ဘာဆက်လုပ်မှာလဲ

စက်ရုံကြီး တရုံ အကြီးအကျယ် မီး လောင်တယ်။ အမေရိကန် ဒေါ်လာ ၂၃ သန်း ဆုံးရှုံး ခဲ့တယ်။

စက်ရုံ ပိုင်ရှင်ကတော့ သူ့စက်ရုံ မီးလောင် နေတာကို မတ်တပ် ရပ်ပြီး ကြည့်နေတယ်။ ဘေးမှာ သူ့သားက ရပ်နေတယ်။ စက်ရုံပိုင်ရှင်က သူ့သားကို ပြောတယ်။

"သား မင်းအမေကို သွားခေါ်၊ ဒီလောက် ကြီးတဲ့ မီး မင်းတို့ ဘဝမှာ နောက်တခါ တွေ့ရတော့မှာ မဟုတ်ဘူး"

သားဖြစ်သူက "အဖေရယ် သားတို့ စက်ရုံ မီးလောင် နေတာလေ"

အဲဒီ စက်ရုံပိုင်ရှင်က ဘယ်သူလဲ သိပါသလား။ သောမတ်အက်ဒီစင် ပါ။ အဲဒီ အချိန်မှာ သူ့အသက်က ၆၇ နှစ် ရှိပါနေပြီ။

အက်ဒီစင်ကို ဘာဆက်လုပ်မလဲ လို့ သတင်းစာ သမားတွေက မေးပါတယ်။

သောမတ်အက်ဒီစင်က "ဟ ဘာလုပ် ရမလဲ၊ အသစ်က ပြန်စ ရမှာပေါ့" တဲ့။

ဒါကြောင့် အသက် ၆၇ နှစ် အရွယ်တောင် ရောက်နေမှ ဆုံးရှုံး ခဲ့ရတယ်။ သူ စိတ်ဓာတ် ကျသွားသလား။ No ပါ။ ပိုပြီးတောင် အောင်မြင်ခဲ့ ပါတယ်။

ဘဝမှာ တခါတလေ အိပ်မက် တွေဟာ သဲထဲ ရေသွန် သလို ဖြစ်တတ် ပါတယ်။ ဘဝကို ဖျက်စီးမယ့် သူတွေ ကတော့ ရှိနေမှာ ပါပဲ။

အောင်မြင်သူတွေက ဆုံးရှုံး သွားလည်း ငိုမနေဘူး၊ ဆက်ကြိုးစား ကြတယ်။ ခဲတံ ကျိုးရင် ဘာလုပ်မလဲ၊ ဆက်ချွန် ရမှာပေါ့။

Crd

Zawgyi

ဘာဆက္လုပ္မွာလဲ

စက္႐ုံႀကီး တ႐ုံ အႀကီးအက်ယ္ မီး ေလာင္တယ္။ အေမရိကန္ ေဒၚလာ ၂၃ သန္း ဆုံးရႈံး ခဲ့တယ္။

စက္႐ုံ ပိုင္ရွင္ကေတာ့ သူ႔စက္႐ုံ မီးေလာင္ ေနတာကို မတ္တပ္ ရပ္ၿပီး ၾကည့္ေနတယ္။ ေဘးမွာ သူ႔သားက ရပ္ေနတယ္။

စက္႐ုံပိုင္ရွင္က သူ႔သားကို ေျပာတယ္။

"သား မင္းအေမကို သြားေခၚ၊ ဒီေလာက္ ႀကီးတဲ့ မီး မင္းတို႔ ဘဝမွာ ေနာက္တခါ ေတြ႕ရေတာ့မွာ မဟုတ္ဘူး"

သားျဖစ္သူက "အေဖရယ္ သားတို႔ စက္႐ုံ မီးေလာင္ ေနတာေလ"

အဲဒီ စက္႐ုံပိုင္ရွင္က ဘယ္သူလဲ သိပါသလား။ ေသာမတ္အက္ဒီစင္ ပါ။ အဲဒီ အခ်ိန္မွာ သူ႔အသက္က ၆၇ ႏွစ္ ရွိပါေနၿပီ။

အက္ဒီစင္ကို ဘာဆက္လုပ္မလဲ လို႔ သတင္းစာ သမားေတြက ေမးပါတယ္။

ေသာမတ္အက္ဒီစင္က "ဟ ဘာလုပ္ ရမလဲ၊ အသစ္က ျပန္စ ရမွာေပါ့" တဲ့။

ဒါေၾကာင့္ အသက္ ၆၇ ႏွစ္ အ႐ြယ္ေတာင္ ေရာက္ေနမွ ဆုံးရႈံး ခဲ့ရတယ္။ သူ စိတ္ဓာတ္ က်သြားသလား။ No ပါ။ ပိုၿပီးေတာင္ ေအာင္ျမင္ ခဲ့ပါတယ္။

ဘဝမွာ တခါတေလ အိပ္မက္ ေတြဟာ သဲထဲ ေရသြန္ သလို ျဖစ္တတ္ ပါတယ္။ ဘဝကို ဖ်က္စီးမယ့္ သူေတြ ကေတာ့ ရွိေနမွာပါပဲ။

ေအာင္ျမင္သူေတြက ဆုံးရႈံးသြားလည္း ငိုမေနဘူး၊ ဆက္ႀကိဳးစား ၾကတယ္။ ခဲတံ က်ိဳးရင္ ဘာလုပ္မလဲ၊ ဆက္ခြၽန္ ရမွာေပါ့။

Crd

Post a Comment

0 Comments