Lip balm ကို မကြာခဏသုံးစွဲတဲ့အခါ ရလာမယ့် ဆိုးကျိုး (၄) ခု

Lip balm က နှုတ်ခမ်းအတွက် အရမ်းအဆင်ပြေတဲ့ အလှကုန်တစ်မျိုးပါပဲ။ Lip balm မသုံးတဲ့ အမျိုးသမီး ဆိုတာကလည်း ခပ်ရှားရှားပါပဲ။ ဒါပေမယ့် lip balm ကို အလွန်သုံးတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာစေမလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ နှုတ်ခမ်းခြောက်သွေ့လာခြင်း

အရေပြားဆရာဝန်တွေရဲ့ ပြောဆိုချက်တွေအရ lip balm တွေမှာ နှုတ်ခမ်းကို ကြေးချွတ်ပေးတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးရှိနေပါတယ်။ Phenol ၊ ပရုတ်အေး၊ ရနံ့၊ အရသာ၊ salicylic အက်ဆစ် ၊ ဗီတာမင် E စတဲ့ အရာတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် lip balm တစ်မျိုးတည်းကိုပဲ ခဏခဏသုံးနေရင် နှုတ်ခမ်းတွေ ခြောက်သွေ့လာစေမှာပါ။

၂။ နှုတ်ခမ်းတစ်ဝိုက် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

Lip balm ကို တစ်နေ့ သုံးကြိမ်ထက် ပိုမသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ အိပ်ရာထတဲ့အချိန်၊ အစားစားသောက်ပြီးတဲ့အချိန်၊ မအိပ်ခင်အချိန် စသဖြင့် တစ်နေ့ကို ၃ကြိမ်ပဲ lip balm ကို သုံးသင့်ပါတယ်။ Lip balm ကို ခဏခဏသုံးရင် နှုတ်ခမ်းတစ်ဝိုက်မှာ အစက်တွေပေါက်လာပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်လာပါတယ်။

၃။ နှုတ်ခမ်းမှာ ရေဓါတ်နည်းလာခြင်း

နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး ကွဲနေရင် lip balm က သက်သာစေပါတယ်။ ဒါပေမယ့် lip balm ကို ခဏခဏသုံးရင် သူ့ရဲ့ပါဝင်ပစ္စည်းတွေကြောင့် နှုတ်ခမ်းက ရေဓါတ်နည်းပြီး ခြောက်သွေ့လာပါတယ်။ အဲဒါကြောင့် ရက်ခြား သို့မဟုတ် တစ်ရက်ကို အကြိမ်ရေ နည်းနည်းပဲ သုံးသင့်ပါတယ်။

၄။ Lip balm ကို စွဲလမ်းလာခြင်း

Lip balm ကို သုံးဖူးတဲ့သူက ထပ်ခါထပ်ခါ သုံးချင်လာတတ်ပါတယ်။ Lip balm က စွဲလမ်းစေတဲ့အရာမဟုတ်ဘူးလို့ OCD Action director Joel Rose က ပြောပါတယ်။ တကယ်တော့ lip balm ကနေရတဲ့ နူးညံ့မှုကို တဖြည်းဖြည်း စွဲလမ်းလာပါတယ်။

Bonus 

Lip balm ကိုလည်း မိမိကိုယ်တိုင် ပြုလုပ်လို့ ရပါတယ်။

လိုအပ်သောပစ္စည်းများ

- Shea butter လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ

- ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- ပျားဖယောင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- Lanolin လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- လာဗင်ဒါရနံ့ဆီ ၅စက်

အုန်းဆီ၊ ပျားဖယောင်း၊ lanolin တို့ကို ပန်းကန်လုံး တစ်လုံးထဲမှာ ရောပြီး အပူပေးပါ။ အရည်ပျော်လာရင် အပူမပေးတော့ဘဲ shea butter နဲ့ ပျားရည်ကို ရောထည့်ပြီး မွှေပါ။ ပြီးနောက် လာဗင်ဒါရနံ့ဆီကို ထည့်ပါ။ မွှေပြီးနောက် ဘူးလေးတစ်ခုထဲမှာ ထည့်ပြီး အအေးခံပါ။ အဲဒီနောက်မှာတော့ အိမ်လုပ် lip balmလေး ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments