မျက်နှာပုံစံကို လိုက်ပြီး ပါးနီကို ခြယ်သနည်း (၆) မျိုး

ပါးနီခြယ်တာက သဘာဝဆန်တဲ့အလှအဖြစ် ပေါ်လွင်စေပါတယ်။ ဒါပေမယ့် သင့်ရဲ့မျက်နှာပုံစံကို လိုက်ပြီး ပါးနီခြယ်ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် ဘယ်လိုမျက်နှာဆိုရင် ပါးနီကို ဘယ်လိုပုံစံ ခြယ်ရမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသည်းပုံမျက်နှာ

မေးစေ့က ချွန်ပြီး နဖူးက ကျယ်နေရင်၊ ပါးစုန့်က ထင်ရှားနေရင် အသည်းပုံစံ မျက်နှာပါပဲ။ အဲဒါကြောင့် နူးညံ့တဲ့ အသွင်ရအောင် လိမ်းခြယ်ဖို့ကတော့ ပါးရိုးဘေးဘက်တွေကို ခြယ်ပါ။ အရောင်အနည်းငယ်ကို ရောပြီး နဖူးစပ်လေးတွေမှာ ပါးပါးလေး လိမ်းခြယ်ပါ။ အဲဒီအခါ မျက်နှာအပေါ်ပိုင်းအကျယ်နဲ့ အောက်ပိုင်းနေရာတွေ မျှတသွားပါတယ်။

၂။ စတုရန်းပုံမျက်နှာ

စတုရန်းပုံမျက်နှာတွေမှာ မေးရိုးက ထင်ရှားပြီး ပါးရိုးနဲ့ပါးက အတိုင်းအတာ တူနေပါတယ်။ အဲဒါကြောင့် ပါးနီခြယ်တဲ့အခါ လခြမ်းပုံစံ လိမ်းခြယ်ပါ။ ပါးစုန့်ပေါ်ကနေ စတင်ခြယ်လာပြီး နားထင်နားမှာ အဆုံးသတ်လိုက်ပါ။

၃။ ဘဲဥပုံမျက်နှာ

ဘဥပုံ မျက်နှာပိုင်ရှင်တွေမှာ ပါးက နဖူးထက် နည်းနည်းလေး ကျဉ်းပါတယ်။ မျက်နှာက ရှည်ပြီး ကျယ်သလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ပါးနီကို ပြင်ညီမျဉ်းအတိုင်းလိမ်းခြယ်ပါ။ ပါးရိုးပေါ်ကနေ ခြယ်ပြီး နားရွက်နား မရောက်တရောက်မှာ အဆုံးသတ်လိုက်ပါ။ ဒါပေမယ့် ပါးရိုးအောက်ဘက်ကိုတော့ မလိမ်းခြယ်သင့်ပါဘူး။

၄။ ဝိုင်းသောမျက်နှာ

မျက်နှာဝိုင်းတာကိုတော့ လွယ်လွယ်နဲ့ သိနိုင်ပါတယ်။ မျက်နှာဝိုင်းတဲ့အတွက် မျက်နှာကို သေးသွယ်သလို ဖြစ်အောင် ခြယ်သရမှာပါ။ ပါးပေါ်က ခွက်နေတဲ့နေရာတစ်လျှောက် လိမ်းခြယ်ပါ။ အရမ်းတောက်ပပြီး အလင်းပြန်နေသလို ဖြစ်နေတဲ့ ပါးနီမျိုးက မျက်နှာကို ပိုဝိုင်းစေတာကြောင့် ရှောင်သင့်ပါတယ်။

၅။ ထောင့်မှန်ပုံရှည်မျက်နှာ

ထောင့်မှန်ပုံရှည်မျက်နှာက စတုရန်းပုံ မျက်နှာနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် မျက်နှာပုံစံက အရမ်းမကျယ်ဘဲ နည်းနည်းလေး ပိုရှည်ပါတယ်။ အဲဒါကြောင့် ပါးနီကို မေးရိုးပေါ်နဲ့ မျက်လုံးအောက်ဘက်ကို လိမ်းခြယ်ပါ။

၆။ စိန်ပုံစံမျက်နှာ

စိန်ပုံစံမျက်နှာရဲ့ ထင်ရှားတဲ့ သွင်ပြင်တွေထဲက တစ်ခုကတော့ မေးစေ့ချွန်တာပါ။ ပါးရိုးတွေကလည်း ကျယ်ပါတယ်။ အဲဒါကြောင့် ပါးနီကို မေးရိုးအပေါ်ဘက်မှာ လိမ်းခြယ်ပါ။ ပါးပေါ်က ခွက်နေတဲ့နေရာမှာ မခြယ်မိဖို့ အရေးကြီးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments