ညညဆိုအိပ်မပျော်တဲ့ သူတွေအတွက် အိပ်ပျော်စေမယ့် နည်းလမ်းကောင်းများ

တစ်နေကုန်ပင်ပန်းတဲ့ နေ့တွေဆိုရင် အိပ်ပျော်ဖို့က လွယ်ကူပါတယ်။ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်သမျှကို အိပ်ရာပေါ် ကျောချပြီး အနားယူတတ် ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အတွေးလွန်ပြီး အိပ်မရတဲ့ ညမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုပုံစံတွေက အိပ်မပျော်စေတာလဲနဲ့ ညဘက်တွေ အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

ပက်လက်အိပ်ခြင်း

အိပ်တဲ့အခါမှာ ပက်လက်အိပ်သင့်ပါတယ်။ ဒီလိုအိပ်တဲ့အခါမှာ အားသာချက်တွေ အများကြီး ရှိပါတယ်။ ပက်လက်လှန် အိပ်လိုက်တာကြောင့် သင့်ခန္ဓာကိုယ်က ပြေလျော့သွားပြီး သင့်ကျောရိုးကို ဖြောင့်စေပါတယ်။

ဒါ့အပြင် ပက်လက်အိပ်စက်ခြင်းက သင့်ကျန်းမာရေးသာမက သင့်အလှကိုပါ ထိန်းသိမ်းပေးနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ ခေါင်းအုံးပေါ်မှောက်အိပ်တာက ကမ္ဘာမြေရဲ့ ဆွဲငင်အားကြောင့် အရေးအကြောင်းတွေတောင်‌ ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ ဒီလိုအိပ်မယ် ဆိုရင်တော့ သက်တောင့်သက်သာရှိအောင် ခေါင်းအုံးသေးသေးလေးနဲ့ အိပ်သင့်ပါတယ်။

ကျောရိုးမနာကျင်အောင် အိပ်နည်း

ကျောပြင်ကို တစ်ပြင်တည်းထားပြီး အိပ်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အနေအထားကို ထိန်းထားနိုင်ဖို့ ဆိုရင် တော်တော်လေး မာကျောတဲ့ မျက်နှာပြင် လိုအပ်ပါလိမ့်မယ်။ အလေးချိန်ညီမျှသွားအောင် ဒူးအောက်မှာ ခေါင်းအုံးသေးသေးလေး တစ်လုံးထားပါ။ ဒီလိုအိပ်တာက သင့်လည်ပင်းနှင့် နောက်ကျောကို သက်တောင့်သက်သာဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။

ခေါင်းအုံးမပါပဲ အိပ်ခြင်း

အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ရှိစေဖို့အတွက် ခေါင်းအုံးကို တီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ခေါင်းအုံးကိုမသုံးပဲ မှောက်ပြီး အိပ်တတ်ကြပါတယ်။ မှောက်အိပ်တာက ကျောရိုးကို သဘာဝမကျတဲ့ အနေအထားဖြစ်စေပြီး အခြေအနေကို ပိုဆိုးစေတယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။ တကယ်လို့ ဒီလိုပုံစံနဲ့ အိပ်ချင်တယ်ဆိုရင်လည်း တင်းမာမှုကို လျှော့ချဖို့အတွက် ညီညာတဲ့ မျက်နှာပြင်ပေါ်မှာပဲ အိပ်ခြင်းက ပိုကောင်းပါတယ်။ နဖူးနားမှာ ကူရှင်လေးတစ်ခု ထားအိပ်တာက ပိုပြီးကောင်းပါတယ်။

ခေါင်းအုံးကို ဖက်အိပ်ခြင်း

သင့်မှာ ခေါင်းအုံးတစ်လုံး အပိုရှိရင် ဒီနည်းလုံးနဲ့ အိပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အထူးခေါင်းအုံးတွေကိုလည်း ထုတ်လုပ်ထားပါတယ်။ ဒီလိုအိပ်တာက ခန္ဓာကိုယ်အတွက် သက်တောင့်သက်သာ ရှိစေတာကြောင့် တင်ပါးနှင့် ခါးတို့မှာရှိတဲ့ တင်းမာမှုတွေကို ဖယ်ရှားပေးပါတယ်။ ဒီလို အိပ်စက်နည်းကို ဘယ်သူမဆို အိပ်နိုင်ပါတယ်။ ခေါင်းအုံးက ခန္ဓာကိုယ်နှင့် မွေ့ယာကြားမှာရှိတဲ့ နေရာကို ဖြည့်ပေးတာကြောင့် ကျောရိုးရဲ့ သဘာဝအနေအထားကို ပြန်လည်ရရှိစေပါတယ်။

သန္ဓေသားလောင်းပုံ အိပ်စက်ခြင်း

ဒီပုံစံက သက်တောင့်သက်သာ အရှိဆုံးပုံပါပဲ။ နွေးနွေးထွေးထွေးရှိတဲ့ အိပ်ရာကို တွေးလိုက်တိုင်း ကောက်ကွေးချင်တဲ့ စိတ်ဆန္ဒ ချက်ချင်း ဖြစ်ပေါ်လာဖူးမှာပါ။ ဒီအနေအထားမှာ အားသာချက်တွေရှိပါတယ်။ မှန်ကန်တဲ့ curl up ကြောင့် အဆစ်တွေ ပွင့်လာပါတယ်။

သန္ဓေသားလောင်းပုံ အိပ်တာက အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ကျောရိုးနာကျင်တာကို ခံစားရနေတဲ့သူတွေအတွက် ကောင်းမွန်စေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်နဲ့ အရင်တိုင်ပင်တာက ပိုကောင်းပါတယ်။

အတူတူအိပ်ခြင်း

ကိုယ်ချစ်ရတဲ့သူကို ပွေ့ဖက်ပြီး အမြဲအိပ်ရတာ ကောင်းပါတယ်။ သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ သုတေသနပြုချက်တွေအရ နှစ်ယောက်တူတူ အိပ်တဲ့သူတွေက တခြားသူတွေထက်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြပါတယ်။

ပွေ့ဖက်ခြင်းက သွေးလွှတ်ကြောဖိအားကို လျော့ကျစေတဲ့ အောက်ဆီတိုစင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ ကောင်းကျိုးကတော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ နည်းစေပါတယ်။ အတူတူအိပ်တာက ရင်းနှီးတဲ့ခံစားချက်ကိုပေးပြီး လူတွေကြားထဲမှာ ယုံကြည်မှုအဆင့်ကို တိုးစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments