တစ်ယောက်ယောက်ကို ထိလိုက်တိုင်း ဓာတ်လိုက်သလိုခံစားရတဲ့ အကြောင်းအရင်း

လူ့ခန္ဓာကိုယ်က အရမ်းဆန်းကြယ်ပါတယ်။ တစ်ခါတစ်လေမှာ အခြားအရာဝတ္ထုတွေကို ထိလိုက်တိုင်း လျှပ်စစ်စီးဆင်းသွားတွေ ရှိပါတယ်။ သင်တစ်ယောက်ယောက်နဲ့ထိမိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အရာဝတ္တုတွေကို ထိမိတဲ့အချိန်မှာ ကျဉ်သွား၊ ဓာတ်လိုက်သွားတာကို ခံစားဖူးပါသလား။ ဒါဆိုရင် ဘာကြောင့်ဒီလိုတွေ ဓာတ်လိုက်ရသလဲဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

ခန္ဓာကိုယ်က အက်တမ်တွေမှာ စွမ်းအင်တွေရှိပါတယ်။

လူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို အက်တမ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း ပရိုတွန်၊ အီလက်ထရွန်နှင့် နျူထရွန်ဆိုတဲ့ အက်တမ်တွေရှိပါတယ်။ သူတို့မှာ positive, negativeနှင့် neutral chargeဆိုတဲ့ စွမ်းအင်တွေရှိပါတယ်။

အက်တမ်တွေက ပုံမှန်ဆိုရင် တည်ငြိမ်နေတတ်ပေမယ့် တစ်ခါတစ်လေမှာ တခြားအရာဝထ္တုတွေကို ဓာတ်ကူးသွားတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ပုခုံးကို ပုတ်လိုက်တာပဲဖြစ်ဖြစ်၊ လက်ဆွဲနှုတ်ဆက်လိုက်တာပဲဖြစ်ဖြစ် ဒီအက်တမ်တွေက ကူးပြောင်းသွားနိုင်ပါတယ်။

negativeစွမ်းအင်တွေ ဟန်ချက်ပျက်သွားတဲ့အခါ တည်ငြိမ်လျှပ်စစ်ဓာတ်တွေ ဖြစ်ပေါ်လာပါတယ်။

အီလက်ထရွန်နှင့် ပရိုတွန်တွေကြား ဟန်ချက်မညီခြင်းတွေ ဖြစ်ပေါ်လာတဲ့အခါ စွမ်းအင်မညီမျှမှုတွေဖြစ်ပေါ်လာပါတယ်။ ဒါကို သိပ္ပံပညာရှင်တွေက တည်ငြိမ်လျှပ်စစ်လို့ ရည်ညွှန်းကြပါတယ်။ ဒီတည်ငြိမ်လျှပ်စစ်ကိုလည်း ကိုယ်တိုင်ဖန်တီးတာပါ။ သင့်ဆံပင်နဲ့ ပူစီဖောင်းကို ပွတ်ရင်လည်း အီလက်ထရွန်တွေရဲ့ လုပ်ငန်းစဉ်တွေကို ကောက်ကွေးသွားစေနိုင်ပါတယ်။

ဒါကြောင့် အချိန်ခဏလောက်ကြာရင် တစ်စုံတစ်ခုကို ထိလိုက်တိုင်း ဓာတ်လိုက်တယ်လို့ သင်ခံစားရနိုင်ပါတယ်။ ဒါတွေဟာ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားနေတဲ့ အီလက်ထရွန်တွေကြောင့်ဖြစ်ပြီး ဟန်ချက်ပြန်ရဖို့ ကြိုးစားနေကြတာကြောင့်ပဲဖြစ်ပါတယ်။

ရာသီဥတုကအေးပြီး ခြောက်သွေ့တဲ့အခါ လျှပ်စစ်ရှော့ခ်လေးတွေက ပိုအဖြစ်များပါတယ်။

ဆောင်းရာသီ ဒါမှမဟုတ် ရာသီဥတု ခြောက်သွေ့ပြီး အေးနေတဲ့အချိန်မှာ တည်ငြိမ်လျှပ်စစ်ဟာ ခဏခဏဖြစ်တတ်ပါတယ်။ စိုစွတ်နေတဲ့လေမှာ စိုထိုင်းဆနည်းနေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို လျှပ်ကူးပစ္စည်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။

နောက်ပိုင်းမှာလည်း စိုထိုင်းဆမရှိခြင်းက အချို့သော မျက်နှာပြင်တွေကို ကိုင်တွယ်ခြင်း သို့မဟုတ် ထိမိတဲ့အချိန်မှာ မကြာခဏ လျှပ်စစ်ထုတ်လွှတ်မှု ဖြစ်စေနိုင်ပါတယ်။

လူ့ခန္ဓာကိုယ်မှာလည်း တခြားအရာတွေကို လျှပ်စစ်ကူးစေနိုင်တဲ့ ဓာတ်တွေရှိတယ်

သင်သိထားပြီးဖြစ်တဲ့အတိုင်း သတ္တုတွေက လျှပ်စစ်ဓာတ်အားရဲ့ အဓိက လျှပ်ကူးပစ္စည်းပဲဖြစ်ပါတယ်။ သူတို့က လျှပ်စစ်ကို အရမ်းဆွဲငင်နိုင်တာကြောင့် မီးကြိုးတွေ၊ ဓာတ်ကြိုးတွေမှာ အသုံးပြုကြပါတယ်။ ပြီးတော့ လျှပ်ကူးနိုင်မှု အဆင့်နိမ့်တဲ့ polyester လိုမျိုး အမျှင်တွေလည်းရှိပါသေးတယ်။ သူတို့က

လျှပ်စစ်ဓာတ်အား လှိုင်းတွေ ရုတ်တရက် ပို့ပေးတာပဲဖြစ်ဖြစ်၊ လက်ခံရရှိတဲ့အခါမှာပဲဖြစ်ဖြစ် တစ်နေရာကနေ တစ်နေရာကို လျှင်မြန်စွာ ကူးသန်းသွားလာနိုင်ပါတယ်။ပရိဘောဂနှင့် အဝတ်အထည်တွေအပါအဝင် နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ပစ္စည်းတိုင်းမှာ Polyester ကို တွေ့နိုင်ပါတယ်။

ဒီလို ဓာတ်လိုက်တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

သင်က ဒီလိုမျိုး ခဏခဏခံစားနေရတယ်ဆိုရင်တော့ ကြာရင်အနှောင့်အယှက်ဖြစ်လာမှာပါ။ ဒါကြောင့် ဓာတ်လိုက်တာမျိုး မဖြစ်အောင် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

- ကြမ်းပြင်အညီတွေပေါ် လမ်းလျှောက်တဲ့အခါ ရာဘာဖိနပ်ကို မစီးပါနဲ့။

- သင်နေထိုင်တဲ့ အခန်းက အရမ်းအေးပြီး ခြောက်သွေ့နေတယ်လို့ ခံစားရရင် စိုစွတ်အောင်လုပ်ပါ။

- ချည်သားနဲ့ ပြုလုပ်ထားတဲ့အဝတ်တွေကိုသာ အသုံးပြုပါ။

- သင့်အသားအရေကို အစိုဓာတ်ထိန်းထားပါ။

- ဒီလို ဓာတ်လိုက်တာကနေ ကာကွယ်ပေးတဲ့ ဓာတ်ငြိမ်ဆန့်ကျင်ပစ္စည်းတွေလည်း ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments