ငယ်ငယ်က ကြည့်ဖူးတဲ့ ကာတွန်းကား ထဲက ခရုလေး တကောင် အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့ စကားကို အခုထိ မှတ်မိနေ ပါသေးတယ်။
"ငါနှေးနေတာ မဟုတ်ဘူး။ ငါ့အရှိန်ကို ကမ္ဘာကြီးက အမှီ မလိုက်နိုင် သေးတာ" တဲ့။
ခရုလေးက အမှုမဲ့ အမှတ်မဲ့ ပြောလိုက် ပေမဲ့ ကျနော်တို့ အတွက် အတွေး များစွာ ဝင်စေ ပါတယ်။
တခါတရံ ကိုယ်အားကျတဲ့ လူတွေကို ကြည့်ကြည့်ပါ။ သူတို့က ကိုယ့်ထက် တော်နေတာ မဟုတ်ပါဘူး။ ကိုယ်က သူတို့ထက် ပိုကြိုးစားဖို့ လိုနေတာပါ။
ကိုယ့်ကို တိုက်ခိုက် နေတဲ့ လူတွေကို ကြည့် ကြည့်ပါ။ ကိုယ်က ပြန်တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက် သည်းခံ နိုင်သလဲ ဆိုတာ သူတို့ သိချင်နေ တာပါ။
စကားပုံ တခု ကြားဖူး ပါတယ်။ "စစ်သည် တရာကို တိုက်ခိုက် နိုင်ရင် သူရဲကောင်း၊ လူတယောက် ဆဲတာကို ဥပေက္ခာ ပြုနိုင်ရင် သူတော်ကောင်း၊ လူတယောက် အသက်ကို ကယ်နိုင် ရင်တော့ နတ်ဘုရား" တဲ့။
ဒီတော့ ကိုယ့်ကို တိုက်ခိုက် နေသူတွေကို ပြန် တိုက်ခိုက်ဖို့ အချိန် မရှိပါဘူး။
ကိုယ်က အားကျတဲ့ လူတွေလို ဖြစ်ဖို့၊ သူတို့ထက် တော်ဖို့ ကြိုးစားရမှာ နဲ့တင် ကိုယ့်ရဲ့ အချိန်တွေက လောက်ပါ့ မလား။
နောက်မကျ သေးပါဘူး။ ကိုယ့်ရဲ့ အရည်အချင်း မပြည့်မှီတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားမှုက နည်းနေ သေးတာပါ။
အဲ့ဒီလူက တော်နေတာ မဟုတ်ပါဘူး။ ကိုယ်က ညံ့နေ သေးလို့ပါ။
crd
Zawgyi
ညံ့ေနေသးလို့ပါ
ငယ္ငယ္က ၾကည့္ဖူးတဲ့ ကာတြန္းကား ထဲက ခ႐ုေလး တေကာင္ အမႈမဲ့ အမွတ္မဲ့ ေျပာလိုက္တဲ့ စကားကို အခုထိ မွတ္မိေန ပါေသးတယ္။
"ငါေႏွးေနတာ မဟုတ္ဘူး။ ငါ့အရွိန္ကို ကမာၻႀကီးက အမွီ မလိုက္ႏိုင္ ေသးတာ" တဲ့။
ခ႐ုေလးက အမႈမဲ့ အမွတ္မဲ့ ေျပာလိုက္ ေပမဲ့ က်ေနာ္တို႔ အတြက္ အေတြး မ်ားစြာ ဝင္ေစ ပါတယ္။
တခါတရံ ကိုယ္အားက်တဲ့ လူေတြကို ၾကည့္ၾကည့္ပါ။ သူတို႔က ကိုယ့္ထက္ ေတာ္ေနတာ မဟုတ္ပါဘူး။ ကိုယ္က သူတို႔ထက္ ပိုႀကိဳးစားဖို႔ လိုေနတာပါ။
ကိုယ့္ကို တိုက္ခိုက္ ေနတဲ့ လူေတြကို ၾကည့္ ၾကည့္ပါ။ ကိုယ္က ျပန္တိုက္ခိုက္ဖို႔ မဟုတ္ပါဘူး။ ကိုယ္ ဘယ္ေလာက္ သည္းခံ ႏိုင္သလဲ ဆိုတာ သူတို႔ သိခ်င္ေန တာပါ။
စကားပုံ တခု ၾကားဖူး ပါတယ္။ "စစ္သည္ တရာကို တိုက္ခိုက္ ႏိုင္ရင္ သူရဲေကာင္း၊ လူတေယာက္ ဆဲတာကို ဥေပကၡာ ျပဳႏိုင္ရင္ သူေတာ္ေကာင္း၊ လူတေယာက္ အသက္ကို ကယ္ႏိုင္ ရင္ေတာ့ နတ္ဘုရား" တဲ့။
ဒီေတာ့ ကိုယ့္ကို တိုက္ခိုက္ ေနသူေတြကို ျပန္ တိုက္ခိုက္ဖို႔ အခ်ိန္ မရွိပါဘူး။
ကိုယ္က အားက်တဲ့ လူေတြလို ျဖစ္ဖို႔၊ သူတို႔ထက္ ေတာ္ဖို႔ ႀကိဳးစားရမွာ နဲ႔တင္ ကိုယ့္ရဲ႕ အခ်ိန္ေတြက ေလာက္ပါ့ မလား။
ေနာက္မက် ေသးပါဘူး။ ကိုယ့္ရဲ႕ အရည္အခ်င္း မျပည့္မွီတာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ ႀကိဳးစားမႈက နည္းေန ေသးတာပါ။
အဲ့ဒီလူက ေတာ္ေနတာ မဟုတ္ပါဘူး။ ကိုယ္က ညံ့ေန ေသးလို႔ပါ။
crd
0 Comments