မြွေလမ္ပာယ်ဆရာ နှင့် မျောက်

တခါတုန်းက နယ်တကာကို လှည့်လည်ပြီး မြွေလမ္ပာယ် ပြပြီး အသက်မွေးရသူ တဦး ရှိပါသတဲ့။ သူဟာ မြွေလမ္ပာယ် တင်မက တခါတရံမှာလည်း မျောက်ပွဲပြလေ့ ရှိတာကြောင့် မျောက်တကောင် ကိုပါ မွေးမြူထားခဲ့တယ်။

သူဟာ မျောက်နဲ့ မြွေတင်မက ဆိတ်တကောင်ကိုပါ ပိုင်ဆိုင်တာကြောင့် သွားလေရာ အရပ်ကို မြွေ၊ မျောက်၊ ဆိတ် တို့ကို ခေါ်ဆောင်သွားလေ့ ရှိတယ်။ သူ ခရီးသွားလာတဲ့ အခါမျိုးမှာတော့ မြွေကို အဖုံးပါတဲ့ ခြင်းတောင်း တခုထဲကို ထည့်ပြီး ခေါင်းပေါ်မှာ ရွက်၊ မျောက်ကို ပုခုံးပေါ်မှာ တင်ပြီး၊ ဆိတ်ကို ကြိုးနဲ့ဆွဲကာ ခရီးသွားလာလေ့ ရှိတယ်။

အဲဒီလိုနဲ့ သူဟာ နယ်တကာ လှည့်ပြီး မျောက်ပွဲတလှည့်၊ မြွေလမ္ပာယ် တလှည့်စီ ပြပြီးအသက်မွေးတယ်။ တနေ့တော့ သူဟာ မြို့တစ်မြို့မှာ သွားရောက် ဖျော်ဖြေဖို့ ခရီးထွက်လာခဲ့ ပြန်တယ်။

အဲသလို ခရီးထွက်လာရင်း လမ်းခုလတ် မှာတော့ အင်မတန် ရေစီးကြမ်းတဲ့ ချောင်းတခုကို ဖြတ်သန်းဖို့ ဖြစ်လာတယ်။ ချောင်းဟာ ရေစီးသန်ပေမယ့် ရေကတော့ ခါးလယ်လောက်သာ ရှိတဲ့အတွက် သူဟာ ချောင်းကို ဒီအတိုင်းပဲ ဖြတ်ကူးဖို့ ဆုံးဖြတ်လိုက်တယ်။

မြွေလမ္ပာယ်ဆရာဟာ မြွေထည့်ထားတဲ့ ခြင်းတောင်းကို ခေါင်းပေါ် ရွက်လိုက်တယ်၊ မျောက်ကို ပုခုံးပေါ် တင်ပြီး ကြိုးနဲ့ ဆွဲလာတဲ့ ဆိတ်ကိုတော့ ပွေ့ပိုက်ပြီး သယ်ဆောင်လာတယ်။ "ဒီအတိုင်းဆို အဆင်ပြေပြီ" လို့ သူ့ကိုယ်သူ ပြောနေခဲ့ ပြန်တယ်။ အဲဒီနောက်မှာတော့ မြွေလမ္ပာယ်ဆရာဟာ ချောင်းကို စတင် ဖြတ်ကူးတယ်။

အတော်အတန် ဖြတ်ကူးမိတဲ့ အခါမှာတော့ ချောင်းရေဟာ သူထင်ထားတာထက် ပိုပြီး ရေစီးသန်တယ် ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် သူဟာ ပွေ့ပိုက်လာတဲ့ ဆိတ်ကို ပိုမိုပြီး ခပ်တင်းတင်း ပွေ့ဖက်ထား လိုက်တယ်။ အဲဒီအချိန်မှာပဲ ပြဿနာတခု စဖြစ်လာခဲ့တယ်။

မျောက်ဟာ သဘာဝ အလျောက် စပ်စုတတ်တဲ့ အတွက် မြွေခြင်းတောင်းကို ဖွင့်ကြည့်တယ်။ ခြင်းတောင်းကို ဖွင့်လိုက်တဲ့ အတွက် မြွေဟာ ခြင်းတောင်းထဲက ခေါင်းပြူ ထွက်လာတယ်။ တရှူးရှူးနဲ့ နှာမှုတ်ပြီး မျောက်ကို ရန်ရှာပြန်တယ်။ မျောက်ဟာ ကြောက်လန့် တကြားနဲ့ ပုခုံးပေါ်ကနေ ဆိတ်ပေါ်ကို ခုန်ဆင်းတယ်။ ဆိတ်က ရုန်းကန်တဲ့ အခါ မျောက်ဟာ ရေထဲကို ပြုတ်ကျ သွားပြန်တယ်။

မြေလမ္ပာယ်ဆရာဟာ မျောက်ကို ဆယ်ယူဖို့ အတွက် ဆိတ်ကို ပွေ့ထားတဲ့ လက်တဖက်ကို လွှတ်လိုက်တဲ့အခါ ရုန်းကန်နေတဲ့ ဆိတ်ပါ ရေထဲကို ပြုတ်ကျ သွားပြန်တယ်။ မြွေလမ္ပာယ်ဆရာလည်း ဆိတ်ကို လှမ်းအဆွဲမှာ ဟန်ချက်ပျက်ပြီး ခေါင်းပေါ်က မြွေတောင်းပါ ရေစီးထဲကို မြောသွားခဲ့ရတယ်။

ချောင်းတဘက်ကို ရောက်တဲ့ အခါမှာတော့ သူရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ မြွေ၊ မျောက်နဲ့ ဆိတ်တို့ မရှိတော့ တာကြောင့် သူဟာ ငိုကြွေးနေ ခဲ့ပါတော့တယ်။

ကျနော်တို့တွေဟာလည်း ရေစီးကြမ်းတဲ့ ချောင်းနဲ့တူတဲ့ ဘဝရဲ့ ရေစီးကြမ်းကို ဖြတ်ကူးနေရတဲ့ မြွေလမ္ပာယ်ဆရာတွေပဲ ဖြစ်ပါတယ်။ စားဝတ်နေရေးတွေကို ပုခုံးပေါ်မှာ ထမ်းလို့တဖုံ၊ ရင်ခွင်မှာ ပိုက်လို့တသွယ် သယ်ဆောင်ရင်း ကြမ်းတမ်းတဲ့ ဘဝရေစီးကြောင်းကို အန်တု ဖြတ်သန်း နေကြသူများပဲ ဖြစ်ပါတယ်။

အဲဒီ လေးလံတဲ့ စားဝတ်နေရေး တွေကြောင့်ပဲ ကိုယ့်ရဲ့ ဘဝခရီးလမ်းဟာ ဟန်ချက်ညီဖို့ အတွက် အလွန်ပဲ ခက်ခဲနေ ပြန်ပါတယ်။ အဲဒီလို ကြမ်းတမ်း ခက်ခဲတဲ့ ဘဝရေစီးကြောင်း ထဲမှာ ဟန်ချက်ညီအောင် ကြိုးစား ဖြတ်သန်းရင်းနဲ့ ကျနော်တို့ရဲ့ စိတ်အစဉ်ဟာ အငြိမ်မနေတဲ့ မျောက်လို လှည့်လည် ကျက်စား ပြန်တယ်။

ဒါကြောင့် ဂနာမငြိမ်တဲ့ စိတ်ရဲ့ လိုအင်တိုင်းကို မထိန်းသိမ်း နိုင်ခဲ့ရင် ဟန်ချက်ညီနေတဲ့ စီးပွားရေး၊ လူမှုရေး၊ မိသားစု အရေးတွေဟာ ဟန်ချက်ညီမှုတွေ ပျောက်ဆုံးကုန်ပြီး ရေစုန် မြောကြရမှာပဲ ဖြစ်ပါတယ်။

Crd PhyoThuta

Zawgyi

ေႁမြလမၸာယ္ဆရာႏွင့္ ေမ်ာက္

တခါတုန္းက နယ္တကာကို လွည့္လည္ၿပီး ေႁမြလမၸာယ္ ျပၿပီး အသက္ေမြးရသူ တဦး ရွိပါသတဲ့။ သူဟာ ေႁမြလမၸာယ္ တင္မက တခါတရံမွာလည္း ေမ်ာက္ပြဲျပေလ့ ရွိတာေၾကာင့္ ေမ်ာက္တေကာင္ ကိုပါ ေမြးျမဴထားခဲ့တယ္။ သူဟာ ေမ်ာက္နဲ႔ ေႁမြတင္မက ဆိတ္တေကာင္ကိုပါ ပိုင္ဆိုင္တာေၾကာင့္ သြားေလရာ အရပ္ကို ေႁမြ၊ ေမ်ာက္၊ ဆိတ္ တို႔ကို ေခၚေဆာင္သြားေလ့ ရွိတယ္။

သူ ခရီးသြားလာတဲ့ အခါမ်ိဳးမွာေတာ့ ေႁမြကို အဖုံးပါတဲ့ ျခင္းေတာင္း တခုထဲကို ထည့္ၿပီး ေခါင္းေပၚမွာ ႐ြက္၊ ေမ်ာက္ကို ပုခုံးေပၚမွာ တင္ၿပီး၊ ဆိတ္ကို ႀကိဳးနဲ႔ဆြဲကာ ခရီးသြားလာေလ့ ရွိတယ္။ အဲဒီလိုနဲ႔ သူဟာ နယ္တကာ လွည့္ၿပီး ေမ်ာက္ပြဲတလွည့္၊ ေႁမြလမၸာယ္ တလွည့္စီ ျပၿပီးအသက္ေမြးတယ္။

တေန႔ေတာ့ သူဟာ ၿမိဳ႕တစ္ၿမိဳ႕မွာ သြားေရာက္ ေဖ်ာ္ေျဖဖို႔ ခရီးထြက္လာခဲ့ ျပန္တယ္။ အဲသလို ခရီးထြက္လာရင္း လမ္းခုလတ္ မွာေတာ့ အင္မတန္ ေရစီးၾကမ္းတဲ့ ေခ်ာင္းတခုကို ျဖတ္သန္းဖို႔ ျဖစ္လာတယ္။ ေခ်ာင္းဟာ ေရစီးသန္ေပမယ့္ ေရကေတာ့ ခါးလယ္ေလာက္သာ ရွိတဲ့အတြက္ သူဟာ ေခ်ာင္းကို ဒီအတိုင္းပဲ ျဖတ္ကူးဖို႔ ဆုံးျဖတ္လိုက္တယ္။

ေႁမြလမၸာယ္ဆရာဟာ ေႁမြထည့္ထားတဲ့ ျခင္းေတာင္းကို ေခါင္းေပၚ ႐ြက္လိုက္တယ္၊ ေမ်ာက္ကို ပုခုံးေပၚ တင္ၿပီး ႀကိဳးနဲ႔ ဆြဲလာတဲ့ ဆိတ္ကိုေတာ့ ေပြ႕ပိုက္ၿပီး သယ္ေဆာင္လာတယ္။ "ဒီအတိုင္းဆို အဆင္ေျပၿပီ" လို႔ သူ႔ကိုယ္သူ ေျပာေနခဲ့ ျပန္တယ္။ အဲဒီေနာက္မွာေတာ့ ေႁမြလမၸာယ္ဆရာဟာ ေခ်ာင္းကို စတင္ ျဖတ္ကူးတယ္။

အေတာ္အတန္ ျဖတ္ကူးမိတဲ့ အခါမွာေတာ့ ေခ်ာင္းေရဟာ သူထင္ထားတာထက္ ပိုၿပီး ေရစီးသန္တယ္ ဆိုတာ သိလိုက္ရတယ္။ ဒါေၾကာင့္ သူဟာ ေပြ႕ပိုက္လာတဲ့ ဆိတ္ကို ပိုမိုၿပီး ခပ္တင္းတင္း ေပြ႕ဖက္ထား လိုက္တယ္။ အဲဒီအခ်ိန္မွာပဲ ျပႆနာတခု စျဖစ္လာခဲ့တယ္။

ေမ်ာက္ဟာ သဘာဝ အေလ်ာက္ စပ္စုတတ္တဲ့ အတြက္ ေႁမြျခင္းေတာင္းကို ဖြင့္ၾကည့္တယ္။ ျခင္းေတာင္းကို ဖြင့္လိုက္တဲ့ အတြက္ ေႁမြဟာ ျခင္းေတာင္းထဲက ေခါင္းျပဴ ထြက္လာတယ္။ တရႉးရႉးနဲ႔ ႏွာမႈတ္ၿပီး ေမ်ာက္ကို ရန္ရွာျပန္တယ္။ ေမ်ာက္ဟာ ေၾကာက္လန႔္ တၾကားနဲ႔ ပုခုံးေပၚကေန ဆိတ္ေပၚကို ခုန္ဆင္းတယ္။ ဆိတ္က ႐ုန္းကန္တဲ့ အခါ ေမ်ာက္ဟာ ေရထဲကို ျပဳတ္က် သြားျပန္တယ္။

ေျမလမၸာယ္ဆရာဟာ ေမ်ာက္ကို ဆယ္ယူဖို႔ အတြက္ ဆိတ္ကို ေပြ႕ထားတဲ့ လက္တဖက္ကို လႊတ္လိုက္တဲ့အခါ ႐ုန္းကန္ေနတဲ့ ဆိတ္ပါ ေရထဲကို ျပဳတ္က် သြားျပန္တယ္။ ေႁမြလမၸာယ္ဆရာလည္း ဆိတ္ကို လွမ္းအဆြဲမွာ ဟန္ခ်က္ပ်က္ၿပီး ေခါင္းေပၚက ေႁမြေတာင္းပါ ေရစီးထဲကို ေျမာသြားခဲ့ရတယ္။

ေခ်ာင္းတဘက္ကို ေရာက္တဲ့ အခါမွာေတာ့ သူရဲ႕ ပိုင္ဆိုင္မႈေတြ ျဖစ္တဲ့ ေႁမြ၊ ေမ်ာက္နဲ႔ ဆိတ္တို႔ မရွိေတာ့ တာေၾကာင့္ သူဟာ ငိုေႂကြးေန ခဲ့ပါေတာ့တယ္။

က်ေနာ္တို႔ေတြဟာလည္း ေရစီးၾကမ္းတဲ့ ေခ်ာင္းနဲ႔တူတဲ့ ဘဝရဲ႕ ေရစီးၾကမ္းကို ျဖတ္ကူးေနရတဲ့ ေႁမြလမၸာယ္ဆရာေတြပဲ ျဖစ္ပါတယ္။ စားဝတ္ေနေရးေတြကို ပုခုံးေပၚမွာ ထမ္းလို႔တဖုံ၊ ရင္ခြင္မွာ ပိုက္လို႔တသြယ္ သယ္ေဆာင္ရင္း ၾကမ္းတမ္းတဲ့ ဘဝေရစီးေၾကာင္းကို အန္တု ျဖတ္သန္း ေနၾကသူမ်ားပဲ ျဖစ္ပါတယ္။

အဲဒီ ေလးလံတဲ့ စားဝတ္ေနေရး ေတြေၾကာင့္ပဲ ကိုယ့္ရဲ႕ ဘဝခရီးလမ္းဟာ ဟန္ခ်က္ညီဖို႔ အတြက္ အလြန္ပဲ ခက္ခဲေန ျပန္ပါတယ္။ အဲဒီလို ၾကမ္းတမ္း ခက္ခဲတဲ့ ဘဝေရစီးေၾကာင္း ထဲမွာ ဟန္ခ်က္ညီေအာင္ ႀကိဳးစား ျဖတ္သန္းရင္းနဲ႔ က်ေနာ္တို႔ရဲ႕ စိတ္အစဥ္ဟာ အၿငိမ္မေနတဲ့ ေမ်ာက္လို လွည့္လည္ က်က္စား ျပန္တယ္။ ဒါေၾကာင့္ ဂနာမၿငိမ္တဲ့ စိတ္ရဲ႕ လိုအင္တိုင္းကို မထိန္းသိမ္း ႏိုင္ခဲ့ရင္ ဟန္ခ်က္ညီေနတဲ့ စီးပြားေရး၊ လူမႈေရး၊ မိသားစု အေရးေတြဟာ ဟန္ခ်က္ညီမႈေတြ ေပ်ာက္ဆုံးကုန္ၿပီး ေရစုန္ ေျမာၾကရမွာပဲ ျဖစ္ပါတယ္။

Crd PhyoThuta

Post a Comment

0 Comments