အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

တနေ့မှာ လူငယ်လေး တယောက်က ဆိုကရေးတီးကို မေးခဲ့တယ်။ "အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်က ဘာဖြစ်မလဲ" လို့ပေါ့။

ဆိုကရေးတီးက ကောင်လေးရဲ့ မေးခွန်းကို စိတ်ရှည်စွာ နားထောင်ပြီးတဲ့ အခါမှာတော့ အဖြေပေးဖို့ အတွက် မနက်ဖြန် မနက်မှာ မြစ်ကမ်းနံဘေးမှာ သူ့ကို လာတွေ့ပါလို့ လူငယ်လေးကို ပြောခဲ့ပါတယ်။

နောက်တနေ့ မနက်မှာတော့ လူငယ်လေးနဲ့ ဆိုကရေးတီးဟာ မြစ်ကမ်းနံဘေးမှာ လမ်းလျှောက်ခဲ့ ကြပါတယ်။ လမ်းလျှောက်လာရင် မြစ်ထဲကို ဆင်းမလားလို့ ဆိုကရေးတီးက မေးလိုက်ပါတယ်။

မြစ်ထဲကို ဆင်းကြရင်း ရေက သူတို့ နှစ်ယောက်လုံးရဲ့ လည်ပင်းနားလောက် အရောက်မှာ ဆိုကရေးတီးက လူငယ်လေးရဲ့ ခေါင်းကို ရေထဲ ဆွဲပြီး နှစ်ချလိုက် ပါတော့တယ်။

လူငယ်လေးမှာ အံ့အားသင့် နေပေမယ့် အသက်ရှင်ရေး အတွက် အတင်းရုန်းကန် ရပါတယ်။ ဒါပေမယ့် ဆိုကရေးတီးက အရမ်းကို သန်မာတာမို့ လူငယ်လေးက ဘယ်လောက် ရုန်းရုန်း ရေပေါ် ပြန်ပေါ်လာအောင် မနည်းကို ရုန်းကန်နေရတာပေါ့။

မကြာခင်မှာပဲ ဆိုကရေးတီးက လူငယ်လေးကို လွှတ်ပေး လိုက်ပါတယ်။ ရေပေါ် ပြန်ပေါ်လာတဲ့ လူငယ်လေးက ရေတွေကို ခါထုတ်လိုက်ပြီး လေကို အားရပါးရ ရှုသွင်းလိုက် ပါတယ်။ အဲဒီအခါမှာ ဆိုကရေးတီးက လူငယ်လေးကို မေးခွန်းတခု မေးပါတယ်။

"ရေထဲမှာ မင်းရဲ့ခေါင်း နှစ်နေတဲ့ အချိန်မှာ မင်းအလိုချင်ဆုံး အရာက ဘာလဲ" တဲ့။ လူငယ်လေးက "လေ ပါ" လို့ ပြန်ဖြေပါတယ်။

"အောင်မြင်မှု အတွက် လျှို့ဝှက်ချက်က အဲဒါပဲ။ ရေထဲကို ရောက်နေတဲ့ အချိန်မှာ လေကို အသည်းအသန် လိုအပ်နေလို့ အတင်း မရ ရအောင် ကြိုးစား ရုန်းကန်တဲ့ အခါ လေကို ရသွားသလိုပဲ အောင်မြင်မှုကို အသည်းအသန် ကြိုးစားတတ်တဲ့ သူက ရမှာပါပဲ။ အောင်မြင်မှုမှာ လျှို့ဝှက်ချက် သီးသန့် ရယ်လို့ မရှိဘူး" လို့ ဆိုကရေးတီးက ဖြေလိုက် ပါတော့တယ်။

ဒီစာသားလေး ထဲက လိုပါပဲ။ တကယ်တော့ အောင်မြင်မှုဆီ သွားတဲ့ လမ်းမှာ လျှို့ဝှက်ချက်ရယ်၊ ဖြတ်လမ်းရယ် ဆိုတာ မရှိပါဘူး။ အောင်မြင်ချင်စိတ် ပြင်းပြစွာ ရှိနေတဲ့ အခါမှာ မရ ရအောင် အတင်း ကြိုးစား ရုန်းကန်ခြင်း ကသာ အရာအားလုံးကို အောင်နိုင် စေမှာပါ။

မီးတောက်ငယ်လေး အဖြစ်နဲ့ ဆိုရင်တော့ အပူ မပေးနိုင် ပါဘူး။ စိတ်အားထက်သန်မှု အားနည်းတဲ့သူအတွက် ကြီးမားတဲ့ အောင်မြင်မှု ရလဒ်ကို မရနိုင်ပါဘူး။

Crd

Zawgyi

ေအာင္ျမင္မႈရဲ႕ လွ်ိဳ႕ဝွက္ခ်က္

တေန႔မွာ လူငယ္ေလး တေယာက္က ဆိုကေရးတီးကို ေမးခဲ့တယ္။ "ေအာင္ျမင္ဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္က ဘာျဖစ္မလဲ" လို႔ေပါ့။

ဆိုကေရးတီးက ေကာင္ေလးရဲ႕ ေမးခြန္းကို စိတ္ရွည္စြာ နားေထာင္ၿပီးတဲ့ အခါမွာေတာ့ အေျဖေပးဖို႔ အတြက္ မနက္ျဖန္ မနက္မွာ ျမစ္ကမ္းနံေဘးမွာ သူ႔ကို လာေတြ႕ပါလို႔ လူငယ္ေလးကို ေျပာခဲ့ပါတယ္။

ေနာက္တေန႔ မနက္မွာေတာ့ လူငယ္ေလးနဲ႔ ဆိုကေရးတီးဟာ ျမစ္ကမ္းနံေဘးမွာ လမ္းေလွ်ာက္ခဲ့ ၾကပါတယ္။ လမ္းေလွ်ာက္လာရင္ ျမစ္ထဲကို ဆင္းမလားလို႔ ဆိုကေရးတီးက ေမးလိုက္ပါတယ္။

ျမစ္ထဲကို ဆင္းၾကရင္း ေရက သူတို႔ ႏွစ္ေယာက္လုံးရဲ႕ လည္ပင္းနားေလာက္ အေရာက္မွာ ဆိုကေရးတီးက လူငယ္ေလးရဲ႕ ေခါင္းကို ေရထဲ ဆြဲၿပီး ႏွစ္ခ်လိုက္ ပါေတာ့တယ္။

လူငယ္ေလးမွာ အံ့အားသင့္ ေနေပမယ့္ အသက္ရွင္ေရး အတြက္ အတင္း႐ုန္းကန္ ရပါတယ္။ ဒါေပမယ့္ ဆိုကေရးတီးက အရမ္းကို သန္မာတာမို႔ လူငယ္ေလးက ဘယ္ေလာက္ ႐ုန္း႐ုန္း ေရေပၚ ျပန္ေပၚလာေအာင္ မနည္းကို ႐ုန္းကန္ေနရတာေပါ့။

မၾကာခင္မွာပဲ ဆိုကေရးတီးက လူငယ္ေလးကို လႊတ္ေပး လိုက္ပါတယ္။ ေရေပၚ ျပန္ေပၚလာတဲ့ လူငယ္ေလးက ေရေတြကို ခါထုတ္လိုက္ၿပီး ေလကို အားရပါးရ ရႈသြင္းလိုက္ ပါတယ္။ အဲဒီအခါမွာ ဆိုကေရးတီးက လူငယ္ေလးကို ေမးခြန္းတခု ေမးပါတယ္။

"ေရထဲမွာ မင္းရဲ႕ေခါင္း ႏွစ္ေနတဲ့ အခ်ိန္မွာ မင္းအလိုခ်င္ဆုံး အရာက ဘာလဲ" တဲ့။ လူငယ္ေလးက "ေလ ပါ" လို႔ ျပန္ေျဖပါတယ္။

"ေအာင္ျမင္မႈ အတြက္ လွ်ိဳ႕ဝွက္ခ်က္က အဲဒါပဲ။ ေရထဲကို ေရာက္ေနတဲ့ အခ်ိန္မွာ ေလကို အသည္းအသန္ လိုအပ္ေနလို႔ အတင္း မရ ရေအာင္ ႀကိဳးစား ႐ုန္းကန္တဲ့ အခါ ေလကို ရသြားသလိုပဲ ေအာင္ျမင္မႈကို အသည္းအသန္ ႀကိဳးစားတတ္တဲ့ သူက ရမွာပါပဲ။ ေအာင္ျမင္မႈမွာ လွ်ိဳ႕ဝွက္ခ်က္ သီးသန႔္ ရယ္လို႔ မရွိဘူး" လို႔ ဆိုကေရးတီးက ေျဖလိုက္ ပါေတာ့တယ္။

ဒီစာသားေလး ထဲက လိုပါပဲ။ တကယ္ေတာ့ ေအာင္ျမင္မႈဆီ သြားတဲ့ လမ္းမွာ လွ်ိဳ႕ဝွက္ခ်က္ရယ္၊ ျဖတ္လမ္းရယ္ ဆိုတာ မရွိပါဘူး။ ေအာင္ျမင္ခ်င္စိတ္ ျပင္းျပစြာ ရွိေနတဲ့ အခါမွာ မရ ရေအာင္ အတင္း ႀကိဳးစား ႐ုန္းကန္ျခင္း ကသာ အရာအားလုံးကို ေအာင္ႏိုင္ ေစမွာပါ။

မီးေတာက္ငယ္ေလး အျဖစ္နဲ႔ ဆိုရင္ေတာ့ အပူ မေပးႏိုင္ ပါဘူး။ စိတ္အားထက္သန္မႈ အားနည္းတဲ့သူအတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈ ရလဒ္ကို မရႏိုင္ပါဘူး။

Crd

Post a Comment

0 Comments