လက်သည်းခဏခဏကျိုးတတ်သူတွေအတွက် လက်သည်းကျန်းမာစေမယ့် နည်းလမ်း (၇) သွယ်

ရှည်သွယ်ပြီး ကျန်းမာတဲ့လက်သည်းကို အမျိုးသမီးတိုင်းလိုလို သဘောကျကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ လက်သည်းတွေက ကျိုးသွားတာ၊ အရှည်နှေးတာတွေကိုလည်း ကြုံရတတ်ပါတယ်။ အဲဒါကြောင့် လက်သည်းတွေ ကျန်းမာပြီး မကျိုးလွယ်စေမယ့် နည်းလမ်းကောင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ လက်သည်းကို သေသေချာချာ တံစဉ်းတိုက်ပေးပါ။

လက်သည်းရဲ့ ဘေးအစွန်းတွေကို ကိုယ်လိုချင်တဲ့ ပုံအတိုင်း တံစဉ်းနဲ့ ပွတ်တိုက်ပေးပါ။ တံစဉ်းမတိုက်ရင် လက်သည်းတွေက မကြာခဏ ကျိုးလွယ်ပါတယ်။ လက်သည်းကို တံစဉ်းနဲ့ မတိုက်ခင်မှာ လက်သည်းတွေက ခြောက်သွေ့နေဖို့တော့ လိုအပ်ပါတယ်။

လက်သည်းကို တံစဉ်းတိုက်တဲ့အခါ လားရာတစ်ဖက်တည်းကိုပဲ တိုက်ပါ။ ရှေ့တိုး နောက်ဆုတ်ပုံစံ မတိုက်သင့်ပါဘူးနော်။

၂။ လက်သည်းအရင်းမှာရှိတဲ့ အရေမာအရစ်ကို မတိသင့်ပါဘူး။

လက်သည်းအရင်းမှာရှိတဲ့ အရေမာအရစ်က လက်သည်းခွံကို ကာကွယ်ပေးပြီး ရေဓါတ်လည်း ပြည့်ဝစေပါတယ်။ သင့်ရဲ့လက်သည်းထဲကို ဘက်တီးရီးယားတွေ မဝင်အောင် တားဆီးပေးပါသေးတယ်။ လက်သည်းရဲ့အရေမာအရစ်ကို ကျန်းမာစေဖို့ ဆီထည့်ပေးနိုင်ပါတယ်။

၃။ ပြင်းထန်တဲ့ ဓါတုဆေးတွေပါဝင်တဲ့ လက်သည်းဆိုးဆေးတွေကို မရွေးချယ်သင့်ပါဘူး။

ရေကို အခြေခံထားတဲ့ လက်သည်းဆိုးဆေးတွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။ ပြင်းထန်တဲ့ ဓါတုဆေးတွေပါဝင်တဲ့ လက်သည်းဆိုးဆေးဆွေက လက်သည်းကို ခြောက်သွေ့ပြီး ကြွတ်ဆတ်စေပါတယ်။ Acetone ပါဝင်တဲ့ လက်သည်းဆိုးဆေးတွေကို ရှောင်သင့်ပါတယ်။

၄။ လက်သည်းကို အားပြည့်စေမယ့် အစားအစာများ

လက်သည်းကျန်းမာစေဖို့ အစားအစာကလည်း အရေးပါပါတယ်။ အစေ့အဆံတွေ၊ ပရိုတိန်းဓါတ်ပါဝင်တဲ့ အသားတွေ၊ ဖောလစ်အက်ဆစ်ပါဝင်တဲ့ ထောပတ်သီး၊ ပဲသီး၊ ဗီတာမင်အေ ပါဝင်တဲ့ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ပန်းသီး၊ ဗီတာမင်စီ ပါဝင်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးတွေကို စားသုံးသင့်ပါတယ်။

၅။ လက်သည်းကို ကာကွယ်ပါ။

လက်သည်း ကျန်းမာစေဖို့ ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေနဲ့ မထိတွေ့သင့်ပါဘူး။ ဆပ်ပြာနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာ ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ လက်သည်းကို ကာကွယ်ဖို့အတွက် အိမ်အလုပ်လုပ်တဲ့အခါ လက်အိတ်ဝတ်ပြီး လုပ်နိုင်သလို လက်သည်းကို ကာကွယ်ပေးတဲ့ လက်သည်းဆိုးဆေးကိုလည်း သုံးနိုင်ပါတယ်။

၆။ လက်သည်းနဲ့လက်ကို ခြောက်သွေ့အောင် မထားသင့်ပါဘူး။

လက်သန့်စင်ဆေးရည်ကို အမြဲလိုလို သုံးရင် လက်က ခြောက်သွေ့လာပါတယ်။ အဲဒါကြောင့် လက်သည်းနဲ့ လက်ကို ရေဓါတ်ပြည့်နေအောင် ရေများများ သောက်ဖို့၊ ရေဓါတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးသင့်ပါတယ်။

၇။ အိမ်တွင်း နည်းလမ်းများ

ဗီတာမင်တွေပါဝင်တဲ့ အိမ်တွင်းကုထုံးနည်းတွေက လက်သည်းကို ကျန်းမာပြီး ရေဓါတ်ပြည့်စေပါတယ်။ ဆီ၊ ပင်လယ်ဆား၊ သံပရိုသီး၊ ပန်းသီးရှာလကာရည် စတဲ့ ကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးထဲကို လက်သည်းထည့် စိမ်ထားရင် လက်သည်းက ကျန်းမာပြီး တောက်ပနေမှာပါ။

Bonus

လက်သည်းတွေ ခဏခဏ မကျိုးဖို့အတွက်

- သံပရိုသီး လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- သံလွင်ဆီ လက်ဖက်ရည်ဇွန်း သုံးဇွန်းတို့ကို ပန်းကန်လုံးထဲမှာ ရောမွှေပြီး မိုက်ခရိုဝေ့ဗ်ထဲမှာ စက္ကန့် ၂၀ ခန့် အပူပေးပါ။ နွေးသွားတဲ့ အနေအထားရောင်ရင် လက်သည်းကို ၁၀ မိနစ်ခန့် ထည့်ပြီးစိမ်ထားပါ။ ပြီးရင် လက်သည်းကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ သံပရိုသီးက လက်သည်းကို အရှည်မြန်စေပြီး လက်သည်းက ဂျီးတွေကို ချွတ်ပေးပါတယ်။

အိပ်ရာမဝင်ခင်မှာ အုန်းဆီကို အနည်းငယ် အပူပေးပြီး လက်သည်းကို ထည့်စိမ်ထားလို့ ရပါတယ်။ အုန်းဆီက လက်သည်းကို ရေဓါတ်ဖြည့်ပေးပါတယ်။

နောက်တစ်နည်းကတော့ ရေနွေး၊ ဆားအနည်းငယ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ပန်းကန်လုံးထဲမှာ ရောမွှေပြီး ၁၀ မိနစ်ခန့်ကြာအောင် လက်သည်းကို ထည့်စိမ်ထားပေးပါ။ ပင်လယ်ဆားက လက်သည်းကို သန်မာစေတာကြောင့် မကျိုးလွယ်စေပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments