ဝဋ်ဆိုတာ လည်တယ်

တခါတုန်းက အလွန်ရက်စက် ကြမ်းကြုတ်တဲ ဘုရင်တပါး ရှိတယ်။ တရက် မှာတော့ ဘုရင်ကြီးဟာ ရုတ်တရက်ပဲ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်တော့မယ်လို့ ကြေညာ လိုက်တယ်။

"ရက်စက် ကြမ်းကြုတ်မှုတွေ မရှိစေရဘူး၊ မတရားမှုတွေ မရှိစေရဘူး" လို့ ပြည်သူလူထုကို ကတိပေး လိုက်တယ်။ သူပြောခဲ့သလိုပဲ ကတိတည်စွာ နေထိုင်ခဲ့တယ်။ ဘုရင်ကြီးဟာ ကြီးမြတ်သော တရား မျှတသော ဧကရာဇ် ဖြစ်လာခဲ့တယ်။

ပြောင်းလဲခဲ့ပြီး လအတန် ကြာတော့ ဝန်ကြီးတဦးဟာ "အဘယ်ကြောင့် ဘုရင်ကြီးရဲ. စိတ်ထား ပြောင်းလဲသွား ရတာလဲ" ဆိုတာကို မေးမြန်းခဲ့တယ်။ ဘုရင်ကြီးက

"ငါတောနက် ထဲကို မြင်းကစုန်ပေါက် စီးပြီး ဝင်သွားတုန်းက မြေခွေး တကောင်ကို အမဲလိုက်ခွေး တကောင်က လိုက်ဖမ်း နေတာ တွေ့လိုက်တယ်။ မြေခွေးဟာ သူ့ရဲ့ မြေတွင်းထဲ ပြေးဝင် လွတ်မြောက် သွားတယ်။

ဒါပေမယ့် သူ့ခြေထောက် ကတော့ အမဲလိုက်ခွေးရဲ့ အကိုက်ခံ လိုက်ရလို့ တသက်လုံး ခြေဆာနေတော့မှာ။ ငါ သွားရင်းနဲ့ ရွာတရွာ ရောက်တော့ ခုနက အမဲလိုက်ခွေးက လူတယောက်ကို ဟောင်နေတာ တွေ့လိုက်တယ်။

အဲ့ဒီလူက ဒေါသ ထွက်ပြီး ကျောက်ခဲကြီးနဲ့ ပေါက်လိုက်တာ ခွေးခြေထောက် ကျိုးသွားတယ်။ ဘေးနားမှာ ရှိတဲ့ မြင်းက လန့်ပြီး ကန်လိုက်တာ ခုနက လူရဲ့ ဒူးကို ထိသွားပြီး ဒူးရိုးကျိုးပြီး လဲကျ သွားတယ်၊ သူလည်း တဘဝလုံး မသန်စွမ်း ဖြစ်တော့မှာပဲ။

မြင်းကလည်း ကန်ပြီး လန့်ပြေးတော့ တွင်းပေါက် တခုထဲ ခြေထောက် ဝင်သွားပြီး ခြေထောက် ကျိုးသွားတယ်။ အားလုံးကို ဆက်စပ် စဉ်းစားလိုက်ရင် သံသရာ လည်တာပါပဲ။

ငါ အရင်အတိုင်း ရက်စက် ကြမ်းကြုတ်မှုတွေ လုပ်နေရင် မတရားမှုတွေ လုပ်နေရင် ငါလည်း ပြန်ခံရမှာပဲ ဆိုတာ သဘောပေါက် သွားတယ်။ ဒါကြောင့် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာ" လို့

ဝန်ကြီးကလည်း ဒီအချိန်ဟာ ဘုရင်ကို နန်းချပြီး ကိုယ်တိုင် ဘုရင် လုပ်ရမယ့် အချိန်ဟု ယုံကြည်ပြီး ပြန်လာခဲ့တယ်။ သူစဉ်းစားရင်းနဲ့ ပြန်လာတော့ ရှေ့က အဆင်း လှေခါးထစ်တွေကို မမြင်တော့ပဲ လိမ့်ကျသွားကာ ဇက်ကျိုး သွားပါတော့တယ်။

ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာလိမ့်မည်။

Crd

Zawgyi

ဝဋ္ဆိုတာ လည္တယ္

တခါတုန္းက အလြန္ရက္စက္ ၾကမ္းၾကဳတ္တဲ ဘုရင္တပါး ရွိတယ္။ တရက္ မွာေတာ့ ဘုရင္ႀကီးဟာ ႐ုတ္တရက္ပဲ ျပဳျပင္ ေျပာင္းလဲ မႈေတြ လုပ္ေတာ့မယ္လို႔ ေၾကညာ လိုက္တယ္။

"ရက္စက္ ၾကမ္းၾကဳတ္မႈေတြ မရွိေစရဘူး၊ မတရားမႈေတြ မရွိေစရဘူး" လို႔ ျပည္သူလူထုကို ကတိေပး လိုက္တယ္။ သူေျပာခဲ့သလိုပဲ ကတိတည္စြာ ေနထိုင္ခဲ့တယ္။ ဘုရင္ႀကီးဟာ ႀကီးျမတ္ေသာ တရား မွ်တေသာ ဧကရာဇ္ ျဖစ္လာခဲ့တယ္။

ေျပာင္းလဲခဲ့ၿပီး လအတန္ ၾကာေတာ့ ဝန္ႀကီးတဦးဟာ "အဘယ္ေၾကာင့္ ဘုရင္ႀကီးရဲ. စိတ္ထား ေျပာင္းလဲသြား ရတာလဲ" ဆိုတာကို ေမးျမန္းခဲ့တယ္။ ဘုရင္ႀကီးက

"ငါေတာနက္ ထဲကို ျမင္းကစုန္ေပါက္ စီးၿပီး ဝင္သြားတုန္းက ေျမေခြး တေကာင္ကို အမဲလိုက္ေခြး တေကာင္က လိုက္ဖမ္း ေနတာ ေတြ႕လိုက္တယ္။ ေျမေခြးဟာ သူ႔ရဲ႕ ေျမတြင္းထဲ ေျပးဝင္ လြတ္ေျမာက္ သြားတယ္။

ဒါေပမယ့္ သူ႔ေျခေထာက္ ကေတာ့ အမဲလိုက္ေခြးရဲ႕ အကိုက္ခံ လိုက္ရလို႔ တသက္လုံး ေျခဆာေနေတာ့မွာ။ ငါ သြားရင္းနဲ႔ ႐ြာတ႐ြာ ေရာက္ေတာ့ ခုနက အမဲလိုက္ေခြးက လူတေယာက္ကို ေဟာင္ေနတာ ေတြ႕လိုက္တယ္။

အဲ့ဒီလူက ေဒါသ ထြက္ၿပီး ေက်ာက္ခဲႀကီးနဲ႔ ေပါက္လိုက္တာ ေခြးေျခေထာက္ က်ိဳးသြားတယ္။ ေဘးနားမွာ ရွိတဲ့ ျမင္းက လန႔္ၿပီး ကန္လိုက္တာ ခုနက လူရဲ႕ ဒူးကို ထိသြားၿပီး ဒူး႐ိုးက်ိဳးၿပီး လဲက် သြားတယ္၊ သူလည္း တဘဝလုံး မသန္စြမ္း ျဖစ္ေတာ့မွာပဲ။

ျမင္းကလည္း ကန္ၿပီး လန႔္ေျပးေတာ့ တြင္းေပါက္ တခုထဲ ေျခေထာက္ ဝင္သြားၿပီး ေျခေထာက္ က်ိဳးသြားတယ္။ အားလုံးကို ဆက္စပ္ စဥ္းစားလိုက္ရင္ သံသရာ လည္တာပါပဲ။

ငါ အရင္အတိုင္း ရက္စက္ ၾကမ္းၾကဳတ္မႈေတြ လုပ္ေနရင္ မတရားမႈေတြ လုပ္ေနရင္ ငါလည္း ျပန္ခံရမွာပဲ ဆိုတာ သေဘာေပါက္ သြားတယ္။ ဒါေၾကာင့္ ေျပာင္းလဲဖို႔ ဆုံးျဖတ္လိုက္တာ" လို႔

ဝန္ႀကီးကလည္း ဒီအခ်ိန္ဟာ ဘုရင္ကို နန္းခ်ၿပီး ကိုယ္တိုင္ ဘုရင္ လုပ္ရမယ့္ အခ်ိန္ဟု ယုံၾကည္ၿပီး ျပန္လာခဲ့တယ္။ သူစဥ္းစားရင္းနဲ႔ ျပန္လာေတာ့ ေရွ႕က အဆင္း ေလွခါးထစ္ေတြကို မျမင္ေတာ့ပဲ လိမ့္က်သြားကာ ဇက္က်ိဳး သြားပါေတာ့တယ္။

ကိုယ္ျပဳေသာကံ ကိုယ့္ထံ ျပန္လာလိမ့္မည္။

Crd

Post a Comment

0 Comments