ခြင်္သေ့ကြီးနှင့်ယုန်ကလေး

တခါတုန်းက ခြင်္သေ့ တကောင်ဟာ တောထဲမှာ ရှိတဲ့ သတ္တဝါ အားလုံးကို "သူ့အစာ အဖြစ် တရက်ကို တကောင် လာအစားခံမယ် ဆိုရင် ဘယ်သတ္တဝါ ကိုမှ အမဲ မလိုက်တော့ဘူး" လို့ ပြောခဲ့တယ်။

သတ္တဝါ အားလုံး ကလည်း သဘောတူပြီး မဲစနစ်နဲ့ နံနက်တိုင်း သွားရောက် အစားခံ ခဲ့ကြတယ်။

တရက် မှာတော့ ယုန်လေးတကောင်ရဲ့ အလှည့်ကို ရောက်လာတယ်။ ယုန်ကလေးဟာ ခြင်္သေ့ကို ဘယ်လို ရင်ဆိုင်ရမလဲ လို့ အမြဲ တွေးနေခဲ့တယ်။

အကြံ ရတာနဲ့ ယုန်ကလေးဟာ နောက်ကျခံပြီးမှ ခြင်္သေ့ကြီး ဆီကို သွားခဲ့တယ်။ ဗိုက်ဆာနေတဲ့ ခြင်္သေ့ကြီးဟာ ယုန်ကလေးကို ဘာလို့ နောက်ကျ နေတာလဲ လို့ ဟိန်းဟောက်ပြီး မေးလိုက်တယ်။

ယုန်ကလေးဟာ အလွန် ကြောက်လန့် နေတဲ့ ပုံစံနဲ့ "ကျနော် လမ်းမှာ သူ့ကိုယ်သူ တောဘုရင်ကြီးလို့ ပြောတဲ့ ခြင်္သေ့ကြီး တကောင်နဲ့ တွေ့နေလို့ပါ။ အဲ့ဒီ ခြင်္သေ့ကြီးက အရှင် ခြင်္သေ့မင်းကြီး ကိုလည်း အနိုင်ယူမယ်လို့ ပြောနေလို့ပါ" လို့ ပြောလိုက်တယ်။

ခြင်္သေ့ကြီးက ဒေါသ ထွက်သွားပြီး "ငါလည်း အဲဒီ ခြင်္သေ့ကို စားချင်တယ်၊ အဲဒီ ခြင်္သေ့ဆီ ငါ့ကိုလိုက်ပို့" လို့ ယုန်ကလေးကို ပြောလိုက်တယ်။

ယုန်ကလေးဟာ ခြင်္သေ့ကြီးကို ရေတွင်းနား ခေါ်သွားလိုက်တယ်။

ခြင်္သေ့ကြီးဟာ ရေတွင်းထဲက ရောင်ပြန် ပုံရိပ် ခြင်္သေ့ကြီးကို ကြည့်ပြီး ဟိန်းဟောက် လိုက်တော့ ရေတွင်းထဲက ပုံရိပ်ကလည်း ပြန် ဟိန်းဟောက် တာပေါ့။

ထိုအခါ ခြင်္သေ့ကြီးဟာ ဒေါသ အကြီးအကျယ် ထွက်ပြီး ရေတွင်းထဲက ခြင်္သေ့ကြီးကို ဖမ်းဖို့ ရေတွင်းထဲ ခုန်ချလိုက်တော့ ရေနစ်ပြီး သေဆုံးသွား ပါတော့တယ်။

ခွန်အား ဗလ ရှိခြင်းထက် ဉာဏ်ပညာ ရှိခြင်းက ပိုအသုံးဝင်သည်။

Crd

Zawgyi

ျခေသၤ့ႀကီးႏွင့္ယုန္ကေလး

တခါတုန္းက ျခေသၤ့ တေကာင္ဟာ ေတာထဲမွာ ရွိတဲ့ သတၱဝါ အားလုံးကို "သူ႔အစာ အျဖစ္ တရက္ကို တေကာင္ လာအစားခံမယ္ ဆိုရင္ ဘယ္သတၱဝါ ကိုမွ အမဲ မလိုက္ေတာ့ဘူး" လို႔ ေျပာခဲ့တယ္။

သတၱဝါ အားလုံး ကလည္း သေဘာတူၿပီး မဲစနစ္နဲ႔ နံနက္တိုင္း သြားေရာက္ အစားခံ ခဲ့ၾကတယ္။

တရက္ မွာေတာ့ ယုန္ေလးတေကာင္ရဲ႕ အလွည့္ကို ေရာက္လာတယ္။ ယုန္ကေလးဟာ ျခေသၤ့ကို ဘယ္လို ရင္ဆိုင္ရမလဲ လို႔ အၿမဲ ေတြးေနခဲ့တယ္။

အႀကံ ရတာနဲ႔ ယုန္ကေလးဟာ ေနာက္က်ခံၿပီးမွ ျခေသၤ့ႀကီး ဆီကို သြားခဲ့တယ္။ ဗိုက္ဆာေနတဲ့ ျခေသၤ့ႀကီးဟာ ယုန္ကေလးကို ဘာလို႔ ေနာက္က် ေနတာလဲ လို႔ ဟိန္းေဟာက္ၿပီး ေမးလိုက္တယ္။

ယုန္ကေလးဟာ အလြန္ ေၾကာက္လန႔္ ေနတဲ့ ပုံစံနဲ႔ "က်ေနာ္ လမ္းမွာ သူ႔ကိုယ္သူ ေတာဘုရင္ႀကီးလို႔ ေျပာတဲ့ ျခေသၤ့ႀကီး တေကာင္နဲ႔ ေတြ႕ေနလို႔ပါ။ အဲ့ဒီ ျခေသၤ့ႀကီးက အရွင္ ျခေသၤ့မင္းႀကီး ကိုလည္း အႏိုင္ယူမယ္လို႔ ေျပာေနလို႔ပါ" လို႔ ေျပာလိုက္တယ္။

ျခေသၤ့ႀကီးက ေဒါသ ထြက္သြားၿပီး "ငါလည္း အဲဒီ ျခေသၤ့ကို စားခ်င္တယ္၊ အဲဒီ ျခေသၤ့ဆီ ငါ့ကိုလိုက္ပို႔" လို႔ ယုန္ကေလးကို ေျပာလိုက္တယ္။

ယုန္ကေလးဟာ ျခေသၤ့ႀကီးကို ေရတြင္းနား ေခၚသြားလိုက္တယ္။

ျခေသၤ့ႀကီးဟာ ေရတြင္းထဲက ေရာင္ျပန္ ပုံရိပ္ ျခေသၤ့ႀကီးကို ၾကည့္ၿပီး ဟိန္းေဟာက္ လိုက္ေတာ့ ေရတြင္းထဲက ပုံရိပ္ကလည္း ျပန္ ဟိန္းေဟာက္ တာေပါ့။

ထိုအခါ ျခေသၤ့ႀကီးဟာ ေဒါသ အႀကီးအက်ယ္ ထြက္ၿပီး ေရတြင္းထဲက ျခေသၤ့ႀကီးကို ဖမ္းဖို႔ ေရတြင္းထဲ ခုန္ခ်လိုက္ေတာ့ ေရနစ္ၿပီး ေသဆုံးသြား ပါေတာ့တယ္။

ခြန္အား ဗလ ရွိျခင္းထက္ ဉာဏ္ပညာ ရွိျခင္းက ပိုအသုံးဝင္သည္။

Crd

Post a Comment

1 Comments

  1. youtube.com Videos, videos, music, movies, movies, - Video
    youtube.com Videos, videos, movies, movies, movies, movies, movies, movies, movies, movies, movies, movies, movies, youtube to mp3 converter mac movies, movies, movies, movies, movies, movies,

    ReplyDelete