ယုံကြည်ချက်

၁၉၅၀ ခုနှစ်မှာ တက္ကသိုလ် ပါမောက္ခ ကာ့တ်ရစ်ခ်ျတာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တဦးဟာ စက်ဆုပ်ဖွယ် ကောင်းတဲ့ စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့တယ်။

သူက ကြွက် ၁၂ ကောင်ကို ရေတဝက် ထည့်ထားတဲ့ ဖန်ခွက်ရှည် တွေထဲကို ထည့်လိုက်တယ်။ အဲဒီ ဖန်ခွက်ရှည်တွေက ကြွက်တွေ ကုတ်ကပ်တက်လို့ မရအောင် ရှည်လျားသလို ခုန်ထွက် လို့လည်း မရနိုင်‌အောင် စီမံ ထားတယ်။

၁၅ မိနစ် ဝန်းကျင် ကြာတဲ့ အခါမှာ ကြွက်တွေဟာ ခြေကုန် လက်ပန်း ကျပြီး ရေနစ် သေဆုံးကုန် ကြတယ်။ သာမာန် အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ၁၅ မိနစ် ကြာတယ် ပြောရမှာပေါ့။

နောက်တသုတ် စမ်းသပ်ရာ မှာတော့ ရစ်ခ်ျတာက ဗျူဟာတခုကို ထပ်လုပ်ကြည့် လိုက်တယ်။ ဒီတခေါက်တော့ သူဟာ ကြွက်တွေ လက်ပန်း မကျခင် အချိန်လောက်မှာ သူတို့အားလုံးကို ဖန်ခွက်ထဲ ကနေ ဆယ်ထုတ် လိုက်တယ်။

ခြောက်သွေ့စေတယ်။ မိနစ်အနည်းငယ်လောက် အနားပေး လိုက်တယ်။ အဲဒီနောက်တော့ စောစောက အတိုင်း ရေတဝက် ဖြည့်ထားတဲ့ ဖန်ခွက်ထဲကို တဖန် ပြန်ပြီးထည့်လိုက်တယ်။

အဲဒီ ဒုတိယ အခေါက်မှာ ကြွက်တွေ ဘယ်လောက် ကြာကြာ တောင့်ခံ နိုင်မယ်လို့ မိတ်ဆွေ ထင်ပါသလဲ။ နောက်ထပ် ၁၅ မိနစ်လား။ ၁၀ မိနစ်လား။ ၃ မိနစ်လား။ အဲဒီလို ထင်ရင်တော့ မိတ်ဆွေ မှားပြီလို့ပဲ ပြောချင်ပါတယ်။

ကြွက်တွေဟာ နာရီ ၆၀ ကြာအောင် ဆက်ပြီး ရုန်းကန် ကူးခတ်နေ ကြပါတယ်။ နာရီ ၆၀ ပါ။ အဲဒီ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကြွက်တွေဟာ တချိန်ချိန်မှာ သူတို့ကို လာပြီး ကယ်ဆယ်လိမ့်မယ်၊ သူတို့ဟာ တချိန်မှာ အသက်ရှင် ကျန်နေမယ် ဆိုပြီး ယုံကြည်သွား ကြပါတယ်။

အဲဒီ ယုံကြည်ချက်ဟာ ၁၅ မိနစ်သာ ရေကူးနိုင်တဲ့ ကြွက်တွေကို အဆပေါင်း ၂၄၀ အထိ ပိုပြီးခံနိုင်ရည် ရှိသွားစေပါတယ်။ အဲဒီအထဲက ကြွက်တကောင် ဆိုရင် ၈၁ နာရီ အထိ ရုန်းကန် ရှင်သန်သွားတယ် လို့တောင် ဆိုပါတယ်။

ဆိုလိုတာက ကိစ္စတခုမှာ ကျွန်တော်တို့ ရုန်းကန် နေရချိန် တိုင်းမှာ ကျွန်တော်တို့ အတွက် ယုံကြည်ချက်ဟာ သိပ်ကို အရေးပါတယ်။ ကြွက်ဆိုတဲ့ တိရစ္ဆာန်တောင် ယုံကြည်ချက် တခု ရှိလာရင် အဆပေါင်း ၂၄၀ ထိ တောင့်ခံ နိုင်သေးရင်

အသိဉာဏ်ရှိတဲ့ ကျွန်တော်တို့ မှာသာ တကယ်တမ်း ယုံကြည်ချက် ရှိနေခဲ့ရင် ကြုံတွေ့လာသမျှ အခက်အခဲတွေဟာ တချိန်မှာ မုချ လွန်မြောက်လာမယ်၊ မုချ အောင်မြင်မယ်၊ မုချလွန်မြောက်မယ် ဆိုတဲ့ Hope and optimism ဟာ အောင်မြင်မှု တခုအတွက် အင်မတန်မှ အရေးကြီးတယ် ဆိုတာ ပြောချင်တာပါ။

ဒါကြောင့် အားမလျှော့ပါနဲ့။ တောင့်ထားကြပါ။ ယုံကြည်ချက်ကို မစွန့်လွှတ်ကြ စတမ်းပေါ့လေ။ တခုပဲ၊ ကြွက်တွေ ရေကူးနေသလို ကျွန်တော်တို့ ရုန်းကန် နေဖို့တော့ လိုတာပေါ့ဗျာ။

Crd

Zawgyi

ယုံၾကည္ခ်က္

၁၉၅၀ ခုႏွစ္မွာ တကၠသိုလ္ ပါေမာကၡ ကာ့တ္ရစ္ခ္်တာ Curt Richter ဆိုတဲ့ ပုဂၢိဳလ္တဦးဟာ စက္ဆုပ္ဖြယ္ ေကာင္းတဲ့ စမ္းသပ္မႈ တခုကို ျပဳလုပ္ခဲ့တယ္။

သူက ႂကြက္ ၁၂ ေကာင္ကို ေရတဝက္ ထည့္ထားတဲ့ ဖန္ခြက္ရွည္ ေတြထဲကို ထည့္လိုက္တယ္။ အဲဒီ ဖန္ခြက္ရွည္ေတြက ႂကြက္ေတြ ကုတ္ကပ္တက္လို႔ မရေအာင္ ရွည္လ်ားသလို ခုန္ထြက္ လို႔လည္း မရႏိုင္‌ေအာင္ စီမံ ထားတယ္။

၁၅ မိနစ္ ဝန္းက်င္ ၾကာတဲ့ အခါမွာ ႂကြက္ေတြဟာ ေျခကုန္ လက္ပန္း က်ၿပီး ေရနစ္ ေသဆုံးကုန္ ၾကတယ္။ သာမာန္ အားျဖင့္ ႂကြက္ေတြဟာ ေသေဘးကေန လြတ္လိုေဇာနဲ႔ ႐ုန္းကန္ႏိုင္စြမ္းက ၁၅ မိနစ္ ၾကာတယ္ ေျပာရမွာေပါ့။

ေနာက္တသုတ္ စမ္းသပ္ရာ မွာေတာ့ ရစ္ခ္်တာက ဗ်ဴဟာတခုကို ထပ္လုပ္ၾကည့္ လိုက္တယ္။ ဒီတေခါက္ေတာ့ သူဟာ ႂကြက္ေတြ လက္ပန္း မက်ခင္ အခ်ိန္ေလာက္မွာ သူတို႔အားလုံးကို ဖန္ခြက္ထဲ ကေန ဆယ္ထုတ္ လိုက္တယ္။

ေျခာက္ေသြ႕ေစတယ္။ မိနစ္အနည္းငယ္ေလာက္ အနားေပး လိုက္တယ္။ အဲဒီေနာက္ေတာ့ ေစာေစာက အတိုင္း ေရတဝက္ ျဖည့္ထားတဲ့ ဖန္ခြက္ထဲကို တဖန္ ျပန္ၿပီးထည့္လိုက္တယ္။

အဲဒီ ဒုတိယ အေခါက္မွာ ႂကြက္ေတြ ဘယ္ေလာက္ ၾကာၾကာ ေတာင့္ခံ ႏိုင္မယ္လို႔ မိတ္ေဆြ ထင္ပါသလဲ။ ေနာက္ထပ္ ၁၅ မိနစ္လား။ ၁၀ မိနစ္လား။ ၃ မိနစ္လား။ အဲဒီလို ထင္ရင္ေတာ့ မိတ္ေဆြ မွားၿပီလို႔ပဲ ေျပာခ်င္ပါတယ္။

ႂကြက္ေတြဟာ နာရီ ၆၀ ၾကာေအာင္ ဆက္ၿပီး ႐ုန္းကန္ ကူးခတ္ေန ၾကပါတယ္။ နာရီ ၆၀ ပါ။ အဲဒီ အျဖစ္အပ်က္ကို ၾကည့္မယ္ဆိုရင္ ႂကြက္ေတြဟာ တခ်ိန္ခ်ိန္မွာ သူတို႔ကို လာၿပီး ကယ္ဆယ္လိမ့္မယ္၊ သူတို႔ဟာ တခ်ိန္မွာ အသက္ရွင္ က်န္ေနမယ္ ဆိုၿပီး ယုံၾကည္သြား ၾကပါတယ္။

အဲဒီ ယုံၾကည္ခ်က္ဟာ ၁၅ မိနစ္သာ ေရကူးႏိုင္တဲ့ ႂကြက္ေတြကို အဆေပါင္း ၂၄၀ အထိ ပိုၿပီးခံႏိုင္ရည္ ရွိသြားေစပါတယ္။ အဲဒီအထဲက ႂကြက္တေကာင္ ဆိုရင္ ၈၁ နာရီ အထိ ႐ုန္းကန္ ရွင္သန္သြားတယ္ လို႔ေတာင္ ဆိုပါတယ္။

ဆိုလိုတာက ကိစၥတခုမွာ ကြၽန္ေတာ္တို႔ ႐ုန္းကန္ ေနရခ်ိန္ တိုင္းမွာ ကြၽန္ေတာ္တို႔ အတြက္ ယုံၾကည္ခ်က္ဟာ သိပ္ကို အေရးပါတယ္။ ႂကြက္ဆိုတဲ့ တိရစာၦန္ေတာင္ ယုံၾကည္ခ်က္ တခု ရွိလာရင္ အဆေပါင္း ၂၄၀ ထိ ေတာင့္ခံ ႏိုင္ေသးရင္

အသိဉာဏ္ရွိတဲ့ ကြၽန္ေတာ္တို႔ မွာသာ တကယ္တမ္း ယုံၾကည္ခ်က္ ရွိေနခဲ့ရင္ ႀကဳံေတြ႕လာသမွ် အခက္အခဲေတြဟာ တခ်ိန္မွာ မုခ် လြန္ေျမာက္လာမယ္၊ မုခ် ေအာင္ျမင္မယ္၊ မုခ်လြန္ေျမာက္မယ္ ဆိုတဲ့ Hope and optimism ဟာ ေအာင္ျမင္မႈ တခုအတြက္ အင္မတန္မွ အေရးႀကီးတယ္ ဆိုတာ ေျပာခ်င္တာပါ။

ဒါေၾကာင့္ အားမေလွ်ာ့ပါနဲ႔။ ေတာင့္ထားၾကပါ။ ယုံၾကည္ခ်က္ကို မစြန႔္လႊတ္ၾက စတမ္းေပါ့ေလ။ တခုပဲ၊ ႂကြက္ေတြ ေရကူးေနသလို ကြၽန္ေတာ္တို႔ ႐ုန္းကန္ ေနဖို႔ေတာ့ လိုတာေပါ့ဗ်ာ။

Crd

Post a Comment

0 Comments