အာဇာနည်တို့ စွမ်းရည်

လွန်လေပြီးသော အခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းဟာ မြင်းမျိုးမှာ ဝင်စားသတဲ့။ ဘောဇာဇာနီယသိန္ဓောမြင်းမျိုး ဖြစ်သတဲ့။ ဘုရင်မင်းကြီးရဲ့ မြင်းတပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ မြင်းကြီးပေါ့။ သူရဲကောင်းတွေဟာ အဲ့ဒီမြင်းကြီးကို စီးပြီး တိုက်တဲ့ ပွဲတိုင်း အောင်မြင်လေ့ ရှိသတဲ့ကွယ်။

တနေ့တော့ ခုနှစ်ပြည်ထောင်မင်း ခုနှစ်ပါးက ဗြဟ္မဒတ်မင်းကြီးရဲ့ မြို့တော်ကို ဝိုင်းပြီး ပိတ်ဆို့ထားတယ်။ "ငါတို့အား ထီးနန်းစည်းစိမ် ပေးအပ်မည်လော၊ စစ်မက် ပြိုင်ဆိုင်ခြင်း ပြုမည်လော" ဆိုပြီး ရာဇသံ ပေးတာပေါ့။

"ရာရာစစ ဘယ်တော့မှ ထီးနန်း လွှဲမပေးဘူး။ ငါ့တပ်မှာ သူရဲကောင်းတွေ အများကြီး ရှိတယ်။ ယှဉ်ကြတာပေါ့" ဆိုပြီး ဘုရင်ကြီးက ယှဉ်ပြိုင်ဖို့ စိန်ခေါ် ပြီးတဲ့နောက် သူ့တပ်ကို စစ်ပွဲဝင်ဖို့ စီမံ ခန့်ခွဲတယ်။ သူရဲကောင်း တယောက်ကို ဝိုင်းထားတဲ့ တပ်တွေကို ထိုးဖောက်ဖို့ ရွေးချယ် တာဝန်ပေး လိုက်တယ်။ သူရဲကောင်းကလည်း သူနဲ့ အတူ တိုက်ပွဲဝင်ဖို့ ဘောဇဇနီယ မြင်းကို ရွေးချယ်လိုက်သတဲ့။

တိုက်ပွဲ စတင်တော့ သူရွေးထားတဲ့ သိန္ဓောမြင်းနဲ့ ရန်သူ့တပ်ကို ထိုးဖောက်လိုက်တော့ ပထမတပ်က ပြိုကွဲသွားပြီး မင်းတပါးကို လက်ရဖမ်းမိသတဲ့။ နောက်ထပ် တတပ်ကို ထိုးဖောက် တိုက်ခိုက်ပြန်တော့ သိန္ဓောမြင်းရဲ့ အစွမ်းနဲ့ သူရဲကောင်းရဲ့ တိုက်ခိုက်မှုကြောင့် ဒုတိယတပ် ပြိုကွဲပြီး မင်းတပါးကို ထပ်ဖမ်းမိ ပြန်သတဲ့။

အဲဒီလိုနဲ့ တတိယ၊ စတုတ္ထ၊ ပဉ္စမ တပ်များကို မြင်းနဲ့အတူ တိုက်ခိုက် ထိုးဖောက်ပြီး သက်ဆိုင်ရာတပ်ရဲ့ မင်းတပါးဒီကို ဖမ်းမိခဲ့သတဲ့။ ဆဋ္ဌမမြောက်တပ်ကို ဝင်ရောက် ထိုးဖောက်ရာမှာ မြင်းအာဇာနည် ဘောဇာဇာနီယမြင်းဟာ မြားဒဏ်ရာထိပြီး ဒဏ်ရာ ရသွားသတဲ့။ သို့သော် ဆဋ္ဌမမြောက် မင်းကိုတော့ လက်ရ ဖမ်းမိခဲ့သတဲ့။

နောက်ဆုံးကျန်တဲ့ သတ္တမမြောက် မင်းကို ဖမ်းဖို့ စီစဉ်တော့ မြင်းစီးသူရဲကောင်းက မြင်းအာဇာနည် ဘောဇာဇာနီယ သိန္ဓောမြင်းရဲ့ ချပ်ဝတ် တန်ဆာတွေကို ယူပြီး တခြားမြင်း တကောင်နဲ့ တိုက်ခိုက်ဖို့ ပြင်သတဲ့။

"အချင်း မြင်းစီးသူရဲကောင်း သတ္တမမြောက် မင်းကိုဖမ်းဖို့ ငါသာ စွမ်းနိုင်ပါတယ်။ ငါ့ရဲ့ ချပ်ဝတ်တန်ဆာတွေ ပြန်ဝတ်ပေးပါ။ အသက်ပေးပြီး တာဝန် ကျေပွန်စေပါ့မယ်"

ထို့ကြောင့် မြင်းစီးသူရဲကောင်းဟာ ဘောဇာဇာနီယ သိန္ဓောမြင်းပေါ်ကို ချပ်ဝတ်တန်ဆာတွေ ပြန်ဆင်ပေးပြီး သတ္တမမြောက် ဘုရင်ကို ဖမ်းဖို့ တပ်ကို ထိုးဖောက် ဝင်ရောက်လိုက်တယ်။ နောက်ဆုံးတော့ သူရဲကောင်းနဲ့ ဘောဇာဇာနီယ သိန္ဓောမြင်းတို့ဟာ တိုက်ပွဲမှာ သတ္တမမြောက်ဘုရင်ကို လက်ရ ဖမ်းဆီးနိုင်ခဲ့ ပြန်သတဲ့။

ဘောဇာဇာနီယ သိန္ဓောမြင်း ကတော့ ဒဏ်ရာ ပြင်းထန်စွာနဲ့ တိုက်ပွဲ ဝင်ခဲ့တော့ အခု အသက် ငင်နေသလို ဖြစ်နေပြီပေါ့။ ဘုရင်ကြီးက အာဇာနည်မြင်းအနား ရောက်လာကာ "ချစ်သား၊ နေသာသလို နေပါ" ဆိုပြီး နှစ်သိမ့်တယ်။

အာဇာနည်မြင်းက "အရှင်မင်းကြီး ခုနှစ်ပြည်ထောင် မင်းတွေကို ဖမ်းပေးတဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ပါတယ်။ သုံ့ပန်းဖြစ်တဲ့ မင်းတွေကို မသတ်ပါနဲ့၊ သစ္စာရေ တိုက်ပြီး သစ္စာခံလို့ ပြန်လွှတ်ပေးလိုက်ပါ"

ဘုရင်ကြီးက မြင်းအာဇာနည်ရဲ့ တောင်းဆိုချက်ကို လိုက်လျော လိုက်တယ်။ မြင်းအာဇာနည်ရဲ့ ချပ်ဝတ် တန်ဆာတွေကို ချွတ်ပေးလိုက်တဲ့ ခဏမှာ မြင်းအာဇာနည်ဟာ အသက် ကုန်သွားရပြီလေ။ အာဇာနည်တို့ မည်သည် ပေးအပ်သော တာဝန်ကို အသက်ထက် အသက်စွန့်လို့ တာဝန်ယူနိုင် ခဲ့ကြတာပေါ့လေ။

phoomyatchal ဆရာကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသား ဖော်ပြခြင်းဖြစ်သည်။

Zawgyi

အာဇာနည္တို႔ စြမ္းရည္

လြန္ေလၿပီးေသာ အခါက ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္းႀကီး မင္းျပဳစဥ္ ဘုရားေလာင္းဟာ ျမင္းမ်ိဳးမွာ ဝင္စားသတဲ့။ ေဘာဇာဇာနီယသိေႏၶာျမင္းမ်ိဳး ျဖစ္သတဲ့။ ဘုရင္မင္းႀကီးရဲ႕ ျမင္းတပ္မွာ တာဝန္ ထမ္းေဆာင္ေနတဲ့ ျမင္းႀကီးေပါ့။ သူရဲေကာင္းေတြဟာ အဲ့ဒီျမင္းႀကီးကို စီးၿပီး တိုက္တဲ့ ပြဲတိုင္း ေအာင္ျမင္ေလ့ ရွိသတဲ့ကြယ္။

တေန႔ေတာ့ ခုႏွစ္ျပည္ေထာင္မင္း ခုႏွစ္ပါးက ျဗဟၼဒတ္မင္းႀကီးရဲ႕ ၿမိဳ႕ေတာ္ကို ဝိုင္းၿပီး ပိတ္ဆို႔ထားတယ္။ "ငါတို႔အား ထီးနန္းစည္းစိမ္ ေပးအပ္မည္ေလာ၊ စစ္မက္ ၿပိဳင္ဆိုင္ျခင္း ျပဳမည္ေလာ" ဆိုၿပီး ရာဇသံ ေပးတာေပါ့။

"ရာရာစစ ဘယ္ေတာ့မွ ထီးနန္း လႊဲမေပးဘူး။ ငါ့တပ္မွာ သူရဲေကာင္းေတြ အမ်ားႀကီး ရွိတယ္။ ယွဥ္ၾကတာေပါ့" ဆိုၿပီး ဘုရင္ႀကီးက ယွဥ္ၿပိဳင္ဖို႔ စိန္ေခၚ ၿပီးတဲ့ေနာက္ သူ႔တပ္ကို စစ္ပြဲဝင္ဖို႔ စီမံ ခန႔္ခြဲတယ္။ သူရဲေကာင္း တေယာက္ကို ဝိုင္းထားတဲ့ တပ္ေတြကို ထိုးေဖာက္ဖို႔ ေ႐ြးခ်ယ္ တာဝန္ေပး လိုက္တယ္။ သူရဲေကာင္းကလည္း သူနဲ႔ အတူ တိုက္ပြဲဝင္ဖို႔ ေဘာဇဇနီယ ျမင္းကို ေ႐ြးခ်ယ္လိုက္သတဲ့။

တိုက္ပြဲ စတင္ေတာ့ သူေ႐ြးထားတဲ့ သိေႏၶာျမင္းနဲ႔ ရန္သူ႔တပ္ကို ထိုးေဖာက္လိုက္ေတာ့ ပထမတပ္က ၿပိဳကြဲသြားၿပီး မင္းတပါးကို လက္ရဖမ္းမိသတဲ့။ ေနာက္ထပ္ တတပ္ကို ထိုးေဖာက္ တိုက္ခိုက္ျပန္ေတာ့ သိေႏၶာျမင္းရဲ႕ အစြမ္းနဲ႔ သူရဲေကာင္းရဲ႕ တိုက္ခိုက္မႈေၾကာင့္ ဒုတိယတပ္ ၿပိဳကြဲၿပီး မင္းတပါးကို ထပ္ဖမ္းမိ ျပန္သတဲ့။

အဲဒီလိုနဲ႔ တတိယ၊ စတုတၳ၊ ပၪၥမ တပ္မ်ားကို ျမင္းနဲ႔အတူ တိုက္ခိုက္ ထိုးေဖာက္ၿပီး သက္ဆိုင္ရာတပ္ရဲ႕ မင္းတပါးဒီကို ဖမ္းမိခဲ့သတဲ့။ ဆ႒မေျမာက္တပ္ကို ဝင္ေရာက္ ထိုးေဖာက္ရာမွာ ျမင္းအာဇာနည္ ေဘာဇာဇာနီယျမင္းဟာ ျမားဒဏ္ရာထိၿပီး ဒဏ္ရာ ရသြားသတဲ့။ သို႔ေသာ္ ဆ႒မေျမာက္ မင္းကိုေတာ့ လက္ရ ဖမ္းမိခဲ့သတဲ့။

ေနာက္ဆုံးက်န္တဲ့ သတၱမေျမာက္ မင္းကို ဖမ္းဖို႔ စီစဥ္ေတာ့ ျမင္းစီးသူရဲေကာင္းက ျမင္းအာဇာနည္ ေဘာဇာဇာနီယ သိေႏၶာျမင္းရဲ႕ ခ်ပ္ဝတ္ တန္ဆာေတြကို ယူၿပီး တျခားျမင္း တေကာင္နဲ႔ တိုက္ခိုက္ဖို႔ ျပင္သတဲ့။

"အခ်င္း ျမင္းစီးသူရဲေကာင္း သတၱမေျမာက္ မင္းကိုဖမ္းဖို႔ ငါသာ စြမ္းႏိုင္ပါတယ္။ ငါ့ရဲ႕ ခ်ပ္ဝတ္တန္ဆာေတြ ျပန္ဝတ္ေပးပါ။ အသက္ေပးၿပီး တာဝန္ ေက်ပြန္ေစပါ့မယ္"

ထို႔ေၾကာင့္ ျမင္းစီးသူရဲေကာင္းဟာ ေဘာဇာဇာနီယ သိေႏၶာျမင္းေပၚကို ခ်ပ္ဝတ္တန္ဆာေတြ ျပန္ဆင္ေပးၿပီး သတၱမေျမာက္ ဘုရင္ကို ဖမ္းဖို႔ တပ္ကို ထိုးေဖာက္ ဝင္ေရာက္လိုက္တယ္။ ေနာက္ဆုံးေတာ့ သူရဲေကာင္းနဲ႔ ေဘာဇာဇာနီယ သိေႏၶာျမင္းတို႔ဟာ တိုက္ပြဲမွာ သတၱမေျမာက္ဘုရင္ကို လက္ရ ဖမ္းဆီးႏိုင္ခဲ့ ျပန္သတဲ့။

ေဘာဇာဇာနီယ သိေႏၶာျမင္း ကေတာ့ ဒဏ္ရာ ျပင္းထန္စြာနဲ႔ တိုက္ပြဲ ဝင္ခဲ့ေတာ့ အခု အသက္ ငင္ေနသလို ျဖစ္ေနၿပီေပါ့။ ဘုရင္ႀကီးက အာဇာနည္ျမင္းအနား ေရာက္လာကာ "ခ်စ္သား၊ ေနသာသလို ေနပါ" ဆိုၿပီး ႏွစ္သိမ့္တယ္။

အာဇာနည္ျမင္းက "အရွင္မင္းႀကီး ခုႏွစ္ျပည္ေထာင္ မင္းေတြကို ဖမ္းေပးတဲ့ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ ခဲ့ပါတယ္။ သုံ႔ပန္းျဖစ္တဲ့ မင္းေတြကို မသတ္ပါနဲ႔၊ သစၥာေရ တိုက္ၿပီး သစၥာခံလို႔ ျပန္လႊတ္ေပးလိုက္ပါ"

ဘုရင္ႀကီးက ျမင္းအာဇာနည္ရဲ႕ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာ လိုက္တယ္။ ျမင္းအာဇာနည္ရဲ႕ ခ်ပ္ဝတ္တန္ဆာေတြကို ခြၽတ္ေပးလိုက္တဲ့ ခဏမွာ ျမင္းအာဇာနည္ဟာ အသက္ ကုန္သြားရၿပီေလ။ အာဇာနည္တို႔ မည္သည္ ေပးအပ္ေသာ တာဝန္ကို အသက္ထက္ အသက္စြန႔္လို႔ တာဝန္ယူႏိုင္ ခဲ့ၾကတာေပါ့ေလ။

phoomyatchal ဆရာၾကည္ေဇာ္၏ အာဇာနည္တို႔စြမ္းရည္ ပုံျပင္စာအုပ္မွ ေရးသား ေဖာ္ျပျခင္းျဖစ္သည္။

Post a Comment

0 Comments