ကျောက်ကပ်မှာ ကျောက်တည်တဲ့ ပြဿနာတွေကို လူသားတွေက ၆၀၀ ဘီစီကတည်းက ရင်းနှီးခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေက အမျိုးသမီးတွေထက် ကျောက်ကပ်ကျောက်တည်နိုင်ခြေက ပိုများပါတယ်။
ကျောက်ကပ်မှာ ကျောက်ရှိနေတဲ့အကြောင်းကို လျင်လျင်မြန်မြန် သတိထားမိဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ ဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ အလွန်အမင်း နာကျင်ခြင်း
ဗိုက်၊ ခါးနဲ့ ပေါင်ခြံနေရာတွေမှာ အလွန်အမင်း နာကျင်တာကို ခံစားရပါတယ်။ ကျောက်တွေက စတင်ရွေ့လျားလာပြီး ဆီးလမ်းကြောင်း အကျဉ်းထဲမှာ ညှပ်နေရင် ကျောက်ကပ်မှာ ဖိအားတွေဖြစ်လာပြီး အရမ်းနာကျင်လာပါတယ်။ ကျောက်တွေ ရွေ့လျားနေလို့ နာကျင်မှုက ခါးကနေ ပေါင်ခြံကို ရောက်သွားပါတယ်။
၂။ ဆီးသွားတဲ့ပုံစံ ပြောင်းလဲခြင်း
ကျောက်ကပ် ကျောက်တည်တာကြောင့် ဆီးထဲမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ်။
- ကျောက်တွေက စတင်ရွေ့လျားပြီး ဆီးအိတ်ထဲရောက်သွားရင် မကြာခဏ ဆီးသွားချင်လာပါတယ်။ ဆီးသွားတဲ့အခါ နာကျင်ပြီး ပူလောင်တဲ့ ခံစားချက်ကို ခံစားရပါတယ်။
- ဆီးသွားတဲ့ ပမာဏလည်း နည်းလာပါတယ်။ ကျောက်တွေက ပိတ်နေတာကြောင့် နည်းနည်းလာပါတယ်။ တစ်ခါတရံ ဆီးက လုံးဝရပ်တန့်သွားတာလည်း ဖြစ်တတ်ပါတယ်။
- ဆီးလမ်းကြောင်းထဲမှာ ကျောက်တွေ ပါနေတာကြောင့် ဆီးထဲမှာ သွေးလည်း ပါလာနိုင်ပါတယ်။ ကျောက်ကပ်မှာ ပိုးဝင်နေရင် အနံ့အသက်လည်း မကောင်းပါဘူး။ အဲဒီအခါ ဆီးအရောင်ကလည်း မကြည်တော့ပါဘူး။
၃။ချမ်းပြီး ဖျားခြင်း
ကိုယ်အပူချိန်တက်ပြီး ဖျားလာတာကလည်း ဆီးလမ်းကြောင်း သို့မဟုတ် ကျောက်ကပ်မှာ ပိုးဝင်တဲ့လက္ခဏာပါပဲ။
၄။ ပျို့အန်ခြင်း
ကျောက်ကပ်မှာ ကျောက်တည်တာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ပျို့အန်တာပါ။ဘာ့ကြောင့်လဲဆိုတော့ ကျောက်ကပ်နဲ့ အစာအိမ်အူလမ်းကြောင်းတို့ရဲ့ နာဗ်ကြောတွေက ဆက်စပ်နေလို့ပါ။ အလွန်အမင်း နာကျင်တဲ့အခါမှာလည်း အန်တတ်ပါတယ်။
၅။ အလွန်အားနည်းပြီး ပင်ပန်းခြင်း
ကျောက်ကပ်မှာ ကျောက်တွေ ရှိနေရင် ကျောက်ကပ်ရဲ့ လုပ်ငန်းတွေက လျော့သွားပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုဝေးလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပုံမှန်ထက် ပိုပင်ပန်းတာ၊ ပိုနာကျင်တာကို ခံစားရစေပါတယ်။
Bonus
ကျောက်ကပ်မှာ ကျောက်တည်ရတဲ့ အကြောင်းအရင်းတွေကတော့
- ရေသောက်နည်းခြင်း
- သကြား၊ ဆိုဒီယမ်၊ ပရိုတိန်းများတဲ့ အစားအစာတွေကို အစားများခြင်း
- ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ် ဖြည့်စွက်အစားအစာတွေကို စားသုံးခြင်း
- အဝလွန်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
Zombie (lovemedia)
0 Comments