ပျက်နေတဲ့ဆံသားတွေကို အလွယ်ကူဆုံး ထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

ဆံပင်က နည်းနည်းလေး ညစ်ပတ်သွားပြီ ဆိုတာနဲ့ နေလို့အဆင်မပြေတော့ပါဘူး။ ဒါကြောင့် တစ်ခုခုဆိုတာနဲ့ ခေါင်းကို တန်းလျှော်ကြပါတယ်။ ဒီလိုလျှော်လိုက်လို့ ခေါင်းက သန့်သွားပေမယ့် မွေးညင်းပေါက်လေးတွေကိုတော့ ထိခိုက်စေပါတယ်။

ဒါ့အပြင် ဆံပင်ကို မကြာခဏ ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆေးဆိုးတာတွေက ဆံပင်တွေကို ပျက်စေပါတယ်။ အဲဒါကြောင့် ပျက်နေတဲ့ဆံသားတွေကို အလုပ်မရှုပ်ဘဲ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ရေကျက်အေးလေးနဲ့ လျှော်ပါ။

ပုံမှန်ရေမှာ ဓာတ်တွေအများကြီးစုနေပြီး သင့်ဆံပင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေကိုကျိုချက်ပြီးမှ ခေါင်းလျှော်သင့်ပါတယ်။ အပူချိန် 38°Cလောက်ရှိတဲ့ ရေကအကောင်းဆုံးပါပဲ။

ခေါင်းလိမ်းဆီတွေကို သတိထားသုံးပါ။

ပါးလွှာပြီး ကြွပ်ဆတ်တဲ့ဆံသားတွေအတွက် အာဟာရဓာတ်တွေ များစွာပါတဲ့ ခေါင်းလိမ်းဆီကို သုံးမိရင် ဆံသားတွေ ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆံပင်နဲ့ လိုက်ဖက်မယ့် ခေါင်းလိမ်းဆီကိုသာ ရွေးချယ်ပါ။ ဆံပင်အဆီတွေကို တစ်ပတ်မှာ နှစ်ကြိမ်လောက် လိမ်းသင့်ပြီး ဖြန်းဆေးတွေနှင့် wheys တွေကိုတော့ လိုအပ်သလောက် ပမာဏ အနည်းငယ်သာ အသုံးပြုသင့်ပါတယ်။

ခေါင်းဖြီးပေးပါ။

ခေါင်းကို ခဏခဏဖြီးပေးတာက ဆံပင်သန်စေပါတယ်။ ဦးရေပြားနားမှာ ရှိတဲ့ မွေးညင်းပေါက်လေးတွေကို ပိုပြီးသန်မာစေပါတယ်။ ဒါပေမယ့် ဆံပင်တွေကိုတော့ ညစ်ပတ်တာ မြန်စေပါတယ်။ သင့်ဆံပင်ကို မကြာခဏ ဖြီးပါ။ တခြားခေါင်းဖြီး အလုံးတွေ၊အပြားတွေအစား ရိုးရိုးခေါင်းဖြီးကို အသုံးပြုပါ။

ခေါင်းဖြီးတိုင်း သင့်ဦးရေပြားကို မထိမိစေဖို့တော့ သတိထားပါ။

သဘာဝအတိုင်းပဲ ထားပါ။

ဆံပင်ပုံသွင်းခြင်းဆိုင်ရာ ထုတ်ကုန်အားလုံးဟာ ဆံပင်ကို ညစ်ပတ်စေပါတယ်။ ponytail ဒါမှမဟုတ် bun ကိုလုပ်ချင်ရင် သဘာဝအတိုင်းပဲ လုပ်ပါ။ ကောက်နေတဲ့ ဆံပင်ကို ဖြောင့်အောင် ဖြန်းဆေးတွေနဲ့ မကြိုးစားသင့်ပါဘူး။ ဘာမှမလုပ်ပဲ ဒီအတိုင်းထားတာက ပိုကောင်းပါတယ်။

SLS မပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။

SLS ပါရှိတဲ့ ခေါင်းလျှော်ရည်က လူတွေအတွက် ဘေးကင်းကြောင်း သက်သေပြထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်အရေပြားခြောက်သွေ့ပြီး သင့်ဆံပင်တွေ လျင်လျင်မြန်မြန်နဲ့ ညစ်ပတ်လွယ်တယ်လို့ ခံစားရရင်တော့ SLS-free ဗားရှင်းတွေကို အသုံးပြုသင့်ပါတယ်။

ဒီလိုခေါင်းလျှော်ရည်က အမြှုပ်ထွက် အားနည်းပေမယ့်လည်း သင့်ဆံပင်က အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် အရမ်းကို အသုံးဝင်ပါတယ်။

အပူချိန်ကို လျှော့ချပါ။

လေမှုတ်စက်၊ ဆံပင်ကောက်စက်၊ ဖြောင့်စက်တွေက ဆံပင်ကို ညစ်ပတ်စေနိုင်ပါတယ်။ မြင့်မားတဲ့အပူချိန်က အရေပြားမှာ အဆီဂလင်းတွေ ထွက်စေပါတယ်။ 150°C ကနေ 180°C ကသာ ဆံပင်ပုံသွင်းဖို့အတွက် ပြီးပြည့်စုံတဲ့ အပူချိန်ဖြစ်ပါတယ်။

ခေါင်းလျှော်ပေးပါ။

ခေါင်းလျှော်တာက ဆဲလ်သေတွေနဲ့ ကြမ်းတမ်းတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ မွေးညင်းပေါက်တွေကို အားကောင်းစေပြီး ဆံပင်ကြီးထွားမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ သင့်လျော်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အိမ်လုပ် scrubs ကိုသုံးနိုင်ပါတယ်။

ခေါင်းအုံးစွပ်ကို မကြာခဏ လဲပေးပါ။

ခေါင်းအုံးစွပ်တွေက သင့်ဆံပင်နှင့် အရေပြားအတွက် အသုံးပြုထားတဲ့ အဆီအနှစ်တွေကို စုပ်ယူပါတယ်။ ခေါင်းအုံးစွပ်တွေကို မလဲပေးရင် ဘက်တီးရီးယားတွေမျိုးပွားဖို့ နေရာဖန်တီးပေးသလို ဖြစ်ပါလိမ့်မယ်။ ခေါင်းအုံးစွပ်တွေကို တစ်ပတ်မှာ တစ်ကြိမ် အနည်းဆုံး လဲသင့်ပါတယ်။

သင့်ဆံပင်ကို အပူဒဏ်ကနေ ကာကွယ်ပါ။

နွေရာသီနဲ့ ဆောင်းရာသီမှာ ဦးထုပ်ဆောင်းသင့်ပါတယ်။ ရာသီဥတု အအေးနှင့် အပူမှာ ဦးထုပ်မဆောင်းပဲ ဒီတိုင်းနေတာက သင့်အရေပြားကို ကာကွယ်တဲ့ ဆီဗမ်တွေကို ထွက်လာစေပါတယ်။ ရလဒ်အနေနဲ့ သင့်ဆံပင်အမြစ်တွေက အဆီတွေဖြစ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ဆံပင်တွေက အလွန်ခြောက်သွေ့ပြီး ကြွပ်ဆတ်လာပါတယ်။ ဒါကြောင့် ဘယ်ရာသီဥတိုင်းမှာပဲဖြစ်ဖြစ် ဆံပင်ကို ဂရုစိုက်ဖို့ လိုပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments