ပီကာဆိုနှင့် သူခိုး

တခါတုန်းက အညတရ ပန်းချီဆရာ လူငယ်တဦးသည် အိမ်ငယ်လေး တအိမ်တွင် နေပြီး ပုံတူ ပန်းချီကားများ ရေးဆွဲခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းခဲ့သည်။ တနေ့သ၌ အထက်တန်းလွှာ သူဌေးကတော် တဦးသည် ထိုအိမ်ရှေ့မှ အဖြတ် ပန်းချီဆရာ၏ သပ်ရပ်သော လက်ရာကို တွေ့မိပြီး သဘောကျ သောကြောင့် မိမိပုံတူကို ပန်းချီ ဆွဲခိုင်းစေခဲ့သည်။ ဆွဲခမှာ တသောင်း ဖြစ်သည်။

တပတ်ကြာသော် သူဌေးကတော်မှာ ချိန်းထားသည့် အတိုင်း ပန်းချီ ရွေးယူရန် လာရောက်ခဲ့သည်။ ပန်းချီမရွေးခင် စိတ်ထဲ၌ ဤသို့ စဉ်းစားမိသည်။ "ပန်းချီကားချပ်ထဲက လူဟာ ငါပဲ တကယ်လို့ ဒီပုံတူကို ငါမဝယ်ပဲ နေရင် နောင်လည်း ဝယ်မဲ့လူ ရှိမှာမဟုတ်ဘူး"

ထိုသို့ စဉ်းစားမိပြီး နာမည်ကြီးသော ပန်းချီဆရာ တယောက်လည်း မဟုတ်သည့် အတွက် နဂို သတ်မှတ်ထားသော ဆွဲခထက် လျော့ပေးရန် ဆုံးဖြတ်လိုက်သည်။ ငွေတသောင်း အကုန်ခံပြီး ပန်းချီကို မရွေးနိုင် ထက်ဝက်ဈေးသာ ပေးမည်ဟု လူရွယ်အား ဈေးဆစ် လေသည်။

ပန်းချီဆရာမှာ ထိုကဲ့သို့ တခါမှ မကြုံဖူးသော ထိုစကားကို ကြားသောအခါ အံ့သြသွားမိသည်။ သတ်မှတ်ထားသည့် ဈေးအတိုင်း ပေးသင့်ကြောင်း ကတိတည်သောသူ ဖြစ်သင့်ကြောင်း သူဌေးကတော်အား ရှင်းပြခဲ့သည်။ သူဌေးကတော်က "တဝက်ဈေးသာ ပေးနိုင်တယ်။ သဘောမတူရင် ပန်းချီကားကို မဝယ်ဘူး။ ရောင်းမလား မရောင်းဘူးလား ဒါပဲပြော"

သူဌေးကတော်က အလျော့ပေးမည် မဟုတ်မှန်း ရိပ်မိသောကြောင့် ပန်းချီဆရာက "မရောင်းနိုင်ဘူး။ ဒီပန်းချီကားကို ကျွန်တော် မရောင်းနိုင်တော့ဘူး။ ခင်ဗျားရဲ့ အထင်အမြင် သေးမှုကိုလည်း မခံဘူး။ ဒီနေ့မှာ ခင်ဗျားဟာ ကတိ မတည်သောလူ ဖြစ်တယ်။ နောင်တချိန်မှာ ဒီပန်းချီကားကို ခင်ဗျား အဆနှစ်ဆယ် ပေးပြီး ပြန်ဝယ် ရလိမ့်မယ်" ဆိုပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

ထိုအခါ သူဌေးကတော်က "ဟား ဟား ဟား ရယ်ရတယ် အဆ နှစ်ဆယ်တဲ့။ ဒီပန်းချီကားကို အဆနှစ်ဆယ် ပေးပြီး ဝယ်ရလောက်အောင် ငါ မတုံးအ သေးဘူး" ဟု ပြောသည်။ ပန်းချီဆရာက "ကောင်းပြီလေ ကြည့်ကြသေးတာပေါ့"

သို့နှင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးခဲ့သည်။ ပန်းချီဆရာလည်း ထိုနေရာမှ ထွက်ခွာပြီး ဆရာသမားကောင်း များနှင့် ပန်းချီပညာကို အ ပတ်တကုတ် ဆက်လက် သင်ယူခဲ့သည်။ ဆယ်နှစ်အတွင်း ပန်းချီလောကတွင် ထိုးဖောက် ထူးချွန်သော ကမ္ဘာကျော် ပန်းချီဆရာတဦး ဖြစ် လာခဲ့သည်။ သူဌေးကတော်မှာ ယခင်က ဖြစ်ပျက် ခဲ့ဖူးသော ကိစ္စကိုပင် မေ့ပင်မေ့လျော့ နေလောက်ပြီ။

သို့နှင့် တနေ့တွင် သူဌေးကတော်၏ မိတ်ဆွေများက သူမအား သတင်းတခု ပြောပြခဲ့သည်။ "အံ့သြစရာတခု ပြောရအုံးမယ်။ တနေ့က ငါတို့ နာမည်ကျော် ပန်းချီဆရာတဦးရဲ့ ပန်းချီပြပွဲကို သွားခဲ့တယ်။ အဲဒီပြပွဲမှာ ဈေးကြီးတဲ့ ပန်းချီကားတချပ် တွေ့ခဲ့တယ်။ ပုံထဲက ရုပ်ပုံဟာ ခင်ဗျားနဲ့ တပုံစံထဲပဲ။ ဈေးက နှစ်သိန်းတဲ့။ ပိုထူးဆန်းပြီး ရယ်စရာ ကောင်းတာက ပန်းချီကားရဲ့ နာမည်က သူခိုး တဲ့"

သူဌေးကတော်မှာ မူးမေ့မတတ် ခံစားမိသည်။ လွန်ခဲ့သော ဆယ်နှစ်က အဖြစ်အပျက်ကို မြင်ယောင် လာမိသည်။ သူ၏ အကျင့်သိက္ခာကို အဆုံးအဖြတ် ပေးသော ပန်းချီကား ဖြစ်ခဲ့သည်။ သူမသည် ထိုပန်းချီပြပွဲသို့ ချက်ချင်းသွားပြီး ပန်းချီဆရာအား တောင်းပန်ကာ ပန်းချီကားကို နှစ်သိန်း အကုန်ခံပြီး ဝယ်ယူခဲ့သည်။

ပန်းချီဆရာ၏ အရှုံးမပေး လိုသောစိတ်၊ မဆုတ်မနစ် ကြိုးစားသော ဇွဲနှင့် သူဌေးကတော်အား ခေါင်းငြိမ့်အောင် ကြိုးစားနိုင်ခဲ့သည်။ ထိုလူငယ် ပန်းချီဆရာမှာ နောင်ခါတွင် ကမ္ဘာကျော် ထင်ရှား ကျော်ကြားခဲ့သော ပန်းချီဆရာ Picasso ပင် ဖြစ်သည်။ လောကတွင် ကိုယ့်အား အထင်အမြင် သေးသူ၊ အလဲထိုးနိုင်သူ မရှိ။ အထင်အမြင်သေးအောင်၊ အလဲ ထိုးနိုင်အောင် လုပ်နိုင်သော သူမှာ ကိုယ်သာ ဖြစ်သည်။

99Snay

Zawgyi

ပီကာဆိုႏွင့္ သူခိုး

တခါတုန္းက အညတရ ပန္းခ်ီဆရာ လူငယ္တဦးသည္ အိမ္ငယ္ေလး တအိမ္တြင္ ေနၿပီး ပုံတူ ပန္းခ်ီကားမ်ား ေရးဆြဲျခင္းျဖင့္ အသက္ေမြး ဝမ္းေက်ာင္းခဲ့သည္။ တေန႔သ၌ အထက္တန္းလႊာ သူေဌးကေတာ္ တဦးသည္ ထိုအိမ္ေရွ႕မွ အျဖတ္ ပန္းခ်ီဆရာ၏ သပ္ရပ္ေသာ လက္ရာကို ေတြ႕မိၿပီး သေဘာက် ေသာေၾကာင့္ မိမိပုံတူကို ပန္းခ်ီ ဆြဲခိုင္းေစခဲ့သည္။ ဆြဲခမွာ တေသာင္း ျဖစ္သည္။

တပတ္ၾကာေသာ္ သူေဌးကေတာ္မွာ ခ်ိန္းထားသည့္ အတိုင္း ပန္းခ်ီ ေ႐ြးယူရန္ လာေရာက္ခဲ့သည္။ ပန္းခ်ီမေ႐ြးခင္ စိတ္ထဲ၌ ဤသို႔ စဥ္းစားမိသည္။ "ပန္းခ်ီကားခ်ပ္ထဲက လူဟာ ငါပဲ တကယ္လို႔ ဒီပုံတူကို ငါမဝယ္ပဲ ေနရင္ ေနာင္လည္း ဝယ္မဲ့လူ ရွိမွာမဟုတ္ဘူး"

ထိုသို႔ စဥ္းစားမိၿပီး နာမည္ႀကီးေသာ ပန္းခ်ီဆရာ တေယာက္လည္း မဟုတ္သည့္ အတြက္ နဂို သတ္မွတ္ထားေသာ ဆြဲခထက္ ေလ်ာ့ေပးရန္ ဆုံးျဖတ္လိုက္သည္။ ေငြတေသာင္း အကုန္ခံၿပီး ပန္းခ်ီကို မေ႐ြးႏိုင္ ထက္ဝက္ေဈးသာ ေပးမည္ဟု လူ႐ြယ္အား ေဈးဆစ္ ေလသည္။

ပန္းခ်ီဆရာမွာ ထိုကဲ့သို႔ တခါမွ မႀကဳံဖူးေသာ ထိုစကားကို ၾကားေသာအခါ အံ့ၾသသြားမိသည္။ သတ္မွတ္ထားသည့္ ေဈးအတိုင္း ေပးသင့္ေၾကာင္း ကတိတည္ေသာသူ ျဖစ္သင့္ေၾကာင္း သူေဌးကေတာ္အား ရွင္းျပခဲ့သည္။ သူေဌးကေတာ္က "တဝက္ေဈးသာ ေပးႏိုင္တယ္။ သေဘာမတူရင္ ပန္းခ်ီကားကို မဝယ္ဘူး။ ေရာင္းမလား မေရာင္းဘူးလား ဒါပဲေျပာ"

သူေဌးကေတာ္က အေလ်ာ့ေပးမည္ မဟုတ္မွန္း ရိပ္မိေသာေၾကာင့္ ပန္းခ်ီဆရာက "မေရာင္းႏိုင္ဘူး။ ဒီပန္းခ်ီကားကို ကြၽန္ေတာ္ မေရာင္းႏိုင္ေတာ့ဘူး။ ခင္ဗ်ားရဲ႕ အထင္အျမင္ ေသးမႈကိုလည္း မခံဘူး။ ဒီေန႔မွာ ခင္ဗ်ားဟာ ကတိ မတည္ေသာလူ ျဖစ္တယ္။ ေနာင္တခ်ိန္မွာ ဒီပန္းခ်ီကားကို ခင္ဗ်ား အဆႏွစ္ဆယ္ ေပးၿပီး ျပန္ဝယ္ ရလိမ့္မယ္" ဆိုၿပီး ခပ္ျပတ္ျပတ္ ျပန္ေျပာလိုက္သည္။

ထိုအခါ သူေဌးကေတာ္က "ဟား ဟား ဟား ရယ္ရတယ္ အဆ ႏွစ္ဆယ္တဲ့။ ဒီပန္းခ်ီကားကို အဆႏွစ္ဆယ္ ေပးၿပီး ဝယ္ရေလာက္ေအာင္ ငါ မတုံးအ ေသးဘူး" ဟု ေျပာသည္။ ပန္းခ်ီဆရာက "ေကာင္းၿပီေလ ၾကည့္ၾကေသးတာေပါ့"

သို႔ႏွင့္ အခ်ိန္မ်ား တျဖည္းျဖည္း ကုန္ဆုံးခဲ့သည္။ ပန္းခ်ီဆရာလည္း ထိုေနရာမွ ထြက္ခြာၿပီး ဆရာသမားေကာင္း မ်ားႏွင့္ ပန္းခ်ီပညာကို အ ပတ္တကုတ္ ဆက္လက္ သင္ယူခဲ့သည္။ ဆယ္ႏွစ္အတြင္း ပန္းခ်ီေလာကတြင္ ထိုးေဖာက္ ထူးခြၽန္ေသာ ကမာၻေက်ာ္ ပန္းခ်ီဆရာတဦး ျဖစ္ လာခဲ့သည္။ သူေဌးကေတာ္မွာ ယခင္က ျဖစ္ပ်က္ ခဲ့ဖူးေသာ ကိစၥကိုပင္ ေမ့ပင္ေမ့ေလ်ာ့ ေနေလာက္ၿပီ။

သို႔ႏွင့္ တေန႔တြင္ သူေဌးကေတာ္၏ မိတ္ေဆြမ်ားက သူမအား သတင္းတခု ေျပာျပခဲ့သည္။ "အံ့ၾသစရာတခု ေျပာရအုံးမယ္။ တေန႔က ငါတို႔ နာမည္ေက်ာ္ ပန္းခ်ီဆရာတဦးရဲ႕ ပန္းခ်ီျပပြဲကို သြားခဲ့တယ္။ အဲဒီျပပြဲမွာ ေဈးႀကီးတဲ့ ပန္းခ်ီကားတခ်ပ္ ေတြ႕ခဲ့တယ္။ ပုံထဲက ႐ုပ္ပုံဟာ ခင္ဗ်ားနဲ႔ တပုံစံထဲပဲ။ ေဈးက ႏွစ္သိန္းတဲ့။ ပိုထူးဆန္းၿပီး ရယ္စရာ ေကာင္းတာက ပန္းခ်ီကားရဲ႕ နာမည္က သူခိုး တဲ့"

သူေဌးကေတာ္မွာ မူးေမ့မတတ္ ခံစားမိသည္။ လြန္ခဲ့ေသာ ဆယ္ႏွစ္က အျဖစ္အပ်က္ကို ျမင္ေယာင္ လာမိသည္။ သူ၏ အက်င့္သိကၡာကို အဆုံးအျဖတ္ ေပးေသာ ပန္းခ်ီကား ျဖစ္ခဲ့သည္။ သူမသည္ ထိုပန္းခ်ီျပပြဲသို႔ ခ်က္ခ်င္းသြားၿပီး ပန္းခ်ီဆရာအား ေတာင္းပန္ကာ ပန္းခ်ီကားကို ႏွစ္သိန္း အကုန္ခံၿပီး ဝယ္ယူခဲ့သည္။

ပန္းခ်ီဆရာ၏ အရႈံးမေပး လိုေသာစိတ္၊ မဆုတ္မနစ္ ႀကိဳးစားေသာ ဇြဲႏွင့္ သူေဌးကေတာ္အား ေခါင္းၿငိမ့္ေအာင္ ႀကိဳးစားႏိုင္ခဲ့သည္။ ထိုလူငယ္ ပန္းခ်ီဆရာမွာ ေနာင္ခါတြင္ ကမာၻေက်ာ္ ထင္ရွား ေက်ာ္ၾကားခဲ့ေသာ ပန္းခ်ီဆရာ Picasso ပင္ ျဖစ္သည္။ ေလာကတြင္ ကိုယ့္အား အထင္အျမင္ ေသးသူ၊ အလဲထိုးႏိုင္သူ မရွိ။ အထင္အျမင္ေသးေအာင္၊ အလဲ ထိုးႏိုင္ေအာင္ လုပ္ႏိုင္ေသာ သူမွာ ကိုယ္သာ ျဖစ္သည္။

99Snay

Post a Comment

0 Comments