ရသေ့ကြီးနှင့် သူခိုး

တခါတုန်းက ရွာတရွာမှာ သူခိုး ဝင်ခိုးတော့ ရွာသားတွေ ဝိုင်းပြီး လိုက်ဖမ်းကြ သတဲ့။

သူခိုးကလည်း ကြံရာမရ ဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့ သင်္ချိုင်းထဲကို ဝင်ပြေးပြီး ပုန်းနေရ ပါသတဲ့။

ရွာသားတွေ ပြန်လည် ထွက်ခွါ သွားတော့မှ သူခိုးဟာ ပုန်းနေရာ ကနေ ခေါင်းကလေး ပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူနဲ့ မလှမ်းမကမ်းမှာ ရသေ့တပါး တရား ထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။

ဒီတော့ သူခိုးက တွေးလိုက်တာက "သြော် လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတယောက်တည်းမှ မဟုတ်ပဲ။ ဟိုဖက် မှာလည်း သူခိုးတယောက် ပုန်းနေပါ ပကော" လို့ တွေးမိပါ သတဲ့။

ရသေ့ကြီး ကလည်း လူသံသူသံ ကြားရတာနှင့် ဘာတွေများပါလိမ့် လို့ ခေါင်းကလေး မော့ပြီး ကြည့်လိုက်တော့၊ မလှမ်းမကမ်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ ရသေ့ကြီးက တွေးပါသတဲ့။

"သြော် ဒီသင်္ချိုင်းထဲမှာ ငါတယောက်တည်း တရား အားထုတ် နေတယ်လို့ ထင်နေတာ။ ဟိုဖက်မှာလည်း သူတော်ကောင်း တယောက် တရားအားထုတ် နေပါပကော" လို့ တွေးပြီး သာဓု အကြိမ်ကြိမ် ခေါ်မိ ပါသတဲ့။

လူတွေဟာ မိမိစိတ် အတိုင်း သူများကို မြင်တတ် ကြတယ် လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

စိတ်ထား မကောင်းသူက သူများကိုလည်း မကောင်းမြင်တတ် ကြပါတယ်။ မကောင်း ပြောတတ် ကြပါတယ်။ မကောင်းကြံတတ် ကြပါတယ်။

စိတ်ထား ကောင်းသူများ ကတော့ မကောင်းတဲ့ သူကိုတောင်မှ ဖြည့်ပြီး အကောင်း ပြောတတ် ကြပါတယ်။ ဥပမာ မကောင်းလို့ အပေါင်း အသင်း မလုပ်ရင် ပိုဆိုးသွာမှာပေါ့ လို့ ပြောတတ် ကြတယ်။

ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည် အကောင်းကြီး မဟုတ်ပေမယ့် အဆိုးမြင်ထက် ကောင်းသေးတယ်လို့ လက်ခံ နိုင်ဖို့ လိုပါတယ်။

Crd

Zawgyi

ရေသ့ၾကီးႏွင့္ သူခိုး

တခါတုန္းက ႐ြာတ႐ြာမွာ သူခိုး ဝင္ခိုးေတာ့ ႐ြာသားေတြ ဝိုင္းၿပီး လိုက္ဖမ္းၾက သတဲ့။ သူခိုးကလည္း ႀကံရာမရ ျဖစ္ၿပီးေတာ့၊ မနီးမေဝးမွာ ရွိေနတဲ့ သခ်ႋဳင္းထဲကို ဝင္ေျပးၿပီး ပုန္းေနရ ပါသတဲ့။

႐ြာသားေတြ ျပန္လည္ ထြက္ခြါ သြားေတာ့မွ သူခိုးဟာ ပုန္းေနရာ ကေန ေခါင္းကေလး ျပဴၿပီး ဟိုဟိုဒီဒီ ၾကည့္လိုက္ေတာ့ သူနဲ႔ မလွမ္းမကမ္းမွာ ရေသ့တပါး တရား ထိုင္ေနတာကို သြားၿပီး ျမင္ပါသတဲ့။

ဒီေတာ့ သူခိုးက ေတြးလိုက္တာက "ေၾသာ္ လက္စသတ္ေတာ့ ဒီသခ်ႋဳင္းထဲမွာ ငါတေယာက္တည္းမွ မဟုတ္ပဲ။ ဟိုဖက္ မွာလည္း သူခိုးတေယာက္ ပုန္းေနပါ ပေကာ" လို႔ ေတြးမိပါ သတဲ့။

ရေသ့ႀကီး ကလည္း လူသံသူသံ ၾကားရတာႏွင့္ ဘာေတြမ်ားပါလိမ့္ လို႔ ေခါင္းကေလး ေမာ့ၿပီး ၾကည့္လိုက္ေတာ့၊ မလွမ္းမကမ္းမွာ ရွိေနတဲ့ သူခိုးကို ျမင္လိုက္ရေတာ့ ရေသ့ႀကီးက ေတြးပါသတဲ့။

"ေၾသာ္ ဒီသခ်ႋဳင္းထဲမွာ ငါတေယာက္တည္း တရား အားထုတ္ ေနတယ္လို႔ ထင္ေနတာ။ ဟိုဖက္မွာလည္း သူေတာ္ေကာင္း တေယာက္ တရားအားထုတ္ ေနပါပေကာ" လို႔ ေတြးၿပီး သာဓု အႀကိမ္ႀကိမ္ ေခၚမိ ပါသတဲ့။

လူေတြဟာ မိမိစိတ္ အတိုင္း သူမ်ားကို ျမင္တတ္ ၾကတယ္ လို႔ ဆိုလိုတာပဲ ျဖစ္ပါတယ္။ စိတ္ထား မေကာင္းသူက သူမ်ားကိုလည္း မေကာင္းျမင္တတ္ ၾကပါတယ္။ မေကာင္း ေျပာတတ္ ၾကပါတယ္။ မေကာင္းႀကံတတ္ ၾကပါတယ္။

စိတ္ထား ေကာင္းသူမ်ား ကေတာ့ မေကာင္းတဲ့ သူကိုေတာင္မွ ျဖည့္ၿပီး အေကာင္း ေျပာတတ္ ၾကပါတယ္။ ဥပမာ မေကာင္းလို႔ အေပါင္း အသင္း မလုပ္ရင္ ပိုဆိုးသြာမွာေပါ့ လို႔ ေျပာတတ္ ၾကတယ္။

ဒါ့ေၾကာင့္ အရာရာတြင္ အေကာင္းျမင္ျခင္းသည္ အေကာင္းႀကီး မဟုတ္ေပမယ့္ အဆိုးျမင္ထက္ ေကာင္းေသးတယ္လို႔ လက္ခံ ႏိုင္ဖို႔ လိုပါတယ္။

Crd

Post a Comment

0 Comments