အမျိုးသမီးတိုင်းလိုလိုက အလှအပအတွက် ငွေတွေ၊ အချိန်တွေကို ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါပေမယ့် တချို့ အလှအပပစ္စည်းတွေက အသုံးမဝင်ဘဲ ငွေကုန်တဲ့ပစ္စည်းတွေ ဖြစ်နေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်လို အလှအပပစ္စည်းတွေက ငွေကုန်ပြီး အကျိုးမရှိတဲ့ ပစ္စည်းတွေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ Lip scrub
ဗူးသေးသေးလေးပဲပါတဲ့ lip scrubကို ငွေတွေအများကြီး ပေးရပါတယ်။ Lip scrubကို သုံးရင် နှုတ်ခမ်းသားက နူးညံ့ပြီး တင်းရင်းသွားမယ်လို့ ကုမ္ပဏီတွေက ကြော်ငြာကြပါတယ်။ ဒါပေမယ့် နှုတ်ခမ်းကို scrubနဲ့ ပွတ်တိုက်ပါများရင် ပွန်းလာမှာပါ။ Facial scrub ကို တစ်ပတ် ၂ ကြိမ်သုံးပေးရင် နှုတ်ခမ်းအတွက်လည်း scrubနဲ့ တိုက်ပြီးသားဖြစ်စေပါတယ်။
၂။ ဆံပင်ဖြူတာကို ကာကွယ်ပေးတဲ့ခေါင်းလျှော်ရည်
တချို့ကုမ္ပဏီတွေက သူတို့ထုတ်တဲ့ ခေါင်းလျှော်ရည်ကို သုံးရင် ဆံပင်မဖြူဘူး၊ ဆံပင်မကျွတ်ဘူးလို့ ကြော်ငြာကြပါတယ်။ တကယ်တော့ ဆံပင်ဖြူတာကို ဘယ်အရာကမှ တားဆီးလို့မရပါဘူး။ ကျန်းမာတဲ့ဆံပင်အတွက် အစားအသောက်နဲ့ ထိန်းသိမ်းမှုကောင်းဖို့ပဲ လိုပါတယ်။
၃။ BB cream, CC cream, DD cream
BB cream ဆိုတာက ဂျပန်ထုတ်ကုန်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ မျက်နှာအရောင်ညီမျှဖို့၊ အမာရွတ်တွေကို ဖုံးဖို့၊ အောက်ခံလိမ်းဖို့ ထုတ်လုပ်ထားတာပါ။ Blemish balm လို့ခေါ်တဲ့ BB cream က ဥရောပအမျိုးသမီးတွေကြား ရေပန်းစားလာပြီး ဈေးကွက်ပညာရှင်တွေက CC (color control) နဲ့DD cream (Daily Defense) ဆိုပြီး နှစ်မျိုးထပ်ထုတ်ပါတယ်။ အဲဒီသုံးမျိုးထဲက သင့်အသားအရေနဲ့ ကိုက်ညီတဲ့တစ်မျိုးကို ရွေးချယ်ပြီးသုံးလို့ရပါတယ်။
၄။ အကြောပြတ်ရာတွေကို ပျောက်စေတဲ့ cream နဲ့ lotion
အကြောပြတ်ရာတွေကို အမျိုးသမီးတိုင်း မုန်းကြပါတယ်။အကြောပြတ်ရာတွေကို ပျောက်စေတဲ့ cream နဲ့ lotion တွေကို ရောင်းချကြပေမယ့် လက်တွေ့မှာတော့ တကယ်မပျောက်ပါဘူး။ အဲဒီအစား ရေများသောက်ပြီး အသားအရေကို ကြည်လင်စေတဲ့ cream တွေကို ရွေးချယ်နိုင်ပါတယ်။
၅။ Eye cream
Eye cream အများစုက မျက်နှာလိမ်းcreamတွေနဲ့ အတူတူပါပဲ။ မျက်လုံးနားကိုလိမ်းမယ်ဆိုရင် ရနံ့မပါတဲ့ မျက်နှာလိမ်း cream ကို လိမ်းပေးလို့ရပါတယ်။
၆။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ cream
အရေးအကြောင်းတွေကို လုံးဝပျောက်သွားစေမယ့် cream ဆိုတာ မရှိပါဘူး။ Anti-aging cream တွေက အသားအရေကို ရေဓါတ်ဖြည့်ပေးနိုင်တာပဲရှိပါတယ်။ အရေးအကြောင်းတွေက ခွဲစိတ်မှုလုပ်မှပဲ ပျောက်နိုင်တာပါ။ အဲဒါကြောင့် anti-aging cream အစား ရေဓါတ်ဖြည့်ခရင်မ်တွေကို လိမ်းနိုင်ပါတယ်။
၇။ 2 in 1 ခေါင်းလျှော်ရည်
တကယ်တော့ 2 in 1 ခေါင်းလျှော်ရည်ဆိုတာ သာမန်ခေါင်းလျှော်ရည်ပါပဲ။ 2 in 1 ခေါင်းလျှော်ရည်နေရာမှာ ခေါင်းလျှော်ရည်နဲ့ conditioner ကို သုံးလို့ရပါတယ်။
၈။ Hair mask
ဆံပင်ကို ထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ခေါင်းလျှော်ရည်၊ conditioner နဲ့ hair mask ပါဝင်ပါတယ်။ Hair mask နဲ့ conditioner မှာကွာခြားတာလေးက တော့ hair mask မှာ active ingredients တွေ ပါဝင်တာပါ။ အဲအာကြောင့် hair mask ကို တစ်ပတ်နှစ်ကြိမ်ပဲ သုံးဖို့အကြံပေးကြတာပါ။ သင်က conditioner ကို ပုံမှန်သုံးနေသူဆိုရင် hair mask သုံးဖို့ မလိုပါဘူး။
၉။ လည်ပင်းက အရေးအကြောင်းတွေ ပျောက်စေတဲ့ cream
လည်ပင်းလိမ်း cream ဖြစ်တဲ့ Decollete cream ကို အမျိုးသမီး တော်တော်များများ သုံးကြပါတယ်။ Decollete cream ရဲ့ ပါဝင်ပစ္စည်းတွေက ကိုယ်လိမ်း body cream ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ အတူတူပါပဲ။ လည်ပင်းက အရေးအကြောင်းတွေ ပျောက်ချင်ရင် ခွဲစိတ်ပြုပြင်မှပဲ ရနိုင်ပါတယ်။ အဲဒါကြောင့် ရေဓါတ်ဖြည့်ပေးတဲ့ body cream ကို လည်ပင်းမှာ လိမ်းလည်းရပါတယ်။
၁၀။ ဆံပင်ကို ပြုပြင်ပေးတဲ့ ဆံပင်ဆိုးဆေး
ဆံပင်ဆိုးဆေးတွေက ဆံပင်ကို ပျက်စေပါတယ်။ အဲဒါကြောင့် conditioning effect ပါဝင်တဲ့ ဆံပင်ဆိုးဆေးဆိုပြီး ဈေးကွက်မှာ ရောင်းချကြပါတယ်။ အဲဒီအစား ဆံပင်ကို ဆေးဆိုးပြီး သေသေချာချာထိန်းသိမ်းရင် လုံလောက်ပါတယ်။
Zombie (lovemedia)
0 Comments