သင့်ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် လိုအပ်နေကြောင်း သတိပေးနေတဲ့ လက္ခဏာ (၁၀) ခု

အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်က မရှိမဖြစ် အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် မလုံလောက်တဲ့အခါ ကယ်ဆီယမ် ချို့တဲ့တာ ဖြစ်လာပါတယ်။ အဲဒီအခါ ထင်ရှားတဲ့ လက္ခဏာတွေ ပြလာပါတယ်။

၁။ အသားအရေခြောက်လာခြင်း

ကယ်လ်ဆီယမ် ချို့တဲ့တဲ့အခါ ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ အသားအရေ ခြောက်သွေ့လာတာပါ။ တစ်ခါတရံ နှင်းခူနဲ့ အသားအရေ ကြမ်းထော်ပြီး အနီပိမ့်တွေ ထလာတဲ့ရောဂါလည်း ဖြစ်လာပါတယ်။

၂။ ပင်ပန်းနွမ်းနယ်ခြင်း

ကယ်လ်ဆီယမ် ချို့တဲ့တာက ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှု ရှိစေပါတယ်။ အမြဲလို အားနည်းနေတယ်၊ ပင်ပန်းနွမ်းနယ်နေတယ်၊ နှေးကွေးလေးလန်နေတယ်ဆိုရင် အစားအသောက်ကို မျှတအောင် စားပေးသင့်ပါတယ်။

၃။ စိတ်ဓါတ်ကျခြင်း

ကယ်လ်ဆီယမ်က စိတ်ပိုင်းဆိုင်ရာအတွက်လည်း အရေးပါပါတယ်။ ကယ်လ်ဆီယမ်က သဘာဝစိတ်ငြိမ်ဆေးတစ်ခုပါ။ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် နည်းပါးလာလေ စိတ်ဓါတ်ကျသလို ခံစားလာရလေပါပဲ။

၄။ အိပ်မပျော်ခြင်း

ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်ဓါတ် ချို့တဲ့နေရင် ညဘက်မှာ အိပ်မပျော်တာကို ကြုံတွေ့ရစေပါတယ်။ ဒီပြဿနာက အိပ်ပျော်စေတဲ့ ဟော်မုန်းဖြစ်တဲ့ melatonin နဲ့လည်း တိုက်ရိုက်ဆက်စပ် နေပါတယ်။

၅။ Paresthesia

ကယ်လ်ဆီယမ် အလွန်အမင်း ချို့တဲ့တာက paresthesia နဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီအခါ ပါးစပ်နဲ့ ခြေချောင်းလက်ချောင်းတွေ တစစ်စစ် ခံစားရခြင်း၊ ထုံကျဉ်ခြင်း၊ ကြွက်တက်ခြင်း၊ ထိတွေ့တဲ့အခါ ဘာမှမခံစားရခြင်း၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

၆။ မကြာခဏဖျားခြင်း

ကယ်လ်ဆီယမ်က ကိုယ်ခံအားစနစ်အတွက်လည်း အရေးပါတဲ့အရာပါပဲ။ ကယ်လ်ဆီယမ် ချို့တဲ့လာရင် ခန္ဓာကိုယ်က ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို မခုခံနိုင်တော့ဘဲ မကြာခဏဖျားတာ၊ အအေးမိတာ၊ နှာစေးတာတွေ ဖြစ်စေပါတယ်။

၇။ လက်သည်းတွေ ကျိုးခြင်း

အရိုးတွေလိုပဲ လက်သည်းအတွက်လည်း ကယ်လ်ဆီယမ်က လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့လာရင် လက်သည်းတွေ ခြောက်သွေ့ပြီး အားနည်းလာတာ၊ လက်သည်းတွေ ကွာလာတာ၊ လက်သည်းကို အထိအခိုက် မခံနိုင်တာတွေ ဖြစ်စေပါတယ်။

၈။ မျိုချတဲ့အခါ ခက်ခဲလာခြင်း

ကယ်လ်ဆီယမ်ချို့တဲ့တာက dysphagia လို့ခေါ်တဲ့ တစ်ခုခုကို မျိုချရင် ခက်ခဲတဲ့ အခြေအနေကို ဖြစ်စေပါတယ်။ တစ်ခုခုကို မျိုချရင် ခက်ခဲတာက လည်ချောင်းထဲက ကြွက်သားတွေ ကျဉ်းမြောင်းလာလို့ပါ။ ပြင်းထန်တဲ့အခြေအနေတွေမှာ ပုံမှန်မဟုတ်တဲ့ အသံတွေကို ပြောင်းလဲသွားစေပါတယ်။

၉။ သွားကိုက်ခြင်း

ကယ်လ်ဆီယမ်တွေကို အဓိကအားဖြင့် အရိုးနဲ့သွားတွေမှာ သိုလှောင်ထားပါတယ်။ ကယ်လ်ဆီယမ် ချို့တဲ့လာရင် အရင်ဆုံး ခံစားလာရတာကတော့ သွားနဲ့ အရိုးပါပဲ။ သွားတွေ ဝါလာတာ၊ ယိုယွင်းလာတာ၊ သွားမကြာခဏ နာလာတာက ကယ်လ်ဆီယမ် ချို့တဲ့တာရဲ့ လက္ခဏာပါ။

၁၀။ ကြွက်သားနာကျင်ခြင်း

ပေါင်၊ ခြေသလုံး၊ လက်မောင်းနဲ့ လက်မောင်းအောက်က ကြွက်သားတွေ နာကျင်တာက ကယ်လ်ဆီယမ် မလုံလောက်ခြင်းရဲ့ ရှေးဦးလက္ခဏာတွေပါပဲ။ နောက်ထပ်လက္ခဏာတွေကတော့ လှုပ်ရှားတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ ကြွက်သားတွေ နာကျင်လာတာပါ။

ကယ်လ်ဆီယမ် ချို့တဲ့တာကို ဘယ်လိုကုစားမလဲ။

အရွယ်ရောက်ပြီးသူတိုင်းက တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ် စားသင့်ပါတယ်။ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ တရုတ်မုန်လာအစိမ်းတို့ကို နေ့စဉ်အစားအစာတွေထဲမှာ ထည့်ပြီးစားသုံးဖို့ လိုပါတယ်။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အခြားအစားအစာတွေကတော့ အဆီများတဲ့ ငါးတွေ၊ ဒိန်ခဲ၊ နွားနို့၊ ပဲပုပ်ပဲ၊ နှမ်းတို့ပါပဲ။ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်တွေ စုပ်ယူနိုင်ဖို့ ဗီတာမင်ဒီပါဝင်တဲ့ အစားအစာတွေကိုလည်း ပိုစားသင့်ပါတယ်။

Zombie (lovmedia)

Post a Comment

0 Comments