ပညာရဲ့ တန်ဖိုး

တခါတုန်းက လူတယောက်ဟာ ကားမောင်းပြီး ခရီး သွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ပြင်ကြည့်တယ်။ မရဘူး။ ဆက်ပြင်တယ်။ ၁၅ မိနစ်၊ နာရီဝက်၊ တနာရီ မရဘူး။

လက်လျှော့ လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင် တခုကို ရှာပြီး ကားပြင် သမားကို ပြင်ခိုင်း လိုက်တယ်။ ကားပြင်သမားက ကားအဖုံး ဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။

၃ မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်း သွားတယ်။

"ဘယ်လောက် ကျသလဲ ကောင်လေး"

"၁၀၀၀၀ ကျပ် ကျပါတယ်"

"၃ မိနစ်ပဲ ပြင်ရတာကို ၁၀၀၀၀ က မများလွန်း ဘူးလားကွ"

"ဦးလေး ဘာအလုပ် လုပ်နေပါသလဲ"

"ဆရာဝန်"

"ဟုတ်ကဲ့ပါ ဆရာ။ ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက ၂၀၀ ကျပ်ဖိုး လောက်ပဲ တန်တဲ့ ဆေးအတွက် ၅၀၀၀ ကျပ် ယူတယ်မလား"

"ဟ အဲဒါက ဒီဆေး သောက်ရင် ဒီရောဂါ ပျောက်တယ် ဆိုတဲ့ ပညာကို သိအောင် လေ့လာ ခဲ့ရတာ နှစ်ပေါင်း များစွာ ကြာတယ်ကွ။ ဆေးဖိုးယူတာ မဟုတ်ဘူး၊ ပညာဖိုးကို ယူတာ"

"ဟုတ်ကဲ့။ ကျနော် ပြောချင်တဲ့ စကားကို ဆရာ ပြောပြီး နေပါပြီ။ ပျက်နေတဲ့ ကားတစီးကို ၃ မိနစ်နဲ့ ပြန်ကောင်း လာအောင် လုပ်တတ်တဲ့ပညာကို ကျနော်လည်း ၁၀ နှစ် မက လေ့လာ ခဲ့ရပါတယ် ဆရာ"

ကိုယ့်ပညာကိုလည်း လေးစားပါ၊ သူတပါးရဲ့ ပညာကိုလည်း လေးစားပါ။ အတတ် ပညာတိုင်းကို တန်ဖိုး ထားပါ။ အသိပညာ၊ အတတ်ပညာတို့ကို တတ်မြောက် ကြအောင် သင်ထားကြဖို့၊ တန်ဖိုးထားဖို့ တိုက်တွန်း ပေးနေတဲ့ ဥပမာလေးပါ။

Crd

phoomyatchal စောနွဲ့နေဆိုင် (ပူတာအို)

Zawgyi

ပညာရဲ့ တန္ဖိုး

တခါတုန္းက လူတေယာက္ဟာ ကားေမာင္းၿပီး ခရီး သြားတယ္။ လမ္းမွာ ကားပ်က္လို႔ ဆင္းၿပီး ကားကို ျပင္ၾကည့္တယ္။ မရဘူး။ ဆက္ျပင္တယ္။ ၁၅ မိနစ္၊ နာရီဝက္၊ တနာရီ မရဘူး။

လက္ေလွ်ာ့ လိုက္ၿပီး ကားဝပ္ေရွာ့ပ္ဆိုင္ တခုကို ရွာၿပီး ကားျပင္ သမားကို ျပင္ခိုင္း လိုက္တယ္။ ကားျပင္သမားက ကားအဖုံး ဖြင့္ၾကည့္ၿပီး လိုအပ္တာ ျပင္လိုက္တယ္။

၃ မိနစ္ပဲ ၾကာလိုက္တယ္။ ျပန္ေကာင္း သြားတယ္။

"ဘယ္ေလာက္ က်သလဲ ေကာင္ေလး"

"၁၀၀၀၀ က်ပ္ က်ပါတယ္"

"၃ မိနစ္ပဲ ျပင္ရတာကို ၁၀၀၀၀ က မမ်ားလြန္း ဘူးလားကြ"

"ဦးေလး ဘာအလုပ္ လုပ္ေနပါသလဲ"

"ဆရာဝန္"

"ဟုတ္ကဲ့ပါ ဆရာ။ ဆရာလည္း ေဆးခန္းကို ေရာက္လာတဲ့ လူနာေတြဆီက ၂၀၀ က်ပ္ဖိုး ေလာက္ပဲ တန္တဲ့ ေဆးအတြက္ ၅၀၀၀ က်ပ္ ယူတယ္မလား"

"ဟ အဲဒါက ဒီေဆး ေသာက္ရင္ ဒီေရာဂါ ေပ်ာက္တယ္ ဆိုတဲ့ ပညာကို သိေအာင္ ေလ့လာ ခဲ့ရတာ ႏွစ္ေပါင္း မ်ားစြာ ၾကာတယ္ကြ။ ေဆးဖိုးယူတာ မဟုတ္ဘူး၊ ပညာဖိုးကို ယူတာ"

"ဟုတ္ကဲ့။ က်ေနာ္ ေျပာခ်င္တဲ့ စကားကို ဆရာ ေျပာၿပီး ေနပါၿပီ။ ပ်က္ေနတဲ့ ကားတစီးကို ၃ မိနစ္နဲ႔ ျပန္ေကာင္း လာေအာင္ လုပ္တတ္တဲ့ပညာကို က်ေနာ္လည္း ၁၀ ႏွစ္ မက ေလ့လာ ခဲ့ရပါတယ္ ဆရာ"

ကိုယ့္ပညာကိုလည္း ေလးစားပါ၊ သူတပါးရဲ႕ ပညာကိုလည္း ေလးစားပါ။ အတတ္ ပညာတိုင္းကို တန္ဖိုး ထားပါ။ အသိပညာ၊ အတတ္ပညာတို႔ကို တတ္ေျမာက္ ၾကေအာင္ သင္ထားၾကဖို႔၊ တန္ဖိုးထားဖို႔ တိုက္တြန္း ေပးေနတဲ့ ဥပမာေလးပါ။

Crd

phoomyatchal ေစာႏြဲ႕ေနဆိုင္(ပူတာအို)

Post a Comment

0 Comments