သင့်အပေါ် အလေးထားသူ

တခါတုန်းက ဆိတ်တကောင်ဟာ မြည်းတကောင်ကို ကြိုက်မိ သွားတယ်။ မြည်းက ပြောတယ်။ "ငါ နင့်ကို ငေါက်တာ၊ ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကို တကယ် ချစ်လို့ပေါ့" တဲ့။

ဒီလိုနဲ့ ဆိတ်ဟာ မြည်းအလို ကို လိုက်ခဲ့တယ်၊ သည်းခံ ခဲ့တယ်။ မြည်း ငေါက်တာ၊ ကန်တာကို လက်ခံခဲ့တယ်။

ဒီလိုနဲ့ တနှစ်၊ နှစ်နှစ်၊ နောက်တော့ ၁၀ နှစ် အကြာမှာတော့ ဆိတ်ဟာ မြည်းကို ထားခဲ့လိုက် တော့တယ်။

ဆယ်နှစ်တောင် စွဲစွဲမြဲမြဲ ရှိခဲ့တာပဲ ဘာလို့ တသက်တာ အထိ မထိန်းထားသလဲ လို့ ဆိတ်ကို တချို့က မေးတော့ ဆိတ်က

"ဆယ်နှစ်တာ ကာလနဲ့ ငါ့ရဲ့ စစ်မှန်ခြင်းကို ငါ သက်သေ ပြခဲ့ပြီးပြီ။ အခု လက်ကျန် အချိန်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်" လို့ ပြောလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ စီးပွားရေးပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊ ဒါမှ မဟုတ် အိမ်ထောင်ရေးပဲ ဖြစ်ဖြစ် အရာအားလုံး အားလုံးက တန်ဖိုး ထားတတ်မှ ပိုင်ဆိုင်ဖို့ ထိုက်တန်တာပါ။

သင့်အလိုကို လိုက်လျောသူဟာ မစဉ်းစား မတွေးခေါ်တတ်သူ မဟုတ်ပါဘူး။ သင့်အနား မခွာရက် နိုင်သူပါ။ ဘာမဆို သင့်ကို လုပ်ခွင့် ပေးသူဟာ ငတုံး ငအ မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။

သင့်ကို နေကောင်းလား၊ ဘာလုပ်နေလဲ မကြာခဏ မေးသူဟာ ပြောစရာစကား မရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဂရုစိုက်သူပါ။

သင့်အပေါ် ကောင်းတာဟာ သင့်ကို ပေးဆပ်စရာ ရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဆွေမျိုးသားချင်းလို သဘောထား လို့ပါ။

စစ်မှန်သူ အချင်းချင်းက လျှောက်ရင်း လှမ်းရင်း ရင်ထဲ တိုးဝင် ကြတယ်။ ဟန်ဆောင်သူက လျှောက်ရင်း လျှောက်ရင်း မြင်ကွင်းကနေ ပျောက်ကွယ် သွားတယ်။

လူလူချင်း တွေ့ဆုံဖို့ အတွက် ကံတရား လိုပါတယ်။ လူလူချင်း ပေါင်းသင်း ဆက်ဆံဖို့ အတွက် ရိုးသား စစ်မှန်ခြင်း လိုပါတယ်။

Crd, PannNuHtwe

Zawgyi

သင့္အေပါ္ အေလးထားသူ

တခါတုန္းက ဆိတ္တေကာင္ဟာ ျမည္းတေကာင္ကို ႀကိဳက္မိ သြားတယ္။ ျမည္းက ေျပာတယ္။ "ငါ နင့္ကို ေငါက္တာ၊ ကန္တာ နင္ခံႏိုင္ရင္ နင္ ငါ့ကို တကယ္ ခ်စ္လို႔ေပါ့" တဲ့။

ဒီလိုနဲ႔ ဆိတ္ဟာ ျမည္းအလို ကို လိုက္ခဲ့တယ္၊ သည္းခံ ခဲ့တယ္။ ျမည္း ေငါက္တာ၊ ကန္တာကို လက္ခံခဲ့တယ္။

ဒီလိုနဲ႔ တႏွစ္၊ ႏွစ္ႏွစ္၊ ေနာက္ေတာ့ ၁၀ ႏွစ္ အၾကာမွာေတာ့ ဆိတ္ဟာ ျမည္းကို ထားခဲ့လိုက္ ေတာ့တယ္။

ဆယ္ႏွစ္ေတာင္ စြဲစြဲၿမဲၿမဲ ရွိခဲ့တာပဲ ဘာလို႔ တသက္တာ အထိ မထိန္းထားသလဲ လို႔ ဆိတ္ကို တခ်ိဳ႕က ေမးေတာ့ ဆိတ္က

"ဆယ္ႏွစ္တာ ကာလနဲ႔ ငါ့ရဲ႕ စစ္မွန္ျခင္းကို ငါ သက္ေသ ျပခဲ့ၿပီးၿပီ။ အခု လက္က်န္ အခ်ိန္နဲ႔ ငါ့ရဲ႕ ဂုဏ္သိကၡာကို ငါကာကြယ္ရမယ္" လို႔ ေျပာလိုက္ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ စီးပြားေရးပဲ ျဖစ္ျဖစ္၊ သူငယ္ခ်င္း၊ အခ်စ္၊ ဒါမွ မဟုတ္ အိမ္ေထာင္ေရးပဲ ျဖစ္ျဖစ္ အရာအားလုံး အားလုံးက တန္ဖိုး ထားတတ္မွ ပိုင္ဆိုင္ဖို႔ ထိုက္တန္တာပါ။

သင့္အလိုကို လိုက္ေလ်ာသူဟာ မစဥ္းစား မေတြးေခၚတတ္သူ မဟုတ္ပါဘူး။ သင့္အနား မခြာရက္ ႏိုင္သူပါ။ ဘာမဆို သင့္ကို လုပ္ခြင့္ ေပးသူဟာ ငတုံး ငအ မဟုတ္ပါဘူး။ သင့္ကို အေလးထားသူပါ။

သင့္ကို ေနေကာင္းလား၊ ဘာလုပ္ေနလဲ မၾကာခဏ ေမးသူဟာ ေျပာစရာစကား မရွိလို႔ မဟုတ္ပါဘူး။ သင့္ကို ဂ႐ုစိုက္သူပါ။

သင့္အေပၚ ေကာင္းတာဟာ သင့္ကို ေပးဆပ္စရာ ရွိလို႔ မဟုတ္ပါဘူး။ သင့္ကို ေဆြမ်ိဳးသားခ်င္းလို သေဘာထား လို႔ပါ။

စစ္မွန္သူ အခ်င္းခ်င္းက ေလွ်ာက္ရင္း လွမ္းရင္း ရင္ထဲ တိုးဝင္ ၾကတယ္။ ဟန္ေဆာင္သူက ေလွ်ာက္ရင္း ေလွ်ာက္ရင္း ျမင္ကြင္းကေန ေပ်ာက္ကြယ္ သြားတယ္။

လူလူခ်င္း ေတြ႕ဆုံဖို႔ အတြက္ ကံတရား လိုပါတယ္။ လူလူခ်င္း ေပါင္းသင္း ဆက္ဆံဖို႔ အတြက္ ႐ိုးသား စစ္မွန္ျခင္း လိုပါတယ္။

Crd, PannNuHtwe

Post a Comment

0 Comments