ကိုယ့်အတွက်သာ ကြည့်တတ်သူ

တခါတုန်းက ဝံပုလွေ တကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတချောင်း ကန့်လန့် ခံသွားတယ်။

အရိုးကို အန်ထုတ် လို့လည်း မရ၊ မျိုချ လို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ ဝေဒနာ ခံစား နေရတဲ့ အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ် စားလို့ မရတော့တဲ့ အတွက် ဆာလောင်မှု ဝေဒနာကိုပါ ခံစား နေရတယ်။

အဲဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့်လန့် ခံနေတဲ့ အရိုးကို ထုတ်ပေးနိုင်မယ့် သတ္တဝါကို စဉ်းစား ကြည့်လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိ ပါတယ်။

ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်၊ လည်ပင်း ကလည်း ရှည်တာမို့ သူ့လည်ချောင်း ထဲကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ် ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်။ အဲဒါနဲ့ သူဟာ ကြိုးကြာ ငှက်ရှိရာကို သွားပြီး အကူအညီ တောင်းတယ်။

"အဆွေ ကျွန်ုပ်ကို ကူညီပါ၊ ကျွန်ုပ်ရဲ့ လည်ချောင်းထဲမှာ အရိုးတရိုး ကန့်လန့် ခံနေတာမို့ မစားနိုင် မသောက်နိုင် ဖြစ်နေတာ ကြာပါပြီ။ သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ် ပေးရင် ရနိုင် ပါတယ်။ အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ် သင့်ကို ကျေးဇူး ဆပ်ပါ့မယ်"

ဝံပုလွေရဲ့ တောင်းပန်မှုကြောင့် ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ် ဟခိုင်း လိုက်ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့ လည်ပင်းကို ဝံပုလွေရဲ့ အာခေါင်က တဆင့် လည်ချောင်းထဲ ထိုးသွင်းပြီး ကန့်လန့် ခံနေတဲ့ အရိုးကို ဆွဲထုတ် ပေးလိုက် ပါတယ်။

ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ ကြိုးကြာငှက်ကို ကျေးဇူးတင်စကား ပြောပြီး ပြန်လှည့်အထွက် ကြိုးကြာငှက်က နောက်ကနေ လှမ်းမေး တယ်။

"အဆွေ၊ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူး ဆပ်မယ်ဆို၊ ဘာဖြစ်လို့ လှည့်ထွက် သွားတာလဲ"

ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်ပါတယ်။ "အသင်၊ ကျွန်ုပ် အသင့်ကို ကျေးဇူးဆပ်ခဲ့ ပြီးပါပြီ။ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူး ဆပ်တာပဲပေါ့။ အသင့်ကို သတ်ဖြတ် မစားသွားတာ ကိုပဲ ဝမ်းသာပါတော့"

လောကကြီးမှာလည်း ကိုယ့်အကျိုးသာ ကြည့်ပြီး သူတပါးအတွက် ထည့်မစဉ်းစား ပေးတဲ့ ဝံပုလွေလို လူမျိုးတွေ ပေါပါတယ်။ အဲဒီလို လူမျိုးတွေနဲ့ကြုံရင် နောက်ထပ် ဒုက္ခ ပေးမသွားတာကိုပဲ ကိုယ်က ပြန်ဝမ်းသာရ ပါလိမ့်မယ်။ အဲ့ဒီလို လူမျိုးတွေကို အထူး သတိထား ဆက်ဆံရမှာ ဖြစ်ပါတယ်။

Zawgyi

ကိုယ့္အတြက္သာ ၾကည့္တတ္သူ

တခါတုန္းက ဝံပုေလြ တေကာင္ဟာ သားေကာင္ကို အငမ္းမရ စားရင္း လည္ေခ်ာင္းထဲမွာ အ႐ိုးတေခ်ာင္း ကန႔္လန႔္ ခံသြားတယ္။

အ႐ိုးကို အန္ထုတ္ လို႔လည္း မရ၊ မ်ိဳခ် လို႔လည္း မရတာေၾကာင့္ လည္ေခ်ာင္းမွာ နာက်င္တဲ့ ေဝဒနာ ခံစား ေနရတဲ့ အျပင္ ေနာက္ထပ္ ဘာအစားအေသာက္မွ ထပ္ စားလို႔ မရေတာ့တဲ့ အတြက္ ဆာေလာင္မႈ ေဝဒနာကိုပါ ခံစား ေနရတယ္။

အဲဒါနဲ႔ ဝံပုေလြဟာ သူ႔လည္ေခ်ာင္းထဲ ကန႔္လန႔္ ခံေနတဲ့ အ႐ိုးကို ထုတ္ေပးႏိုင္မယ့္ သတၱဝါကို စဥ္းစား ၾကည့္လိုက္ေတာ့ ႀကိဳးၾကာငွက္ကို စဥ္းစားမိ ပါတယ္။

ႀကိဳးၾကာငွက္ဟာ ႏႈတ္သီးကလည္း ရွည္၊ လည္ပင္း ကလည္း ရွည္တာမို႔ သူ႔လည္ေခ်ာင္း ထဲကို ႏႈတ္သီး ထိုးသြင္းၿပီး အ႐ိုးကို ဆြဲထုတ္ ေပးလို႔ ရႏိုင္တယ္လို႔ ေတြးမိလိုက္တယ္။ အဲဒါနဲ႔ သူဟာ ႀကိဳးၾကာ ငွက္ရွိရာကို သြားၿပီး အကူအညီ ေတာင္းတယ္။

"အေဆြ ကြၽႏ္ုပ္ကို ကူညီပါ၊ ကြၽႏ္ုပ္ရဲ႕ လည္ေခ်ာင္းထဲမွာ အ႐ိုးတ႐ိုး ကန႔္လန႔္ ခံေနတာမို႔ မစားႏိုင္ မေသာက္ႏိုင္ ျဖစ္ေနတာ ၾကာပါၿပီ။ သင့္ ႏႈတ္သီးနဲ႔ ကိုက္ၿပီး ဆြဲထုတ္ ေပးရင္ ရႏိုင္ ပါတယ္။ အဲဒီအ႐ိုးသာ ထြက္သြားရင္ ကြၽႏ္ုပ္ သင့္ကို ေက်းဇူး ဆပ္ပါ့မယ္"

ဝံပုေလြရဲ႕ ေတာင္းပန္မႈေၾကာင့္ ႀကိဳးၾကာငွက္က ဝံပုေလြကို ပါးစပ္ ဟခိုင္း လိုက္ပါတယ္။ သူ႔ရဲ႕ ရွည္လ်ားတဲ့ ႏႈတ္သီးနဲ႔ ေသးသြယ္တဲ့ လည္ပင္းကို ဝံပုေလြရဲ႕ အာေခါင္က တဆင့္ လည္ေခ်ာင္းထဲ ထိုးသြင္းၿပီး ကန႔္လန႔္ ခံေနတဲ့ အ႐ိုးကို ဆြဲထုတ္ ေပးလိုက္ ပါတယ္။

ဝံပုေလြလည္း ေဝဒနာ ေပ်ာက္ကင္း သြားတာမို႔ ဝမ္းသာအားရ ျဖစ္သြားတယ္။ ႀကိဳးၾကာငွက္ကို ေက်းဇူးတင္စကား ေျပာၿပီး ျပန္လွည့္အထြက္ ႀကိဳးၾကာငွက္က ေနာက္ကေန လွမ္းေမး တယ္။

"အေဆြ၊ အသင္ေျပာေတာ့ အ႐ိုး ထြက္သြားရင္ ကြၽႏ္ုပ္ကို ေက်းဇူး ဆပ္မယ္ဆို၊ ဘာျဖစ္လို႔ လွည့္ထြက္ သြားတာလဲ"

ဒီေတာ့ ဝံပုေလြက ေနာက္ကို ျပန္လွည့္ၾကည့္ၿပီး ေျပာလိုက္ပါတယ္။ "အသင္၊ ကြၽႏ္ုပ္ အသင့္ကို ေက်းဇူးဆပ္ခဲ့ ၿပီးပါၿပီ။ ကြၽႏ္ုပ္ရဲ႕ အာခံတြင္းထဲ ေရာက္လာတဲ့ သင့္ဦးေခါင္းကို ကိုက္မျဖတ္ဘဲ ထားလိုက္တာ ေက်းဇူး ဆပ္တာပဲေပါ့။ အသင့္ကို သတ္ျဖတ္ မစားသြားတာ ကိုပဲ ဝမ္းသာပါေတာ့"

ေလာကႀကီးမွာလည္း ကိုယ့္အက်ိဳးသာ ၾကည့္ၿပီး သူတပါးအတြက္ ထည့္မစဥ္းစား ေပးတဲ့ ဝံပုေလြလို လူမ်ိဳးေတြ ေပါပါတယ္။ အဲဒီလို လူမ်ိဳးေတြနဲ႔ႀကဳံရင္ ေနာက္ထပ္ ဒုကၡ ေပးမသြားတာကိုပဲ ကိုယ္က ျပန္ဝမ္းသာရ ပါလိမ့္မယ္။ အဲ့ဒီလို လူမ်ိဳးေတြကို အထူး သတိထား ဆက္ဆံရမွာ ျဖစ္ပါတယ္။

Post a Comment

0 Comments