အိမ်မှာမစိုက်ထားသင့်တဲ့ အပင် (၈) မျိုး

အပင်လေးတွေက စိတ်ကို လန်းဆန်းစေပါတယ်။ အခန်းထဲမှာ၊ ခြံဝန်းထဲမှာ အပင်လှလှလေးတွေကို မနက်ခင်း အိပ်ရာထထချင်း မြင်လိုက်ရတာကလည်း ပျော်ရွှင်မှုတစ်မျိုးပါပဲ။ ဒါပေမယ့် တချို့အပင်တွေက အန္တရာယ် ရှိတာကြောင့် အိမ်မှာ မစိုက်သင့်ပါဘူးနော်။

၁။ ဟော်လီပင်

ဟော်လီပင်ကို ခရစ္စမတ်ကာလမှာ အသုံးများပါတယ်။ ခရစ္စမတ်ပန်းခွေ ပြုလုပ်တဲ့အခါ ဟော်လီသီးလေးတွေကို သုံးကြပါတယ်။ ဒါပေမယ့် ဟော်လီသီးလေးတွေမှာ saponin လို့ခေါ်တဲ့ အဆိပ်တစ်မျိုး ပါဝင်ပါတယ်။ ဟော်လီသီးလေးတွေကို စားမိရင် မူးဝေအော့အန်တာ၊ ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။

၂။ Lily of the valley

ဒီပန်းရဲ့ရနံ့လေးက ချိုအီပြီးမွှေးတဲ့ ရနံ့လေးပါ။ ဒါပေမယ့် ပန်းရဲ့ အစိတ်အပိုင်းအားလုံးက အဆိပ်ရှိပါတယ်။ ခွေး၊ ကြောင်၊ မြင်းတွေရဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ နှလုံးကို အပြင်းအထန် ထိခိုက်စေပါတယ်။ တိရစ္ဆာန်သေးသေးလေးတွေ ဆိုရင် သေစေနိုင်ပါတယ်။

၃။ ပန်းလက်စွပ်

ပန်းလက်စွပ်ရဲ့ အစိတ်အပိုင်းတွေကို ဆေးတွေမှာ အသုံးပြုကြပါတယ်။ နှလုံးရောဂါကို ကုသတဲ့ဆေးတွေမှာ သုံးကြပါတယ်။ ဒါပေမယ့် ပန်းလက်စွပ်ပင်ကို အစိမ်းအတိုင်း စားတာ၊ မျိုချတာဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ပန်းလက်စွပ်ပင်ကို အစိမ်းအတိုင်းစားမိရင် နှလုံးကို ထိခိုက်ပြီး အသက်ကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါ့အပြင် အမြင်အာရုံတွေ ဝေဝါးတာ၊ ဗိုက်နာတာ၊ အန်တာ၊ မူးတာ၊ နှလုံးခုန် ပုံမှန်မဟုတ်တာတွေကို ဖြစ်စေပါတယ်။

၄။ ကျီးပေါင်းပင်

ဒီအပင်ကိုလည်း ခရစ္စမတ်ကာလမှာ အသုံးများကြပါတယ်။ ကျီးပေါင်းပင်ကို စားမိရင် ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အန်တာတွေ ဖြစ်စေပါတယ်။

၅။ ပဲနွယ်ပန်းပင်

ပဲနွယ်ပန်းပင်ရဲ့ အစိတ်အပိုင်းအားလုံးကို အဆိပ်ဖြစ်စေတယ်လို့ ယူဆကြပါတယ်။ အပင်က အစေ့ ၂ စေ့လောက်ကို စားမိရုံနဲ့ အပြင်းအထန် နေမကောင်းဖြစ်စေတာပါ။ ပါးစပ် အပူလောင်တာ၊ ဗိုက်နာတာ၊ အန်တာ၊ သတိလစ်တာ၊ မူးနောက်တာတွေက ဒီအပင်ကို စားမိရင် ဖြစ်တတ်တဲ့ လက္ခဏာတွေပါပဲ။

၆။ ဂျေရုဆလင်ချယ်ရီ

ဒီအပင်တစ်ပင်လုံးက အဆိပ်ရှိပါတယ်။ အထူးသဖြက့် အနီရောင်နဲ့ အဝါရောင် အသီးလေးတွေက ပိုပြီး အန္တရာယ်ရှိပါတယ်။ သူ့ရဲ့အဆိပ်က အစာအိမ်အူလမ်းကြောင်းနဲ့ ဗဟိုအာရုံကြောစနစ်ကိုပါ ထိခိုက်စေပါတယ်။ ဂျေရုစလင်ချယ်ရီသီးကို စားမိရင် စိတ်ကယောင်ကတမ်းဖြစ်တာ၊ ခေါင်းကိုက်တာ၊ အသက်ရှူနှေးသွားတာ၊ သွက်ချာပါဒ စတဲ့ ပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်လာစေပါတယ်၊

၇။ Snakeroot

ဒီအပင်လေးက ကြွက်သားတွေကို အားနည်းသွားစေတာပါ။ တိရစ္ဆာန်တွေက ဒီအပင်တွေကို စားမိရင် အဆိပ်တွေက သူတို့ရဲ့အသားနဲ့နို့အထိ ပျံ့နှံ့သွားပါတယ်။ အဲဒီအသားနဲ့ နို့ကို လူတွေ စားမိသောက်မိရင်လည်း ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာစေပါတယ်။

၈။ တောင်ဇလပ်ပင်

တောင်ဇလပ်ပင်က အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အဆိပ်ဖြစ်စေပြီး နှလုံးနဲ့ ကြွက်သားကို ထိခိုက်စေပါတယ်။ သွားရည်တွေ အများကြီးကျလာတာ၊ အားနည်းတာ၊ အစားစားချင်စိတ်နည်းတာ၊ အန်တာတွေ ဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments