စိတ်ကို ကျွဲလို ထိန်း

တခါတော့ မြစ်ဝကျွန်းပေါ် ဒေသ တခုသို့ ဆရာတော် တရားဟော ကြွလေ၏။ ထိုဒေသတွင် မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများ ဖြင့်သာ ထွန်ယက် စိုက်ပျိုး ကြရလေ၏။

ကျွဲများသည် သန်မာ ထွားကျိုင်းပြီး ချိုကြီးများ ကားနေ၏။ ဆရာတော်သည် ကျွဲကြီး များကို မြင်သော အခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့် လေ၏။

"ဒကာကြီး ဒီလောက် သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီး တို့ကို ပြန်ပြီး ရန်မမူ ကြဘူးလား"

"တခါတလေတော့ ရန်မူတယ် ဘုရား၊ တလောက ဟိုဘက်ရွာက တောင်သူတယောက် ကျွဲခတ် လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလား ဘုရား"

"အိုး ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ် များတာပဲ"

"ဒါက ဖြစ်ခဲ ပါတယ် ဘုရား၊ သူတို့ ကျွဲထိန်းတဲ့ နေရာမှာ ညှာလိုက် လို့ပါ"

"ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက် ထားလို့လား"

"တချက်မှ ရိုက်နှက်စရာ မလိုဘဲ ထိန်းတဲ့နည်း ရှိတယ် ဘုရား"

"ဒကာကြီးတို့ နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့ ဘယ်လို ထိန်းတာလဲ"

"အလုပ်နဲ့ ထိန်းတာပါ ဘုရား။ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန် ယာထွန်တယ်။ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ် တင်ပြီး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ် ဘုရား။

အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် ဒီကျွဲဟာ ပင်ပန်းပြီး ညောင်းနေတဲ့ အတွက် နားရတဲ့ အချိန်လေးမှာ ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကို မပေးတော့ဘူး ဘုရား"

"အို ဒကာကြီးတို့ ပြောတဲ့ ကျွဲထိန်းနည်းက ဘုန်းကြီး အတွက်တော့ တရားတပုဒ် ပါပဲ။ ကျွဲကြီးကို စိတ်နေရာမှာ ထားပြီး စိတ်ကို အလွတ် မထားဘူး အမြဲ ခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေ မဝင်နိုင်ဘူးပေါ့။

ဒါကြောင့် ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအား မပေးနဲ့။ စိတ်ဆိုတာ မကောင်းတဲ့ ဘက်မှာ ပျော်တာ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော အဲဒီလို မနားတမ်း လုပ်ကြပါ လို့ တိုက်တွန်းပါတယ်"

Crd (မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ)

Zawgyi

စိတ္ကို က်ြဲလို ထိန္း

တခါေတာ့ ျမစ္ဝကြၽန္းေပၚ ေဒသ တခုသို႔ ဆရာေတာ္ တရားေဟာ ႂကြေလ၏။ ထိုေဒသတြင္ မိုးမ်ားသည့္ အတြက္ ေတာင္ယာသမား အမ်ားစုသည္ ႏြားအစား ကြၽဲမ်ား ျဖင့္သာ ထြန္ယက္ စိုက္ပ်ိဳး ၾကရေလ၏။

ကြၽဲမ်ားသည္ သန္မာ ထြားက်ိဳင္းၿပီး ခ်ိဳႀကီးမ်ား ကားေန၏။ ဆရာေတာ္သည္ ကြၽဲႀကီး မ်ားကို ျမင္ေသာ အခါ ထိုေဒသမွ ဒကာႀကီးမ်ားကို ယခုကဲ့သို႔ ေမးၾကည့္ ေလ၏။

"ဒကာႀကီး ဒီေလာက္ သန္မာတဲ့ ကြၽဲႀကီးေတြက ဒကာႀကီး တို႔ကို ျပန္ၿပီး ရန္မမူ ၾကဘူးလား"

"တခါတေလေတာ့ ရန္မူတယ္ ဘုရား၊ တေလာက ဟိုဘက္႐ြာက ေတာင္သူတေယာက္ ကြၽဲခတ္ လိုက္တာ ဗိုက္ေပါက္ၿပီး ေနရာမွာတင္ ပြဲခ်င္းၿပီး ေသပါေရာလား ဘုရား"

"အိုး ေၾကာက္စရာ ေကာင္းလိုက္တာ၊ ကြၽဲထိန္းရတာလည္း ေတာ္ေတာ္ အႏၲရာယ္ မ်ားတာပဲ"

"ဒါက ျဖစ္ခဲ ပါတယ္ ဘုရား၊ သူတို႔ ကြၽဲထိန္းတဲ့ ေနရာမွာ ညႇာလိုက္ လို႔ပါ"

"ဒကာႀကီးက ဘယ္လို ထိန္းလို႔လဲ၊ ေၾကာက္ေအာင္ ႐ိုက္ႏွက္ ထားလို႔လား"

"တခ်က္မွ ႐ိုက္ႏွက္စရာ မလိုဘဲ ထိန္းတဲ့နည္း ရွိတယ္ ဘုရား"

"ဒကာႀကီးတို႔ နည္းက ဘုန္းႀကီးတို႔လို ေမတၱာသမားနဲ႔ ကိုက္တာေပါ့ ဘယ္လို ထိန္းတာလဲ"

"အလုပ္နဲ႔ ထိန္းတာပါ ဘုရား။ လယ္ခ်ိန္ လယ္ထြန္တယ္၊ ယာခ်ိန္ ယာထြန္တယ္။ လယ္ေတြ၊ ယာေတြ မရွိရင္ ေရခပ္ခိုင္းတယ္။ ေရစည္ကို လွည္းေပၚ တင္ၿပီး ျမစ္ေရကို သယ္တယ္။ ေရသယ္စရာ မရွိရင္ ထင္းလိုက္တယ္ ဘုရား။

အဲဒီလို မနားတမ္း ခိုင္းေနမယ္ ဆိုရင္ ဒီကြၽဲဟာ ပင္ပန္းၿပီး ေညာင္းေနတဲ့ အတြက္ နားရတဲ့ အခ်ိန္ေလးမွာ ၿငိမ္ေနတာေပါ့ဘုရား။ ေဒါသျဖစ္ခ်ိန္ကို မေပးေတာ့ဘူး ဘုရား"

"အို ဒကာႀကီးတို႔ ေျပာတဲ့ ကြၽဲထိန္းနည္းက ဘုန္းႀကီး အတြက္ေတာ့ တရားတပုဒ္ ပါပဲ။ ကြၽဲႀကီးကို စိတ္ေနရာမွာ ထားၿပီး စိတ္ကို အလြတ္ မထားဘူး အၿမဲ ခိုင္းေနမယ္ ဆိုရင္ ေလာဘ၊ ေဒါသ၊ ေမာဟ ဆိုတဲ့ ကိေလသာေတြ မဝင္ႏိုင္ဘူးေပါ့။

ဒါေၾကာင့္ ကိုယ္ေတာ္တို႔ တေတြလည္း စိတ္ကို အအား မေပးနဲ႔။ စိတ္ဆိုတာ မေကာင္းတဲ့ ဘက္မွာ ေပ်ာ္တာ။ အားေနရင္ စာဖတ္၊ စာေရး တရားနာ။ ေဟာ အဲဒီလို မနားတမ္း လုပ္ၾကပါ လို႔ တိုက္တြန္းပါတယ္"

Crd (ေမတၱာရွင္သံခဲႏွင့္ ပန္းပဲဆရာမ်ား)

Post a Comment

0 Comments