ကိုယ်ပိုင်အလင်းရောင်နဲ့သာ တောက်ပပါစေ

ဆာမူရိုင်းတယောက်က သူ့အတွက် အကြံပေးစကား နာကြားချင်တဲ့ အတွက် သူလေးစား အားကိုးရတဲ့ ဘုန်းတော်ကြီး တပါးထံကို သွားခဲ့ပါတယ်။ ဘုန်းတော်ကြီးက ဆာမူရိုင်းရဲ့ အရိုအသေ ပေးမှုကို ခံယူပြီးတဲ့ နောက်မှာတော့ ဆာမူရိုင်းက ဘုန်းတော်ကြီးကို မေးပါတယ်။

"ကျွန်တော်က လူတိုင်းကို အနိုင် တိုက်နိုင် ခဲ့တယ်၊ အားလုံးဟာ ကျွန်တော့်ကို ကြောက်ရွံ့ပြီး အရှုံးပေးကြတာ ချည်းပဲ။ ဒါပေမယ့် ကျွန်တော် ဘဝက ဘုန်းတော်ကြီး ဘဝလို မဟုတ်ဘဲ ဘယ်သူ့အတွက်မှ အရေးမပါဘူးလို့ ခံစားနေ ရပါတယ်။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ"

"ဒီနေ့ ဆရာတော်ကို တွေ့ဖို့ အခြားသူတွေ လာလိမ့်အုံးမယ်။ ထိုသူတွေ လာပြီးတော့ အဖြေပေး တာပေါ့။ ခဏလောက် စောင့်ဦး" လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။ ဆာမူရိုင်းလည်း တနေ့လုံး ဘုန်းတော်ကြီးဆီ လာမယ့် ဧည့်သည်တွေကို ဘုန်းကြီးကျောင်းရဲ့ ဥယျာဉ်ထဲမှာ စောင့်နေ ပါတယ်။

ဘုန်းတော်ကြီးကို လာတွေ့တဲ့ လူတွေက အဆက်မပြတ် ပါပဲ။ ဘုန်းတော်ကြီးက ညအချိန် ရောက်တဲ့ အခါမှာတော့ လူတွေအားလုံး ပြန်ကုန်ကြ ပါပြီ။ ထိုအချိန်မှာပဲ ဆာမူရိုင်းက မေးလိုက်ပါတယ်။ "အခု ကျွန်တော့်ကို အကြံပေးတော့ မှာလား"

ဘုန်းတော်ကြီးက သူ့ရဲ့ အခန်းထဲကို ဦးဆောင်ပြီး ဆာမူရိုင်းကို ခေါ်သွားပါတယ်။ ကောင်းကင်မှာ လပြည့်ဝန်းက ဝိုင်းစက်လို့ လင်းထိန်နေပါတယ်။ "ကောင်းကင်မှာ လမင်းကြီးကို မင်းမြင်ရဲ့လား၊ ဘယ်လောက်များ လှပလိုက်သလဲ" လို့ ဘုန်းကြီးက ပြောပါတယ်။ ဘုန်းကြီးက ဆက်ပြီး "ဒီအချိန်ကို ကျော်လွန်သွားရင် မနက်ဖြန်ခါမှာ နေမင်းကြီးက တခါ ထပ်ပြီး တောက်ပနေအုံး မှာပါပဲ"

"ဒါပေမယ့် နေရဲ့ အလင်းရောင် ကတော့ ပိုပြီး တောက်ပတယ်။ ငါတို့ အားလုံးဟာ နေရဲ့ အလင်းရောင်းကို ခံစားနိုင်တယ်၊ နွေးထွေးမှုကို ရတယ်၊ အပင်တွေက နေရောင်ခြည် ဓာတ်ကို ရဖို့ လိုအပ်တယ်။ နှစ်ပေါင်းများစွာ ကြာအောင် နေနဲ့ လရဲ့ စွမ်းအင်တွေအကြောင်း စဉ်းစားခဲ့ ဖူးတယ်။

လမင်းကြီးကတော့ ဘယ်တုန်းကမှ ငါက နေမင်းကြီးရဲ့ အလင်းရောင်လို မတောက်ပ ရတာလဲ လို့ မမေးဖူးဘူး။ နေနဲ့လ ဆိုတာ မတူညီတဲ့ အရာ၂ ခုပါ။ တခုစီမှာ သူတို့ရဲ့ ကိုယ်ပိုင် အလင်းရောင်နဲ့ တောက်ပမှု ရှိတယ်။ သူတို့ ၂ ခုကို မနှိုင်းယှဉ် နိုင်ဘူး။ အဲဒီတော့ မင်းလည်း အဖြေကို သိလောက်ပြီ ထင်တယ်။

ငါတို့ဟာလည်း မတူညီတဲ့ လူ ၂ ယောက်ပါ။ မင်းကလည်း မင်းရဲ့ တိုက်ပွဲ တိုင်းမှာ အနိုင်တိုက် နိုင်တဲ့ စွမ်းရည် ရှိတယ်။ ငါကလည်း လူတိုင်းကို တရားပြဖို့ စိတ်ရှည်စွာ ရှင်းပြနိုင်တဲ့ စွမ်းရည်ရှိတယ်။ လူတိုင်းက ကိုယ်လုပ်နိုင်တာကို အကောင်းဆုံး လုပ်နေခြင်းက ပိုကောင်းပါတယ်။ မတူတဲ့ အရာတွေကို လိုက်ပြီး နှိုင်းယှဉ်နေလို့ မရပါဘူး"

ကျွန်တော်တို့ ဘဝမှာလည်း ထိုကဲ့သို့ ပါပဲ။ ကိုယ်ကတော့ သူ့လို အခြေအနေမျိုး မရပါလား ဆိုပြီး မတူတာကို နှိုင်းယှဉ်လို့ အားငယ် စိတ်ညစ်လို့ မဖြစ်ပါဘူး။ လူတိုင်းက သူ့အရည်အချင်းနဲ့သူ ရှိပြီးသားပါ။ အခြေအနေချင်း မတူတဲ့အတွက် တောက်ပမှုခြင်းလည်း ကွဲပြားပါတယ်။

အဓိကက ကိုယ်ရဲ့ လုပ်နိုင်စွမ်းအားကို သိပြီး ဘယ်အရာကို အကောင်းဆုံး လုပ်နိုင်လဲ ဆိုတာ ကိုသာ ဦးတည်ပါ။ ကိုယ်လုပ်နိုင်တာကိုသာ အကောင်းဆုံး ဖြစ်အောင် လုပ်ပါ လို့ တိုက်တွန်း လိုက်ရပါတယ်။

Crd

Zawgyi

ကိုယ္ပိုင္အလင္းေရာင္နဲ႔သာ ေတာက္ပပါေစ

ဆာမူ႐ိုင္းတေယာက္က သူ႔အတြက္ အႀကံေပးစကား နာၾကားခ်င္တဲ့ အတြက္ သူေလးစား အားကိုးရတဲ့ ဘုန္းေတာ္ႀကီး တပါးထံကို သြားခဲ့ပါတယ္။ ဘုန္းေတာ္ႀကီးက ဆာမူ႐ိုင္းရဲ႕ အ႐ိုအေသ ေပးမႈကို ခံယူၿပီးတဲ့ ေနာက္မွာေတာ့ ဆာမူ႐ိုင္းက ဘုန္းေတာ္ႀကီးကို ေမးပါတယ္။

"ကြၽန္ေတာ္က လူတိုင္းကို အႏိုင္ တိုက္ႏိုင္ ခဲ့တယ္၊ အားလုံးဟာ ကြၽန္ေတာ့္ကို ေၾကာက္႐ြံ႕ၿပီး အရႈံးေပးၾကတာ ခ်ည္းပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ ဘဝက ဘုန္းေတာ္ႀကီး ဘဝလို မဟုတ္ဘဲ ဘယ္သူ႔အတြက္မွ အေရးမပါဘူးလို႔ ခံစားေန ရပါတယ္။ ဘာလို႔ အဲဒီလို ျဖစ္ရတာလဲ"

"ဒီေန႔ ဆရာေတာ္ကို ေတြ႕ဖို႔ အျခားသူေတြ လာလိမ့္အုံးမယ္။ ထိုသူေတြ လာၿပီးေတာ့ အေျဖေပး တာေပါ့။ ခဏေလာက္ ေစာင့္ဦး" လို႔ ဘုန္းေတာ္ႀကီးက မိန႔္ပါတယ္။ ဆာမူ႐ိုင္းလည္း တေန႔လုံး ဘုန္းေတာ္ႀကီးဆီ လာမယ့္ ဧည့္သည္ေတြကို ဘုန္းႀကီးေက်ာင္းရဲ႕ ဥယ်ာဥ္ထဲမွာ ေစာင့္ေန ပါတယ္။

ဘုန္းေတာ္ႀကီးကို လာေတြ႕တဲ့ လူေတြက အဆက္မျပတ္ ပါပဲ။ ဘုန္းေတာ္ႀကီးက ညအခ်ိန္ ေရာက္တဲ့ အခါမွာေတာ့ လူေတြအားလုံး ျပန္ကုန္ၾက ပါၿပီ။ ထိုအခ်ိန္မွာပဲ ဆာမူ႐ိုင္းက ေမးလိုက္ပါတယ္။ "အခု ကြၽန္ေတာ့္ကို အႀကံေပးေတာ့ မွာလား"

ဘုန္းေတာ္ႀကီးက သူ႔ရဲ႕ အခန္းထဲကို ဦးေဆာင္ၿပီး ဆာမူ႐ိုင္းကို ေခၚသြားပါတယ္။ ေကာင္းကင္မွာ လျပည့္ဝန္းက ဝိုင္းစက္လို႔ လင္းထိန္ေနပါတယ္။ "ေကာင္းကင္မွာ လမင္းႀကီးကို မင္းျမင္ရဲ႕လား၊ ဘယ္ေလာက္မ်ား လွပလိုက္သလဲ" လို႔ ဘုန္းႀကီးက ေျပာပါတယ္။ ဘုန္းႀကီးက ဆက္ၿပီး "ဒီအခ်ိန္ကို ေက်ာ္လြန္သြားရင္ မနက္ျဖန္ခါမွာ ေနမင္းႀကီးက တခါ ထပ္ၿပီး ေတာက္ပေနအုံး မွာပါပဲ"

"ဒါေပမယ့္ ေနရဲ႕ အလင္းေရာင္ ကေတာ့ ပိုၿပီး ေတာက္ပတယ္။ ငါတို႔ အားလုံးဟာ ေနရဲ႕ အလင္းေရာင္းကို ခံစားႏိုင္တယ္၊ ေႏြးေထြးမႈကို ရတယ္၊ အပင္ေတြက ေနေရာင္ျခည္ ဓာတ္ကို ရဖို႔ လိုအပ္တယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ေနနဲ႔ လရဲ႕ စြမ္းအင္ေတြအေၾကာင္း စဥ္းစားခဲ့ ဖူးတယ္။

လမင္းႀကီးကေတာ့ ဘယ္တုန္းကမွ ငါက ေနမင္းႀကီးရဲ႕ အလင္းေရာင္လို မေတာက္ပ ရတာလဲ လို႔ မေမးဖူးဘူး။ ေနနဲ႔လ ဆိုတာ မတူညီတဲ့ အရာ၂ ခုပါ။ တခုစီမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ အလင္းေရာင္နဲ႔ ေတာက္ပမႈ ရွိတယ္။ သူတို႔ ၂ ခုကို မႏႈိင္းယွဥ္ ႏိုင္ဘူး။ အဲဒီေတာ့ မင္းလည္း အေျဖကို သိေလာက္ၿပီ ထင္တယ္။

ငါတို႔ဟာလည္း မတူညီတဲ့ လူ ၂ ေယာက္ပါ။ မင္းကလည္း မင္းရဲ႕ တိုက္ပြဲ တိုင္းမွာ အႏိုင္တိုက္ ႏိုင္တဲ့ စြမ္းရည္ ရွိတယ္။ ငါကလည္း လူတိုင္းကို တရားျပဖို႔ စိတ္ရွည္စြာ ရွင္းျပႏိုင္တဲ့ စြမ္းရည္ရွိတယ္။ လူတိုင္းက ကိုယ္လုပ္ႏိုင္တာကို အေကာင္းဆုံး လုပ္ေနျခင္းက ပိုေကာင္းပါတယ္။ မတူတဲ့ အရာေတြကို လိုက္ၿပီး ႏႈိင္းယွဥ္ေနလို႔ မရပါဘူး"

ကြၽန္ေတာ္တို႔ ဘဝမွာလည္း ထိုကဲ့သို႔ ပါပဲ။ ကိုယ္ကေတာ့ သူ႔လို အေျခအေနမ်ိဳး မရပါလား ဆိုၿပီး မတူတာကို ႏႈိင္းယွဥ္လို႔ အားငယ္ စိတ္ညစ္လို႔ မျဖစ္ပါဘူး။ လူတိုင္းက သူ႔အရည္အခ်င္းနဲ႔သူ ရွိၿပီးသားပါ။ အေျခအေနခ်င္း မတူတဲ့အတြက္ ေတာက္ပမႈျခင္းလည္း ကြဲျပားပါတယ္။

အဓိကက ကိုယ္ရဲ႕ လုပ္ႏိုင္စြမ္းအားကို သိၿပီး ဘယ္အရာကို အေကာင္းဆုံး လုပ္ႏိုင္လဲ ဆိုတာ ကိုသာ ဦးတည္ပါ။ ကိုယ္လုပ္ႏိုင္တာကိုသာ အေကာင္းဆုံး ျဖစ္ေအာင္ လုပ္ပါ လို႔ တိုက္တြန္း လိုက္ရပါတယ္။

Crd

Post a Comment

0 Comments