ဝေဖန်တော့မယ်ဆိုရင် သတိရပါ

အိုင်းစတိုင်းက သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ်။

9x1 = 09

9x2 = 18

9x3 = 27

9x4 = 36

9x5 = 45

9x6 = 54

9x7 = 63

9x8 = 72

9x9 = 81

9x10 = 91

ဒါကို ကျောင်းသားတွေ ထရယ်ကြ ပါလေရော။ သူ့လိုလူ တယောက်က သင်္ချာအလီကို မှားရေးမိတာကိုး။ 9 နဲ့ 10 နဲ့ မြှောက်ရင် 90 ပဲ ဖြစ်ရမယ့် နေရာမှာ အိုင်းစတိုင်းက 91 လို့ ရေးထားတယ်။

အိုင်းစတိုင်း ကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့ အထိ စောင့်လိုက်ပြီးမှ စကား ဆက်ပြောတယ်။

"စာ ၁၀ ကြောင်း ရေးထားတယ်၊ ပထမ ၉ ကြောင်းက မှန်ပေမယ့် ဘယ်သူမှ ငါ့ကို ဂုဏ်မပြုကြဘူး။ ဒါပေမဲ့ အမှားတကြောင်း အတွက် ငါ့ကို လှောင်ပြောင်ကြတယ်။

ဒါဟာ ဘာကို ရည်ညွှန်းသလဲ ဆိုရင် လူတွေဟာ အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက် အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ ရွေးမြင်တတ် ကြလို့ပါပဲ" တဲ့။

ဒီဖြစ်ရပ် ကနေ သင်ခန်းစာ အများကြီး ပေးသွားပါတယ်။ လူတော်တော် များများက သူတို့ဟာ စင်းလုံးချော မကောင်းပေမဲ့ ကျွန်တော်တို့ကို အချိန်တိုင်း ပုံသေ စင်းလုံးချော ကောင်းစေချင် ကြတယ်။

တခုခု အမှား လုပ်လိုက်တာနဲ့ သည်းခံ ခွင့်လွှတ် ပြုပြင် ပေးမယ့်အစား အပြစ်မြင်၊ အပြစ်တင်ပြီး ရှောင်ထွက် စွန့်ခွာခြင်းလမ်း ကိုသာ အများဆုံး ရွေးချယ် သွားကြတယ်။

အားနည်းချက် တခုကို ဝေဖန် လှောင်ပြောင် တော့မယ်ဆိုရင် ဒါမှမဟုတ် ဝေဖန် လှောင်ပြောင်တာမျိုး ခံရရင် ဒီစာပိုဒ်လေးကို သတိရလိုက်ပါ။

လောကကြီးမှာ ကိုယ်ကြီးပြင်း ခဲ့ရတဲ့ ပတ်ဝန်းကျင် ကိုယ်ရှင်သန် ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ ရောက်ရှိနေတဲ့ အနေအထား မတူညီတဲ့အခါ အမြင်နဲ့ ခံယူချက်ဟာလည်း မတူညီနိုင် ပါဘူး။

ကျွန်တော်တို့ လူတွေဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ ဒါ့ကြောင့် အမှား တခု အတွက်နဲ့ လူတယောက်ကို မလဲပစ် လိုက်ပါနဲ့။

Crd

Zawgyi

ေဝဖန္ေတာ့မယ္ဆိုရင္ သတိရပါ

အိုင္းစတိုင္းက သင္ပုန္းမွာ အခုလိုမ်ိဳး ေရးခဲ့တယ္။

9x1 = 09

9x2 = 18

9x3 = 27

9x4 = 36

9x5 = 45

9x6 = 54

9x7 = 63

9x8 = 72

9x9 = 81

9x10 = 91

ဒါကို ေက်ာင္းသားေတြ ထရယ္ၾက ပါေလေရာ။ သူ႔လိုလူ တေယာက္က သခ်ၤာအလီကို မွားေရးမိတာကိုး။ 9 နဲ႔ 10 နဲ႔ ေျမႇာက္ရင္ 90 ပဲ ျဖစ္ရမယ့္ေနရာမွာ အိုင္းစတိုင္းက 91 လို႔ ေရးထားတယ္။

အိုင္းစတိုင္း ကလည္း ရယ္ေနတဲ့ ကေလးေတြ ရပ္သြားတဲ့ အထိ ေစာင့္လိုက္ၿပီးမွ စကား ဆက္ေျပာတယ္။

"စာ ၁၀ ေၾကာင္း ေရးထားတယ္၊ ပထမ ၉ ေၾကာင္းက မွန္ေပမယ့္ ဘယ္သူမွ ငါ့ကို ဂုဏ္မျပဳၾကဘူး။ ဒါေပမဲ့ အမွားတေၾကာင္း အတြက္ ငါ့ကို ေလွာင္ေျပာင္ၾကတယ္။

ဒါဟာ ဘာကို ရည္ၫႊန္းသလဲ ဆိုရင္ လူေတြဟာ အမွန္တရားနဲ႔ အားသာခ်က္ကို ျမင္တာထက္ အားနည္းခ်က္နဲ႔ အမွားအတြက္ကိုပဲ ေ႐ြးျမင္တတ္ ၾကလို႔ပါပဲ" တဲ့။

ဒီျဖစ္ရပ္ ကေန သင္ခန္းစာ အမ်ားႀကီး ေပးသြားပါတယ္။ လူေတာ္ေတာ္ မ်ားမ်ားက သူတို႔ဟာ စင္းလုံးေခ်ာ မေကာင္းေပမဲ့ ကြၽန္ေတာ္တို႔ကို အခ်ိန္တိုင္း ပုံေသ စင္းလုံးေခ်ာ ေကာင္းေစခ်င္ ၾကတယ္။

တခုခု အမွား လုပ္လိုက္တာနဲ႔ သည္းခံ ခြင့္လႊတ္ ျပဳျပင္ ေပးမယ့္အစား အျပစ္ျမင္၊ အျပစ္တင္ၿပီး ေရွာင္ထြက္ စြန႔္ခြာျခင္းလမ္း ကိုသာ အမ်ားဆုံး ေ႐ြးခ်ယ္ သြားၾကတယ္။

အားနည္းခ်က္ တခုကို ေဝဖန္ ေလွာင္ေျပာင္ ေတာ့မယ္ဆိုရင္ ဒါမွမဟုတ္ ေဝဖန္ ေလွာင္ေျပာင္တာမ်ိဳး ခံရရင္ ဒီစာပိုဒ္ေလးကို သတိရလိုက္ပါ။

ေလာကႀကီးမွာ ကိုယ္ႀကီးျပင္း ခဲ့ရတဲ့ ပတ္ဝန္းက်င္ ကိုယ္ရွင္သန္ က်င္လည္ရတဲ့ ပတ္ဝန္းက်င္နဲ႔ ေရာက္ရွိေနတဲ့ အေနအထား မတူညီတဲ့အခါ အျမင္နဲ႔ ခံယူခ်က္ဟာလည္း မတူညီႏိုင္ ပါဘူး။

ကြၽန္ေတာ္တို႔ လူေတြဆိုတာ အမွားနဲ႔ မကင္းႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အမွား တခု အတြက္နဲ႔ လူတေယာက္ကို မလဲပစ္ လိုက္ပါနဲ႔။

Crd

Post a Comment

0 Comments