သူဆင်းရဲကို မယူပါနဲ့

အဲဒီနေ့က သမီးက သမီးချစ်သူကို အိမ်ခေါ်လာပြီး "အဖေ၊ ဒါ သမီးချစ်သူ သမီး သူနဲ့ လက်ထပ်မယ်" လို့ ပြောခဲ့တယ်နော်။ အဖေ ဘယ်လိုရှင်းပြရမလဲ။ ကိုယ့်သမီး အထင်လွဲ သွားတာလောက် ခံစားရတာ မရှိပါဘူး သမီး။ နောက်တော့ သမီးကို အဲဒီလူနဲ့ သဘောမတူနိုင် ဘူးလို့ အဖေ ပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ "ဆင်းရဲလို့" လို့ အဖေ ဖြေတယ်။

အဲဒီတုန်းက အဖေ့ကို ကြည့်တဲ့ သမီးရဲ့ အကြည့်ကို အဖေ မမေ့ခဲ့ပါဘူး။ သမီးရဲ့ အကြည့်ထဲမှာ ငါ့အဖေက ငွေမက် လိုက်တာ၊ ကြီးကျယ်လိုက်တာ ဆိုတာ ပါနေတယ်။ "သူ ပိုက်ဆံ မရှိလို့ပေါ့၊ ဟုတ်လား ဖေဖေ" လို့ သမီး ပြန်မေးခဲ့တယ်နော်။ မဟုတ်ဘူး သမီး။ သူဆင်းရဲတာက ၁။ ပိုက်ဆံ ဆင်းရဲတာ မဟုတ်ဘူး။ သူဆင်းရဲတဲ့ အချက် ၄ ချက်ကို အဖေ တွေ့လိုက်တယ်။

ရည်မှန်းချက် ဆင်းရဲတယ်။ အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ ရပ်နေတဲ့အချိန် သမီးဘေးမှာ ရပ်နေတဲ့ သူက မျက်စိ ကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ် မခိုင်သလို ပါပဲ။ သမီးတို့ရဲ့ အနာဂတ်အကြောင်း အဖေ မေးတော့ သူ့မှာ စကား ထစ်ထစ် အအနဲ့ ဦးတည်ရာ မရှိခဲ့ဘူး။

အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံ မရှိတာမို့ အဖေ သူ့ကို မလိုလားမှာ စိုးတယ်လို့ သူပြောတယ်။ တကယ်တမ်း ပြောရရင် သူ့ပိုက်ဆံ မရှိလို့ သူ့ကို အဖေ မလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာရှာဖို့ "ရည်မှန်းချက် မရှိတာ" ကို အဖေ မလိုလားတာပါ။

သူဌေးသား တယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသား တယောက် ဘယ်သူ့ကို ရွေးမှာလဲလို့ အဖေ့ကို သမီး မေးခဲ့ရင် အဖေ မဖြေတတ်ဘူး။ ဆင်းရဲတော့ ဘာဖြစ်လဲ လူတိုင်း ဆင်းရဲဖူးတာပဲ။ ဒါပေမယ့် အသက် ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက် ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့ စိတ်ဆန္ဒ မရှိရဘူး။

လူတိုင်းက ဖြူစင်လှပတဲ့ အချစ်တခုကို ပိုင်ဆိုင်ချင် ကြတာပါပဲ။ ဒါပေမယ့် ဘဝတခုကို ထူထောင်တဲ့အခါ သူနဲ့အတူ ထမင်းရည်ယက်၊ တဲအိုပျက်မှာ သမီး တသက်မနေနိုင်ပါဘူး။ ဘဝတခုကို သမီးတို့ လက်တွေ့ ကျကျ ရင်ဆိုင်ကြရ မှာပါပဲ။

၂။ အတွေးအခေါ် ဆင်းရဲတယ်။ လူ့ဘဝရဲ့ ဒီတသက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီး။ ယောက်ျားလေး ဆိုတဲ့ အမျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ်မရောက်ခင် ကတည်းက အရာရာ သိတတ်နေပြီ။ သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝ ထူထောင်ကြမယ့် အဖြစ်ကို အဖေ ယောင်လို့တောင် မတွေးရဲခဲ့ဘူး။ သူက ကွန်ပျူတာဂိမ်း ဆော့တာ ကြိုက်တယ်တဲ့။ ဒါက ဘာမှတော့ မဟုတ်ပါဘူး၊ အဖေလည်း ဂိမ်းဆော့တာပဲလေ။

ဒါပေမယ့် အလုပ်က ပြန်ရောက်တာနဲ့ ဖိနပ်တဘက်၊ ခြေအိတ်တဘက် ပစ်ထုတ်ပြီး ဘာအရေးအကြောင်း ကိစ္စမှ စိတ်မဝင်စား တော့ဘဲ ဂိမ်းထဲ ထိုးဝင်သွားတာမျိုးက မရဘူး။ သူ့အတွက် သမီးက ထမင်းကမ်း ရေကမ်း ပေးနေရဦးမှာ။ သမီးက စာဖတ်တာကို ကြိုက်တယ်၊ ထက်တယ်။ လူကြီးသူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့် ပြောဆိုနိုင်တယ်။ လူတိုင်းက သမီးကို သွက်သွက်လက်လက် ရှိတယ်လို့ ပြောကြတယ်။

ဟိုနေ့က အဖေ့ရှေ့မှာ ထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်း ပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကားလုံးဗလာပဲ သမီး။ ဘဝဆိုတာ သမီးရည်းစား တုန်းကလို ပျော်ရွှင်နေမှာ မဟုတ်ဘူးသမီး။ ပျင်းရိ ငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင်လှုပ်ရှားဖို့ ဆိုတာ လူတဦး တယောက်တည်းရဲ့ အတွေးအခေါ်နဲ့ မရဘူး သမီး။ သူ့အတွေး၊ ကိုယ့်အတွေးတွေ ဖလှယ်မျှဝေ ကြမှ ဘဝက စိတ်ဝင်စားစရာကောင်းတာ။

အဖေ မှတ်မိပါသေးတယ်။ အမေ့ဝမ်းထဲ ကနေ ထွက်လာတုန်းက တခြားကလေးတွေက ငိုပေမယ့် သမီးက ပြုံးရယ်ပြီး ထွက်လာတယ်။ သမီးက ငယ်ငယ်လေး တည်းက အရယ် သန်တယ်။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ်။ သမီး တသက်လုံး ပြုံးပျော်ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး။

၃။ အသိပညာ ဆင်းရဲတယ်။ သူသုံးတဲ့ ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့အခု ဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင် လောက်တဲ့ အရာတွေကို ဝယ်သုံးရသလဲ။ မူလဇစ်မြစ်က အရေးပါတယ်တဲ့။ ဟုတ်ပါတယ် မူလဇစ်မြစ် ကောင်းတိုင်း အရာရာ ကောင်းသွားတာတော့ မဟုတ်ဘူး။ အဖေအသက် ၅ဝ ကျော် အတွေ့အကြုံအရ လူတယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစု အတွေးအမြင်ကို အနည်းအများ သက်ရောက် စေနိုင်တယ် ဆိုတာပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲဒီ အတွေးအမြင် မျိုးကို စမြင်နေရပြီ သမီး။

၄။ အမျှော်အမြင် ဆင်းရဲတယ်။ အသိပညာ ဆင်းရဲတဲ့အပြင် "အတွေ့အမြင်လည်း ဆင်းရဲ" တာမို့ သူဟာ အသက် ၂ဝ ကျော်တာတောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး။ သူ့အိမ်က ဆင်းရဲတာ အဖေ သိတယ်။ ဒါက ကိစ္စ မရှိပါဘူး။ ဒီခေတ် ဒီအခါက လူငယ်တွေကို အခွင့်အရေး တော်တော်များများ ပေးထားပါတယ်။ ကြိုးစားလိုစိတ် ရှိရင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ် ဆိုတာကို အဖေယုံတယ်။ ဘဝဆိုတဲ့ ပိုက်ကွန်ကို သမီး အအုပ်ခံပြီး လင်ကျွေး သားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး တနှစ်ပြီး တနှစ် သမီး ကုန်ဆုံးနေမယ် ဆိုရင် သမီးကို အဖေ အိမ်ထောင် မပြုစေချင်ဘူး သမီး။

သမီးကို တသက်လုံး ကျွေးမွေးထားရမယ် ဆိုရင်တောင် ဒီလို အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ဘဝကို သမီး ဦးညွှတ် ခါးမကုန်း စေချင်ဘူး သမီး။ ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင် ပြီးရင် သူက သမီးကို အလုပ်ပေး မလုပ်တော့ဘူး။ အိမ်မှာပဲ လင်မွေး သားမွေး၊ ထိန်းကျောင်း ပြုစုခိုင်းမယ်လို့ ပြောတယ်။ အဖေတယောက်ဖြစ်တဲ့ အဖေဟာ သူတို့ရဲ့ အယူအဆတွေကို နားမလည်ခဲ့ဘူး သမီး။ ငယ်ငယ်လေးတည်းက သမီးကို အဖေကျောင်းပို့၊ ငွေကြေးတွေ ကုန်ကျပြီး ဟိုသင်တန်း တက်ခိုင်း၊ ဒီသင်တန်း တက်ခိုင်းနဲ့ သမီးကို ဘာမှ မခိုင်းခဲ့ဘူး။ ဒါပေမယ့် ဒီလိုနဲ့ပဲ သမီးကို တသက် မကုန်ဆုံး စေချင်ဘူး။

သမီးကို အဖေ ကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေ သင်ယူစေခဲ့တာ၊ သမီးကို ပိုထူးချွန် ထက်မြက်သူ ဖြစ်စေခဲ့တာဟာ အနာဂတ်ကောင်း တခုကို သမီး ပိုင်ဆိုင်နိုင်ဖို့ပါ။ သမီးကို သမီးချစ်သူနဲ့ အဖေ သဘောမတူတာဟာ ဒီအချက် ၄ ချက်ကြောင့်ပဲ သမီး။ သမီး ၄ နှစ် အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လိုလူမျိုးကို ယူမလဲလို့ မေးတုန်းက သမီးက "ဖေဖေလို လူမျိုးကို ယူမယ်" လို့ ပြောခဲ့တယ်နော်။ အဖေ့လိုလူမျိုး သမီးကို မယူစေချင်တာ သမီးမသိခဲ့ဘူး မဟုတ်လား။ အဖေနဲ့ ယူလို့ သမီးအမေ တော်တော် ပင်ပန်းခဲ့ရတယ် သမီး။ သမီးဟာ အဖေ့ရဲ့ ထာဝရ နတ်သမီးလေးပါ။

တနေ့နေ့မှာ အဖေ ခါးကုန်းလို့၊ ခြေလှမ်းတွေလည်း နှေးလာတဲ့ အချိန်ရောက်တဲ့ အထိ၊ စကားပြော မပီသတော့တဲ့ အချိန် ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့ နတ်သမီးပါပဲ။ အဖေ့ ဒီတသက်မှာ ကောင်းတာ ဆိုးတာ၊ လည်တာ စားတာတွေ တော်တော် များများ လုပ်ခဲ့ပြီးပြီ။ အောင်မြင်တာ ကျရှုံးတာ၊ ချိုမြိန်တာ ခါးသက်တာတွေလည်း မြည်းစမ်းခဲ့ ပြီးပြီ။

မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာ သွားရမယ်ဆိုရင်တောင် အဖေ့မှာ နောင်တမရှိဘူး သမီး။ အဖေ ငွေမက်တာ မဟုတ်ဘူး၊ ကြီးကျယ်တာ မဟုတ်ဘူး သမီး။ သမီး ကောင်းမွန် ပျော်ရွှင်နေဖို့ကိုပဲ အဖေ မျှော်လင့်ခဲ့တာပါ။ ဒီအဖေ စိတ်ပူတာက ငွေကြေးမချမ်းသာလို့ ဆင်းရဲတာကို မဟုတ်ပါဘူး။ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာကို စိုးရိမ်တာပါ။

အရွယ် ရှိချိန်မှာ ငွေကြေး မချမ်းသာရင် ကြိုးစား ရှာဖွေလို့ ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေ သဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ ပြုပြင်လို့ရမှာ ဖြစ်ပါတယ်။ အရွယ် ရှိချိန်မှာ ငွေကြေး မချမ်းသာရင် ကြိုးစား ရှာဖွေလို့ ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေသဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ ပြုပြင်လို့ရမှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments