ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားပါ

တခါတုန်းက တံမြက်စည်းသည်က တံမြက်စည်း နှစ်ချောင်းကို ရောင်းချခဲ့တယ်။ ဝယ်တဲ့သူက တချောင်းကို အိမ်ပေါ်မှာ လှည်းဖို့နဲ့ တချောင်းက မြေကြီးမှာလှည်းဖို့ ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက နေ့စဉ်နေ့တိုင်း ဖုန်တွေနဲ့ လုံးပန်း ကျင်ကြီး ကျင်ငယ်တွေနဲ့ ထိရ၊ ကြမ်းတမ်းတဲ့ ကျောက်စရစ်တွေ နဲ့လည်း ကြုံရဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက် ကြမ်းလာတယ်တဲ့။

ဒီဟာကို ကြည့်ပြီး သူ့ဘဝသူ အားငယ်တတ် လာတယ်။ အိမ်ပေါ်မှာ နေရတဲ့ တံမြက်စည်းလေး ဖြစ်ရင် သိပ်ကောင်းမှာ၊ သူ့ဘဝကျတော့ နေလဲမပူ ကြမ်းတဲ့ကျောက် စရစ်တွေနဲ့ မတွေ့ရ၊ ကျင်ကြီး ကျင်ငယ်နဲ့ မဆုံနဲ့၊ သူ့ဘဝ သာယာနေမှာဘဲ ဆိုပြီး သူ့မိတ်ဆွေ အိမ်ပေါ် လှည်းခံရတဲ့ တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူက အိမ်ပေါ်မှာ နေရတော့ သင်းပျံ့တဲ့ ရနံ့တွေနဲ့ နေရမှာပဲ၊ ငါ့လို ဘဝ မကြမ်းလောက်ဘူး။ ငါလည်း သူ့လို ဘဝရောက်ရင် သိပ်ကောင်းမှာပဲ ဆိုပြီး အမြဲ တွေးပြီး နေတတ်တယ်တဲ့။ အဲဒါနဲ့ တနေ့ သူ့သူငယ်ချင်း တံမြက်စည်းကို လှေခါးနားမှာ ဆုံမိကြတယ်တဲ့။ စကားပြောဖြစ် ကြတယ်ပေါ့။

အိမ်အောက် မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက "သူငယ်ချင်း မင်းဘဝက သိပ်သာယာတာပဲကွာ။ ငါ့လို မကြမ်းတမ်းဘူး၊ မကောင်းတဲ့ ရနံ့တွေနဲ့ မထိတွေရဘူး။ မင်းဘဝက သိပ်ပျော်စရာ ကောင်းမှာပဲ" လို့ ပြောရှာသတဲ့။ မင်းလို ဘဝမျိုး နေချင်လိုက်တာ" လို့လည်း ခဏခဏ ပြောသတဲ့။

ဒါနဲ့ အိမ်ပေါ်က တံမြက်စည်းက ပြန်ပြောလိုက်တာက "တကယ်တော့ အပြင်ပန်းက မြင်ရင်တော့ သာယာတယ် မင်းထင်ချင်ထင်လိမ့်မယ်၊ ဒါပေမဲ့ မသာယာ ပါဘူးကွာ။ လင်မယားချင်း ရန်ဖြစ်လည်း ငါ့ကို ဆွဲပြီး ရိုက်ကြတယ်။ တယောက်နဲ့ တယောက် ဆွဲကြ လုကြတယ်။

သားသမီး ရိုက်ပြီ ဆိုလည်း ငါ့ကို အသုံးပြုတယ်။ ဒါနဲ့ တယောက်နဲ့ တယောက် ဆွဲကြ လုကြ ပြန်ရော။ ငါ့ဘဝက မင်းလို မကြမ်းတမ်းပေမဲ့ နေ့စဉ် နားငြီးရ သလို နာကျင်တဲ့ ဝေဒနာ ခံစားရတယ်၊ စိတ်ရှုပ်ရတယ်။ ငါက ပင်ပန်းတာ မခံရပေမဲ့ စိတ်ရှုပ်စရာကြီးပါ။

နောက်ပြီး ငါ့ကို ဘယ်နားမှာ ထားတာလဲ မင်းသိလား။ ခြေနင်းခုံ နားမှာ ထားတာ။ ဟိုလူလာလည်း တိုက်သွား နင်းသွားနဲ့ မင်းကွာ သေချင်စော်ကို နံရော" လို့ ပြောပြ လိုက်တော့ အိမ်အောက် တံမြက်စည်းက သူ့ဘဝသူ ကျေနပ်သလို ခံစားသွားရပါတယ်။

သူတွေးလိုက်တာက "သြော်၊ အပြင်ပုံသဏ္ဌာန် လှပေမဲ့ ဘဝဒုက္ခ အထွေထွေက ငါ့ထက် များလှပါလား။ တကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့ သူ့လောက် မဆိုးသေးပါလား" လို့ တွေးပြီး ခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက် သူ့နေရာသူ ပြန်ကြသတဲ့။

ကျွန်တော်တို့ တတွေလည်း ကိုယ့်ဘဝကို အပြင်မှာ ကြမ်းလို့ စိတ်မပျက်ပါနဲ့။ အိမ်ကောင်းကောင်းနဲ့ နေ နေရတယ်။ သင်းပျံ့တဲ့ရနံ့တွေ ကြားမှာ နေနေရတယ် ဆိုပေမဲ့လည်း အားမကျပါနဲ့။ အပြင်လှပြီး အတွင်းပုတ်တာတွေ အများကြီးပါ။ အပြင်မှာ ကြမ်းပေမဲ့ အတွင်းမှာ သင်းပျံ့တဲ့ ရနံ့ရှိအောင် ကြိုးစားပြီး နေထိုင်မယ် ဆိုရင် ဘဝဟာ သာယာလှပပြီး ပျော်ရွှင်နေမှာပါ။

Crd

Zawgyi

ကိုယ့္ျဖစ္တည္မႈကို တန္ဖိုးထားပါ

တခါတုန္းက တံျမက္စည္းသည္က တံျမက္စည္း ႏွစ္ေခ်ာင္းကို ေရာင္းခ်ခဲ့တယ္။ ဝယ္တဲ့သူက တေခ်ာင္းကို အိမ္ေပၚမွာ လွည္းဖို႔နဲ႔ တေခ်ာင္းက ေျမႀကီးမွာလွည္းဖို႔ ဆိုၿပီး ဝယ္ခဲ့တာေပါ့။

ေျမႀကီးမွာ အလွည္းခံရတဲ့ တံျမက္စည္းက ေန႔စဥ္ေန႔တိုင္း ဖုန္ေတြနဲ႔ လုံးပန္း က်င္ႀကီး က်င္ငယ္ေတြနဲ႔ ထိရ၊ ၾကမ္းတမ္းတဲ့ ေက်ာက္စရစ္ေတြ နဲ႔လည္း ႀကဳံရဆုံရေတာ့ သူ႔ဘဝဟာ ၾကမ္းသထက္ ၾကမ္းလာတယ္တဲ့။

ဒီဟာကို ၾကည့္ၿပီး သူ႔ဘဝသူ အားငယ္တတ္ လာတယ္။ အိမ္ေပၚမွာ ေနရတဲ့ တံျမက္စည္းေလး ျဖစ္ရင္ သိပ္ေကာင္းမွာ၊ သူ႔ဘဝက်ေတာ့ ေနလဲမပူ ၾကမ္းတဲ့ေက်ာက္ စရစ္ေတြနဲ႔ မေတြ႕ရ၊ က်င္ႀကီး က်င္ငယ္နဲ႔ မဆုံနဲ႔၊ သူ႔ဘဝ သာယာေနမွာဘဲ ဆိုၿပီး သူ႔မိတ္ေဆြ အိမ္ေပၚ လွည္းခံရတဲ့ တံျမက္စည္းကို အားက်ေနတယ္တဲ့။

ေနာက္ၿပီး သူက အိမ္ေပၚမွာ ေနရေတာ့ သင္းပ်ံ႕တဲ့ ရနံ႔ေတြနဲ႔ ေနရမွာပဲ၊ ငါ့လို ဘဝ မၾကမ္းေလာက္ဘူး။ ငါလည္း သူ႔လို ဘဝေရာက္ရင္ သိပ္ေကာင္းမွာပဲ ဆိုၿပီး အၿမဲ ေတြးၿပီး ေနတတ္တယ္တဲ့။ အဲဒါနဲ႔ တေန႔ သူ႔သူငယ္ခ်င္း တံျမက္စည္းကို ေလွခါးနားမွာ ဆုံမိၾကတယ္တဲ့။ စကားေျပာျဖစ္ ၾကတယ္ေပါ့။

အိမ္ေအာက္ ေျမႀကီးမွာ အလွည္းခံရတဲ့ တံျမက္စည္းက "သူငယ္ခ်င္း မင္းဘဝက သိပ္သာယာတာပဲကြာ။ ငါ့လို မၾကမ္းတမ္းဘူး၊ မေကာင္းတဲ့ ရနံ႔ေတြနဲ႔ မထိေတြရဘူး။ မင္းဘဝက သိပ္ေပ်ာ္စရာ ေကာင္းမွာပဲ" လို႔ ေျပာရွာသတဲ့။ မင္းလို ဘဝမ်ိဳး ေနခ်င္လိုက္တာ" လို႔လည္း ခဏခဏ ေျပာသတဲ့။

ဒါနဲ႔ အိမ္ေပၚက တံျမက္စည္းက ျပန္ေျပာလိုက္တာက "တကယ္ေတာ့ အျပင္ပန္းက ျမင္ရင္ေတာ့ သာယာတယ္ မင္းထင္ခ်င္ထင္လိမ့္မယ္၊ ဒါေပမဲ့ မသာယာ ပါဘူးကြာ။ လင္မယားခ်င္း ရန္ျဖစ္လည္း ငါ့ကို ဆြဲၿပီး ႐ိုက္ၾကတယ္။ တေယာက္နဲ႔ တေယာက္ ဆြဲၾက လုၾကတယ္။

သားသမီး ႐ိုက္ၿပီ ဆိုလည္း ငါ့ကို အသုံးျပဳတယ္။ ဒါနဲ႔ တေယာက္နဲ႔ တေယာက္ ဆြဲၾက လုၾက ျပန္ေရာ။ ငါ့ဘဝက မင္းလို မၾကမ္းတမ္းေပမဲ့ ေန႔စဥ္ နားၿငီးရ သလို နာက်င္တဲ့ ေဝဒနာ ခံစားရတယ္၊ စိတ္ရႈပ္ရတယ္။ ငါက ပင္ပန္းတာ မခံရေပမဲ့ စိတ္ရႈပ္စရာႀကီးပါ။

ေနာက္ၿပီး ငါ့ကို ဘယ္နားမွာ ထားတာလဲ မင္းသိလား။ ေျခနင္းခုံ နားမွာ ထားတာ။ ဟိုလူလာလည္း တိုက္သြား နင္းသြားနဲ႔ မင္းကြာ ေသခ်င္ေစာ္ကို နံေရာ" လို႔ ေျပာျပ လိုက္ေတာ့ အိမ္ေအာက္ တံျမက္စည္းက သူ႔ဘဝသူ ေက်နပ္သလို ခံစားသြားရပါတယ္။

သူေတြးလိုက္တာက "ေၾသာ္၊ အျပင္ပုံသဏၭာန္ လွေပမဲ့ ဘဝဒုကၡ အေထြေထြက ငါ့ထက္ မ်ားလွပါလား။ တကယ္ေတာ့ ငါ့ဘဝက ၾကမ္းေပမဲ့ သူ႔ေလာက္ မဆိုးေသးပါလား" လို႔ ေတြးၿပီး ေခါင္းငုံ႔ကာ သူငယ္ခ်င္းႏွစ္ေယာက္ သူ႔ေနရာသူ ျပန္ၾကသတဲ့။

ကြၽန္ေတာ္တို႔ တေတြလည္း ကိုယ့္ဘဝကို အျပင္မွာ ၾကမ္းလို႔ စိတ္မပ်က္ပါနဲ႔။ အိမ္ေကာင္းေကာင္းနဲ႔ ေန ေနရတယ္။ သင္းပ်ံ႕တဲ့ရနံ႔ေတြ ၾကားမွာ ေနေနရတယ္ ဆိုေပမဲ့လည္း အားမက်ပါနဲ႔။ အျပင္လွၿပီး အတြင္းပုတ္တာေတြ အမ်ားႀကီးပါ။ အျပင္မွာ ၾကမ္းေပမဲ့ အတြင္းမွာ သင္းပ်ံ႕တဲ့ ရနံ႔ရွိေအာင္ ႀကိဳးစားၿပီး ေနထိုင္မယ္ ဆိုရင္ ဘဝဟာ သာယာလွပၿပီး ေပ်ာ္႐ႊင္ေနမွာပါ။

Crd

Post a Comment

0 Comments