ ဒါမှမဟုတ် ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ကြီးထွားလာခြင်းကို ဆိုလိုတာပါ။

ခံတွင်းနံ့ဆိုးရခြင်း အကြောင်းအရင်းများ

ခံတွင်းသန့်ရှင်းမှု နည်းပါးခြင်းက သွားဖုံးရောဂါနှင့် သွားတွေ ယိုယွင်းခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ သွားကိုမှန်မှန်နဲ့ နည်းစနစ်တကျမတိုက်ရင် ဒါမှမဟုတ် သွားတိုက်တံကို ၃ လကနေ ၄ လအထိ မပြောင်းရင် halitosis ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

ပြီးတော့လည်း ခံတွင်းနံ့ဆိုးခြင်းက အချို့သော ကျန်းမာရေး အခြေအနေတွေကို ညွှန်ပြနေပါသေးတယ်။အစားအသောက်ကလည်း အရေးကြီးပါတယ်။ ပရိုတင်းဓာတ်များပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားအသောက်တွေကို စားရင် “ကုလားအုတ်အသက်ရှုခြင်း” လို့ ခေါ်တဲ့ ရောဂါမျိုးဖြစ်နိုင်ပါတယ်။

လက်ခုပ်ထဲကို အာငွေ့မှုတ်ထည့်တာက တကယ်တော့ အလုပ်မဖြစ်ပါဘူး။

သင်ရဲ့လက်ခုပ်ထဲကို လေမှုတ်ထည့်လိုက်တာက သင့်မှာ ခံတွင်းနံ့ဆိုးခြင်း ရှိ၊မရှိ အတိအကျ မပြောနိုင်ပါဘူး။ အကြောင်းရင်းကတော့ အနံ့အသက်ဆိုးတွေက သင့်လျှာရဲ့နောက်က ထွက်လာတဲ့ ဓာတ်ငွေ့တွေဖြစ်ပြီး စကားပြောတဲ့အခါမှသာ အဲဒီအနံ့အသက်က ထွက်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments