အထင်နဲ့အမြင်

တခါတုန်းက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတယောက် အိမ်ပြောင်း လာတယ်။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲ နုံချာတဲ့ မိသားစုလေး တစု ရှိပါတယ်။ မုဆိုးမ တယောက်နဲ့ သူ့ကလေး နှစ်ယောက်ပေါ့။

အပျိုကြီးက "မတတ်နိုင်ဘူးလေ ဒီနေရာ ရောက်မှတော့ ဒီလို လူမျိုးတွေနဲ့ ပတ်သတ်ရ ဦးမှာပေါ့" လို့ သူ့ဘာသာ တွေးပြီး စိတ်ပျက် သွားမိတယ်။ အဲဒီည မှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။

မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို သူ့ဖယောင်းတိုင်ထုပ်ကို လိုက်ရှာတာပေါ့။ ခဏနေတော့ သူရှာတွေ့သွားတယ်။ တွေ့ပြီးတော့ သိပ်မကြာပါဘူး တစုံတယောက်က သူ့အိမ်တံခါး လာခေါက် တာကို ကြားလိုက်မိတယ်။၏

တံခါးဖွင့် ကြည့်တော့ ဘေးအိမ်က ကလေးငယ် တယောက်က စိတ်လှုပ်ရှားတဲ့ အသံနဲ့ "အန်တီ အန်တီတို့ အိမ်မှာ ဖယောင်းတိုင် ရှိလား" လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင် ပါလားနော်။ ဒါပေမယ့် ခဏခဏ လာတောင်းနေမှာ စိုးရတယ်။ ပေးလို့ မဖြစ်ဘူး" လို့ တွေးပြီး "မရှိဘူး" လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး "ထင်သားပဲ အန်တီက အခုမှ အိမ်ပြောင်း လာတာ ဆိုတော့ ဖယောင်းတိုင် မပါလောက် ဘူး ဆိုပြီး မှောင်မဲမဲ ထဲမှာ အန်တီ ကြောက်နေမှာ စိုးလို သမီးက ဖယောင်းတိုင် လာပို့တာ" လို့ ပြောပြီး အဖာတွေ ထပ်နေတဲ့အင်္ကျီအိတ်ထဲက ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး ဘာမှ ပြန်မပြော နိုင်အောင် ဆွံ့အ သွားခဲ့တယ်။ ကိုယ့်ထက်သာ မနာလို၊ ကိုယ့်ထက် နိမ့်ပါးသူအား နိမ့်ချ ဆက်ဆံသူ အဖို့ကတော့ အထင်နဲ့ လက်တွေ့ အမြင်ဟာ လွဲချော် နေမှာပါ။

လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့ အရေးကြီးတယ်။ ငွေချမ်းသာ ဖို့ထက် စိတ်စေတနာ ချမ်းသာဖို့ အရေးကြီးတယ်။ ချမ်းသာပေမယ့် ယူသောလက် ဖြစ်နေတတ်တယ်။ ဆင်းရဲပေမယ့် ပေးသောလက်လည်း ဖြစ်နိုင်တယ်။ ပေးသောလက် ဖြစ်ဖို့ ငွေချမ်းသာဖို့မလိုဘူး၊ မြင့်မြတ်တဲ့ စိတ်ထား ရှိဖို့သာ လိုပါတယ်။

မြင့်မြတ်သောစိတ် အသိဉာဏ်ပညာ မပါပဲ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာသူ တချို့မှာ ကိုယ်ချင်းစာ တရားတွေ ခေါင်းပါး လာကြတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ် လာကြတယ်။ သံသယ မျက်လုံးတွေနဲ့ ကြည့်တတ် လာကြတယ်။ လူသား အချင်းချင်း ပုံမှန် ဆက်ဆံရေးတွေ ကွယ်ပျောက် လာကြတယ်။

ကျွန်တော်တို့ နေနေတဲ့ လူပတ်ဝန်းကျင်ကြီးက ငွေရှိမှ လူရာဝင် ငွေမရှိလို့ ကတော့ အသက်ရှူတာတောင် အပစ်မလွတ်ဘူး။ စားနိုင် သောက်နိုင်သူကို ပိုကျွေးချင် ကြပြီး ငတ်ပြတ်နေတဲ့ သူကိုတော့ စေတနာ မထားတတ် ကြတာ သဘာဝလို ဖြစ်နေကြပါပြီ။ လူတိုင်းတော့ မဟုတ်ပါဘူး။

Crd

Zawgyi

အထင္နဲ႔အျမင္

တခါတုန္းက ဆင္းရဲသားရပ္ကြက္ ထဲကို အပ်ိဳႀကီးတေယာက္ အိမ္ေျပာင္း လာတယ္။ သူေျပာင္းလာတဲ့ အိမ္ေဘး ကပ္ရပ္မွာ ဆင္းရဲ ႏုံခ်ာတဲ့ မိသားစုေလး တစု ရွိပါတယ္။ မုဆိုးမ တေယာက္နဲ႔ သူ႔ကေလး ႏွစ္ေယာက္ေပါ့။

အပ်ိဳႀကီးက "မတတ္ႏိုင္ဘူးေလ ဒီေနရာ ေရာက္မွေတာ့ ဒီလို လူမ်ိဳးေတြနဲ႔ ပတ္သတ္ရ ဦးမွာေပါ့" လို႔ သူ႔ဘာသာ ေတြးၿပီး စိတ္ပ်က္ သြားမိတယ္။ အဲဒီည မွာပဲ ထုံးစံအတိုင္း ရပ္ကြက္မီးက ႐ုတ္တရက္ ပ်က္သြားခဲ့တယ္။

မီးပ်က္ေတာ့ အမ်ိဳးသမီးက ဖေယာင္းတိုင္ထြန္းဖို သူ႔ဖေယာင္းတိုင္ထုပ္ကို လိုက္ရွာတာေပါ့။ ခဏေနေတာ့ သူရွာေတြ႕သြားတယ္။ ေတြ႕ၿပီးေတာ့ သိပ္မၾကာပါဘူး တစုံတေယာက္က သူ႔အိမ္တံခါး လာေခါက္ တာကို ၾကားလိုက္မိတယ္။၏

တံခါးဖြင့္ ၾကည့္ေတာ့ ေဘးအိမ္က ကေလးငယ္ တေယာက္က စိတ္လႈပ္ရွားတဲ့ အသံနဲ႔ "အန္တီ အန္တီတို႔ အိမ္မွာ ဖေယာင္းတိုင္ ရွိလား" လို႔ ေမးလိုက္တယ္။

အမ်ိဳးသမီးက "အင္း ဆင္းရဲလြန္းလို႔ ဖေယာင္းတိုင္ေတာင္ မဝယ္ႏိုင္ ပါလားေနာ္။ ဒါေပမယ့္ ခဏခဏ လာေတာင္းေနမွာ စိုးရတယ္။ ေပးလို႔ မျဖစ္ဘူး" လို႔ ေတြးၿပီး "မရွိဘူး" လို႔ အသံမာမာနဲ႔ ေအာ္ၿပီး တံခါးပိတ္ဖို႔ ျပင္လိုက္တယ္။

အဲဒီအခ်ိန္မွာ ကေလးငယ္က ၿပဳံးၿပီး "ထင္သားပဲ အန္တီက အခုမွ အိမ္ေျပာင္း လာတာ ဆိုေတာ့ ဖေယာင္းတိုင္ မပါေလာက္ ဘူး ဆိုၿပီး ေမွာင္မဲမဲ ထဲမွာ အန္တီ ေၾကာက္ေနမွာ စိုးလို သမီးက ဖေယာင္းတိုင္ လာပို႔တာ" လို႔ ေျပာၿပီး အဖာေတြ ထပ္ေနတဲ့အက်ႌအိတ္ထဲက ဖေယာင္းတိုင္ေလးကို ထုတ္ေပးလိုက္တယ္။

အမ်ိဳးသမီးကေတာ့ ကိုယ့္ကိုယ္ကို ရွက္မိၿပီး ဘာမွ ျပန္မေျပာ ႏိုင္ေအာင္ ဆြံ႕အ သြားခဲ့တယ္။ ကိုယ့္ထက္သာ မနာလို၊ ကိုယ့္ထက္ နိမ့္ပါးသူအား နိမ့္ခ် ဆက္ဆံသူ အဖို႔ကေတာ့ အထင္နဲ႔ လက္ေတြ႕ အျမင္ဟာ လြဲေခ်ာ္ ေနမွာပါ။

လူပီသဖို႔ ႐ုပ္လွဖို႔ထက္ စိတ္လွဖို႔ အေရးႀကီးတယ္။ ေငြခ်မ္းသာ ဖို႔ထက္ စိတ္ေစတနာ ခ်မ္းသာဖို႔ အေရးႀကီးတယ္။ ခ်မ္းသာေပမယ့္ ယူေသာလက္ ျဖစ္ေနတတ္တယ္။ ဆင္းရဲေပမယ့္ ေပးေသာလက္လည္း ျဖစ္ႏိုင္တယ္။ ေပးေသာလက္ ျဖစ္ဖို႔ ေငြခ်မ္းသာဖို႔မလိုဘူး၊ ျမင့္ျမတ္တဲ့ စိတ္ထား ရွိဖို႔သာ လိုပါတယ္။

ျမင့္ျမတ္ေသာစိတ္ အသိဉာဏ္ပညာ မပါပဲ ပိုင္ဆိုင္မႈေတြ မ်ားသထက္ မ်ားျပားလာသူ တခ်ိဳ႕မွာ ကိုယ္ခ်င္းစာ တရားေတြ ေခါင္းပါး လာၾကတယ္။ ဂ႐ုဏာတရားေတြ ေပ်ာက္ကြယ္ လာၾကတယ္။ သံသယ မ်က္လုံးေတြနဲ႔ ၾကည့္တတ္ လာၾကတယ္။ လူသား အခ်င္းခ်င္း ပုံမွန္ ဆက္ဆံေရးေတြ ကြယ္ေပ်ာက္ လာၾကတယ္။

ကြၽန္ေတာ္တို႔ ေနေနတဲ့ လူပတ္ဝန္းက်င္ႀကီးက ေငြရွိမွ လူရာဝင္ ေငြမရွိလို႔ ကေတာ့ အသက္ရႉတာေတာင္ အပစ္မလြတ္ဘူး။ စားႏိုင္ ေသာက္ႏိုင္သူကို ပိုေကြၽးခ်င္ ၾကၿပီး ငတ္ျပတ္ေနတဲ့ သူကိုေတာ့ ေစတနာ မထားတတ္ ၾကတာ သဘာဝလို ျဖစ္ေနၾကပါၿပီ။ လူတိုင္းေတာ့ မဟုတ္ပါဘူး။

Crd

Post a Comment

0 Comments