သင့်ခန္ဓာကိုယ်နဲ့လိုက်မယ့် အိတ်မျိုးကို ရွေးချယ်နည်း

ပြီးပြည့်စုံတဲ့ အလှအပကို ရဖို့အတွက် အဝတ်အစား၊ လက်ဝတ်တန်ဆာတွေနဲ့ အိတ်တွေကလည်း အရေးပါပါတယ်။ ကိုယ်က စတိုင်ကျကျ ဝတ်စားထားပေမယ့်လည်း အိတ်က ပုံစံမကျရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သင့်ခန္ဓာကိုယ်နဲ့လိုက်မယ့် အိတ်အမျိုးအစားကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

အရင်ဆုံး သင့်ခန္ဓာကိုယ် အချိုးအစားက ဘယ်လိုလဲ ဆိုတာကို ကြည့်လိုက်ရအောင်။

- သင့်တင်ပါးထက် ပခုံးကပိုကျယ်နေရင် သင့်မှာ ပြောင်းပြန်တြိဂံ ပုံသဏ္ဍာန် ရှိပါတယ်။

- သင့်ခါးနှင့် ပခုံးတွေက သင့်တင်ပါးထက် ကျဉ်းနေရင် သင့်ခန္ဓာကိုယ်ပုံစံဟာ သစ်တော်သီးပုံစံ ဖြစ်ပါတယ်။

- သင့်ပခုံး၊ ခါးနှင့် တင်ပါးတွေက အရွယ်အစား တူညီနေရင်တော့ သင်ဟာ စတုဂံပုံစံအမျိုးအစားဖြစ်ပါတယ်။

- သင့်ခါးက သင့်ပခုံးနှင့် တင်ပါးထက် ပိုကြီးနေရင်တော့ သင်က ပန်းသီးပုံသဏ္ဍာန် ဖြစ်ပါတယ်။

- သင့်ပခုံးနဲ့ တင်ပါးတွေက ပိုကျဉ်းတဲ့ခါးနဲ့ ဟန်ချက်ညီနေတယ် ဆိုရင်တော့ သင့်မှာ သဲနာရီမှန်ပုံသဏ္ဍာန် ရှိပါတယ်။

သင့်ရဲ့ခန္ဓာကိုယ်ကရော ဘယ်အမျိုးအစားထဲမှာ ပါဝင်ပါသလဲ။

လက်ကိုင်အိတ်ကို ရွေးချယ်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက်ပုံစံဖြစ်သင့်တယ်လို့ ဖက်ရှင်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၁။ သင့်ခန္ဓာကိုယ်က ပြောင်းပြန်တြိဂံ ပုံသဏ္ဍာန်ရှိရင် သေသပ်လှပတဲ့ ပုံစံလေးဖြစ်ဖို့ ခါးနားထိရောက်တဲ့ အိတ်ပုံစံမျိုးကို လွယ်သင့်ပါတယ်။ သင့်အတွက် စဉ်းစားရမယ့်အချက်ကတော့ ကြိုးတွေရဲ့ အလျားနှင့် အနံပဲဖြစ်ပါတယ်။ အရမ်းကြီးလွန်းတဲ့ ကြိုးကြီးတွေ၊ သေးငယ်လွန်းတဲ့ ဒါမှမဟုတ် အရွယ်အစားကြီးတဲ့ ပခုံးလွယ်အိတ်တွေကို မသုံးသင့်ပါဘူး။

crossbody အိတ်တွေ၊ ခါးပတ်အိတ်တွေ၊ ကြိုးရှည်လက်ကိုင်အိတ်တွေနှင့် clutches တွေကိုစမ်းသုံးကြည့်ပါ။

၂။ စတုဂံပုံစံအမျိုးအစားဖြစ်ပါက သင့်ရဲ့ ခန္ဓာကိုယ်ကို ပုံပေါ်စေဖို့အတွက် သင့်တင်ပါး တစ်ဝိုက်နားထိ ကြီးတဲ့ အိတ်ကို သုံးသင့်ပါတယ်။ ပျော့ပျောင်းတဲ့သားရေနှင့် အရွယ်အစားကြီးတဲ့ လက်ကိုင်အိတ်တွေကို ရွေးချယ်ပါ။

၃။ သစ်တော်သီးပုံစံ ဖြစ်ပါက ခါးနားထိရောက်တဲ့ အိတ်မျိုးတွေကို မလွယ်သင့်ပါဘူး။ ဒါကြောင့် ပခုံးနဲ့ ရင်ဘတ်နားထိသာရောက်တဲ့ အိတ်မျိုးကိုပဲ လွယ်သင့်ပါတယ်။ ဒီလိုလွယ်ရင် အိတ်ရဲ့ကြိုးအရှည်ကို သတိထားသင့်ပါတယ်။

အိတ်ကို ခါးနားထိရောက်အောင် ကြိုးကို မရှည်ထားသင့်ပါဘူး။ ရင်ဘတ်နားထိပဲရောက်တဲ့ အိတ်တွေကိုပဲ ရွေးချယ်ပါ။

၄။ ပန်းသီးပုံသဏ္ဍာန်ရှိရင် သင့်ခန္ဓာကိုယ်ကို ကောက်ကြောင်းတွေ ရှိတယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးယူရပါမယ်။ သင်ရွေးချယ်လိုက်တဲ့ လက်ကိုင်အိတ်ရဲ့ အရွယ်အစားနှင့် ဒီဇိုင်းဟာ အကုန်လုံးနဲ့ ကွဲထွက်နေရပါမယ်။ ဒါကြောင့် အိတ်သေးသေးလေးတွေကို မလွယ်သင့်ပါဘူး။

မာကျောတဲ့ သားရေအိတ် လက်ကိုင်အိတ်တွေဟာ သင့်အတွက် သင့်တော်ပါတယ်။

၅။ သဲနာရီမှန်ပုံသဏ္ဍာန် ရှိရင် ဒီလိုခန္ဓာကိုယ် အချိုးအစားဟာ အားလုံးထဲမှာ အလှဆုံး ဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားရင်တော့ သင်ကံအကောင်းဆုံးပဲ ဖြစ်ပါတယ်။ လက်ကိုင်အိတ် ရွေးချယ်မှုတွေနှင့် သင့်ခန္ဓာကိုယ်ကြားမှာ အတားအဆီးမရှိပါဘူး။

ဒါပေမယ့် သင့်ရဲ့အလှကို မဖုံးကွယ်နိုင်မယ့် အိတ်တွေကိုသာ ရွေးချယ်သင့်ပါတယ်။ ရိုးရှင်းတဲ့ ဝတ်စုံလေးတွေကိုဝတ်ပြီး အဝတ်အစားနဲ့လိုက်မယ့် အိတ်အရောင်လေးတွေကိုသာ အသုံးပြုပါ။

Zombie (lovemedia)

Post a Comment

0 Comments