အနိုင်ရတိုင်း အဟုတ်မမှတ်နဲ့

တခါတုန်းက စစ်သူကြီး တယောက်ဟာ စစ်တုရင် ကစားတာ အရမ်း တော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။

တနေ့မှာ စစ်သူကြီးဟာ သူ့ရဲ့ စစ်တပ်နဲ့ အတူ စစ်တိုက် ထွက်လာရင်း ရွာလေး တရွာကို ဖြတ်ကျော်လာ ကြတယ်။

အဲ့ဒီရွာက အိမ်သေးသေးလေး တလုံးမှာ "စစ်တုရင် ကစားရာမှာ တနိုင်ငံလုံးရဲ့ နံပါတ်တစ်" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ကြတယ်။

စစ်သူကြီးဟာ မယုံတဲ့ အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစား ကြတာ အိမ်ရှင်က ၃ ကြိမ် စလုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီး ပြောတယ်။

"ဟားဟား မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ် လိုက်တော့" ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွား တော့တယ်။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကို ပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်။

အဲဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့ပြီး နောက်ထပ် စိန်ခေါ် စကားပြောကြရင်း ထပ်ကစားဖြစ် ကြတယ်။ ဒီတခါ ကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက် ရှုံးသွားတယ်။ စစ်သူကြီး အရမ်း အံသြ သွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လဲ ပေါ့။

အိမ်ပိုင်ရှင် ပြောပြတာက "အရင် အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်တိုက်ထွက်ရမဲ့ တာဝန်ကြီး ရှိနေတယ်။ ကျွန်တော်မျိုး အနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ် ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ဘူး။

ဒီတခေါက် အသင် စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီ ဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ ဘူးပေါ့" တဲ့။

တကယ်တော်တဲ့သူ ဆိုတာ အနိုင်ရနိုင် ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွတ်နိုင်စွမ်း ရှိအောင် စိတ်သဘောထား ကြီးတဲ့သူပါပဲ။ လက်တွေ့ ဘဝ မှာလည်း အတူတူပါပဲ။ ကိုယ်က သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး။ မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။

Crd

Zawgyi

အနိုင္ရတိုင္း အဟုတ္မမွတ္နဲ့

တခါတုန္းက စစ္သူႀကီး တေယာက္ဟာ စစ္တုရင္ ကစားတာ အရမ္း ေတာ္ပါတယ္။ ဘယ္သူကမွ သူ႔ကို ႏိုင္ေအာင္ မကစားႏိုင္ပါဘူး။

တေန႔မွာ စစ္သူႀကီးဟာ သူ႔ရဲ႕ စစ္တပ္နဲ႔ အတူ စစ္တိုက္ ထြက္လာရင္း ႐ြာေလး တ႐ြာကို ျဖတ္ေက်ာ္လာ ၾကတယ္။

အဲ့ဒီ႐ြာက အိမ္ေသးေသးေလး တလုံးမွာ "စစ္တုရင္ ကစားရာမွာ တႏိုင္ငံလုံးရဲ႕ နံပါတ္တစ္" ဆိုတဲ့ ဆိုင္းဘုတ္ ခ်ိတ္ထားတာ သြားေတြ႕ၾကတယ္။

စစ္သူႀကီးဟာ မယုံတဲ့ အတြက္ အိမ္ရွင္ကို သြားရွာၿပီး စစ္တုရင္ ၿပိဳင္ကစား ၾကတာ အိမ္ရွင္က ၃ ႀကိမ္ စလုံး ရႈံးခဲ့ေတာ့ စစ္သူႀကီးက ရယ္ေမာၿပီး ေျပာတယ္။

"ဟားဟား ေမာင္မင္း ဆိုင္းပုဒ္ႀကီး ျဖဳတ္ပစ္ လိုက္ေတာ့" ဆိုၿပီး စိတ္ေက်နပ္စြာနဲ႔ စစ္တိုက္ ထြက္သြား ေတာ့တယ္။

မၾကာခင္မွာပဲ စစ္သူႀကီးတို႔ဟာ စစ္ေအာင္ႏိုင္လို႔ တိုင္းျပည္ကို ျပန္လာၾကရာ အဲ့႐ြာကို ျပန္ေရာက္ေတာ့ ဆိုင္းဘုတ္ကို အရင္ေနရာမွာပဲ ရွိေနေသးတာ ထပ္ေတြ႕တယ္။

အဲဒါနဲ႔ အိမ္ရွင္ကို ထပ္သြားေတြ႕ၿပီး ေနာက္ထပ္ စိန္ေခၚ စကားေျပာၾကရင္း ထပ္ကစားျဖစ္ ၾကတယ္။ ဒီတခါ က်ေတာ့ စစ္သူႀကီးက ၃ ပြဲ လုံး ဆက္တိုက္ ရႈံးသြားတယ္။ စစ္သူႀကီး အရမ္း အံၾသ သြားတယ္။ အဲ့ဒါနဲ႔ အိမ္ရွင္ကိုေမးတာ ဘာေၾကာင့္လဲ ေပါ့။

အိမ္ပိုင္ရွင္ ေျပာျပတာက "အရင္ အေခါက္တုန္းက အသင္စစ္သူႀကီးမွာ စစ္တိုက္ထြက္ရမဲ့ တာဝန္ႀကီး ရွိေနတယ္။ ကြၽန္ေတာ္မ်ိဳး အေနနဲ႔ အသင္စစ္သူႀကီးကို စိတ္ဓါတ္ က်ေအာင္ စိတ္အားကို ခ်ိဳးပစ္လို႔ မသင့္ဘူး။

ဒီတေခါက္ အသင္ စစ္သူႀကီးက စစ္ေအာင္ႏိုင္ၿပီး ျပန္လာၿပီ ဆိုေတာ့ ကြၽန္ေတာ္မ်ိဳးလည္း ပညာ လွ်ိဳထားစရာ မလိုေတာ့ ဘူးေပါ့" တဲ့။

တကယ္ေတာ္တဲ့သူ ဆိုတာ အႏိုင္ရႏိုင္ ပါရဲ႕သားနဲ႔ မလိုအပ္ဘဲ အႏိုင္မယူ ခြင့္လြတ္ႏိုင္စြမ္း ရွိေအာင္ စိတ္သေဘာထား ႀကီးတဲ့သူပါပဲ။ လက္ေတြ႕ ဘဝ မွာလည္း အတူတူပါပဲ။ ကိုယ္က သိေနလည္း မလိုအပ္ဘဲ ေျပာစရာ မလိုပါဘူး။ မေျပာဘူး ဆိုတာက မသိလို႔လည္း မဟုတ္ပါဘူး။

Crd

Post a Comment

0 Comments