နောက်ဆုံးတယောက်

ကမ္ဘာ့ စစ်ခုံရုံးတွင် ယနေ့ တရားခံ သုံးယောက်ကို "သေဒဏ်" ပြစ်ဒဏ် စီရင်လိုက်သည်။ သူတို့ ကျူးလွန်ခဲ့သော ပြစ်ဒဏ်များအတွက် သေဒဏ်က လွဲပြီး အခြားမရှိ။

ထို့ကြောင့် သေဒဏ် ပေးရန် သူတို့ သုံးယောက်ကို ထောင်တွင်းကို ပြန်ခေါ်လာ ကြသည်။ ထောင်တွင်း၌ အရာရှိ တဦးက ပထမ တဦးကို ခေါ်ထုတ် သွားသည်။ "ခင်ဗျား အနေနဲ့ လျှပ်စစ် ကုလားထိုင်၊ ကြိုးစင်၊ သေနတ် ကြိုက်တာ ရွေးခွင့် ရှိတယ်" ဟု ပြောလိုက်သည်။

ပထမတယောက်က "လျှပ်စစ် ကုလားထိုင်" ဟု ပြောလိုက်သည်။ သူ့ကို လျှပ်စစ် ကုလားထိုင်တွင် စီရင်ကြသည်။ သို့သော် လျှပ်စစ် ကုလားထိုင်က အလုပ် မလုပ်။ ထို့ကြောင့် ထုံးစံအရ သူ့ကို ပြန်လွှတ် ပေးလိုက် ရသည်။

ဒုတိယတရားခံ အလှည့်တွင် အရာရှိက မေးသည်။ "ခင်ဗျား အနေနဲ့ လျှပ်စစ်ကုလားထိုင်၊ ကြိုးစင်၊ သေနတ် ကြိုက်တာ ရွေးခွင့် ရှိတယ်။ ပထမ တယောက် ကတော့ လျှပ်စစ် ကုလားထိုင် ရွေးပေမယ့် အလုပ် မလုပ်တော့ လွတ်သွားတယ်" ဟု ဆိုသည်။

ထိုသူက "ကြိုးစင်" ဟု ဆိုလိုက်သည်။ သူ့ကို ကြိုးပေးကြ ပြန်သည်။ သို့သော် ကြိုးက ပြတ်ကျသည်။ ကံကောင်းသည် ဟု ဆိုရမည်။ ထုံးစံအရ သေဘေးမှ လွတ်သွား ပြန်သည်။

တတိယ တယောက် အလှည့်ကို ရောက်လာသည်။ အရာရှိက ပြောသည်။ "ခင်ဗျား အနေနဲ့ လျှပ်စစ်ကုလားထိုင်၊ ကြိုးစင်၊ သေနတ် ကြိုက်တာ ရွေးခွင့် ရှိတယ်"

အရာရှိက ထပ်ပြောသည်။ "ပထမ တယောက်က လျှပ်စစ်ကုလားထိုင်ကို ရွေးတယ်။ အလုပ် မလုပ်လို့ လွတ်သွားတယ်။ ဒုတိယ တယောက်က ကြိုးစင်ကို ရွေးတယ်။ ကြိုးပြတ်ကျပြီး ထပ်လွတ်သွား ပြန်တယ်။ ခင်ဗျား အလှည့် စဉ်းစားပါ"

နောက်ဆုံးလူက စဉ်းစားသည်။ "အင်း လျှပ်စစ်ကုလားထိုင်ကိုလည်း ပြင်ပြီးလောက်ပြီ၊ ကြိုးစင်ကိုလည်း ကြိုးအသစ် တပ်ပြီးလောက်ပြီ။ ဘယ်ရမလဲ ငါကွ၊ ငါ့ကိုများ အချဉ် မှတ်လို့လား" သူက ဝမ်းမြောက် ဝမ်းသာ အော်လိုက်သည်။ "သေနတ်"

ဤသို့ဖြင့် သူ့ကို သေနတ်နှင့် စီရင်ရန် ပစ်ကွင်းကို ခေါ်လာသည်။ တိုင်တွင် လက်နောက်ပြန် ကြိုးတုပ်သည်။ သူ့ခေါင်းကို အဝတ်နက် စွပ်သည်။ ထို့နောက် အရာရှိက "နေရာယူ" ဟု သူ့လူတွေကို အမိန့်ပေးသည်။ သေနတ်ကိုင် ရဲဘော် ငါးယောက် ထွက်လာသည်။ "အသင့်ပြင်၊ ကျည်ထိုး၊ ချိန်၊ ပစ်"

"ဒိုင်း ဒိုင်း" သေနတ်တွေ ကလည်း နှစ်လက်ပဲ ကျည်ထွက်သည်။ သို့သော် ကျည်တတောင့် ဖြင့်သာ လုံလောက်ပါသည်။ (Execution ကို မြန်မာမှု ပြုပါသည်)

တင်ညွန့် ၁၄.၂.၂၀၂၂

Zawgyi

ေနာက္ဆုံးတေယာက္

ကမာၻ႔ စစ္ခုံ႐ုံးတြင္ ယေန႔ တရားခံ သုံးေယာက္ကို "ေသဒဏ္" ျပစ္ဒဏ္ စီရင္လိုက္သည္။ သူတို႔ က်ဴးလြန္ခဲ့ေသာ ျပစ္ဒဏ္မ်ားအတြက္ ေသဒဏ္က လြဲၿပီး အျခားမရွိ။

ထို႔ေၾကာင့္ ေသဒဏ္ ေပးရန္ သူတို႔ သုံးေယာက္ကို ေထာင္တြင္းကို ျပန္ေခၚလာ ၾကသည္။ ေထာင္တြင္း၌ အရာရွိ တဦးက ပထမ တဦးကို ေခၚထုတ္ သြားသည္။ "ခင္ဗ်ား အေနနဲ႔ လွ်ပ္စစ္ ကုလားထိုင္၊ ႀကိဳးစင္၊ ေသနတ္ ႀကိဳက္တာ ေ႐ြးခြင့္ ရွိတယ္" ဟု ေျပာလိုက္သည္။

ပထမတေယာက္က "လွ်ပ္စစ္ ကုလားထိုင္" ဟု ေျပာလိုက္သည္။ သူ႔ကို လွ်ပ္စစ္ ကုလားထိုင္တြင္ စီရင္ၾကသည္။ သို႔ေသာ္ လွ်ပ္စစ္ ကုလားထိုင္က အလုပ္ မလုပ္။ ထို႔ေၾကာင့္ ထုံးစံအရ သူ႔ကို ျပန္လႊတ္ ေပးလိုက္ ရသည္။

ဒုတိယတရားခံ အလွည့္တြင္ အရာရွိက ေမးသည္။ "ခင္ဗ်ား အေနနဲ႔ လွ်ပ္စစ္ကုလားထိုင္၊ ႀကိဳးစင္၊ ေသနတ္ ႀကိဳက္တာ ေ႐ြးခြင့္ ရွိတယ္။ ပထမ တေယာက္ ကေတာ့ လွ်ပ္စစ္ ကုလားထိုင္ ေ႐ြးေပမယ့္ အလုပ္ မလုပ္ေတာ့ လြတ္သြားတယ္" ဟု ဆိုသည္။

ထိုသူက "ႀကိဳးစင္" ဟု ဆိုလိုက္သည္။ သူ႔ကို ႀကိဳးေပးၾက ျပန္သည္။ သို႔ေသာ္ ႀကိဳးက ျပတ္က်သည္။ ကံေကာင္းသည္ ဟု ဆိုရမည္။ ထုံးစံအရ ေသေဘးမွ လြတ္သြား ျပန္သည္။

တတိယ တေယာက္ အလွည့္ကို ေရာက္လာသည္။ အရာရွိက ေျပာသည္။ "ခင္ဗ်ား အေနနဲ႔ လွ်ပ္စစ္ကုလားထိုင္၊ ႀကိဳးစင္၊ ေသနတ္ ႀကိဳက္တာ ေ႐ြးခြင့္ ရွိတယ္"

အရာရွိက ထပ္ေျပာသည္။ "ပထမ တေယာက္က လွ်ပ္စစ္ကုလားထိုင္ကို ေ႐ြးတယ္။ အလုပ္ မလုပ္လို႔ လြတ္သြားတယ္။ ဒုတိယ တေယာက္က ႀကိဳးစင္ကို ေ႐ြးတယ္။ ႀကိဳးျပတ္က်ၿပီး ထပ္လြတ္သြား ျပန္တယ္။ ခင္ဗ်ား အလွည့္ စဥ္းစားပါ"

ေနာက္ဆုံးလူက စဥ္းစားသည္။ "အင္း လွ်ပ္စစ္ကုလားထိုင္ကိုလည္း ျပင္ၿပီးေလာက္ၿပီ၊ ႀကိဳးစင္ကိုလည္း ႀကိဳးအသစ္ တပ္ၿပီးေလာက္ၿပီ။ ဘယ္ရမလဲ ငါကြ၊ ငါ့ကိုမ်ား အခ်ဥ္ မွတ္လို႔လား" သူက ဝမ္းေျမာက္ ဝမ္းသာ ေအာ္လိုက္သည္။ "ေသနတ္"

ဤသို႔ျဖင့္ သူ႔ကို ေသနတ္ႏွင့္ စီရင္ရန္ ပစ္ကြင္းကို ေခၚလာသည္။ တိုင္တြင္ လက္ေနာက္ျပန္ ႀကိဳးတုပ္သည္။ သူ႔ေခါင္းကို အဝတ္နက္ စြပ္သည္။ ထို႔ေနာက္ အရာရွိက "ေနရာယူ" ဟု သူ႔လူေတြကို အမိန႔္ေပးသည္။ ေသနတ္ကိုင္ ရဲေဘာ္ ငါးေယာက္ ထြက္လာသည္။

"အသင့္ျပင္၊ က်ည္ထိုး၊ ခ်ိန္၊ ပစ္" "ဒိုင္း ဒိုင္း" ေသနတ္ေတြ ကလည္း ႏွစ္လက္ပဲ က်ည္ထြက္သည္။ သို႔ေသာ္ က်ည္တေတာင့္ျဖင့္သာ လုံေလာက္ပါသည္။ (Execution ကို ျမန္မာမႈ ျပဳပါသည္)

တင္ၫြန႔္ ၁၄.၂.၂၀၂၂

Post a Comment

0 Comments