သူ့ရဲ့အညစ်အကြေးတွေကို ကာကွယ်ဖို့ ကားထဲမှာတောင် အိမ်သာတပ်ထားတဲ့ ကင်ဂျုံအန်

မြောက်ကိုရီးယားရဲ့ ထိပ်တန်းခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေနဲ့ ကြောင်တောင်တောင် နိုင်လှတဲ့ စည်းကမ်းချက်တွေကြောင့် လူသိများပါတယ်။ သူ့မှာ နေရာတိုင်း ယူဆောင်သွားနိုင်တဲ့ ခရီးဆောင်အိမ်သာ ရှိတယ်ဆိုတဲ့အကြောင်းက နာမည်ကြီးနေပါတယ်။

သူက ဘာလို့ဒီလိုတွေ လုပ်ထားတာလဲ ဆိုတော့ အများသူငှာ သန့်စင်ခန်းတွေကို အယုံအကြည် မရှိတာကြောင့် ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ သူစီးတဲ့ကားတွေ အားလုံးမှာ ကိုယ်ပိုင်အိမ်သာပါတွေ ပါရှိပြီး တစ်နေရာရာကိုသွားရင် ဒီကားတွေမှာပါတဲ့ အိမ်သာကိုပဲ အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။‌ Mercedes-Benz ကားတွေမှာ ကျည်ကာတွေကို တပ်ဆင်ထားတာကြောင့် အိမ်သာတက်ရတာ အရမ်းကို လုံခြုံသလို ခံစားရမှာတော့ အသေအချာပါပဲ။

“ယာဉ်တန်းထဲမှာ ကားတွေက အမြောက်အမြား ရှိနေတော့ လူတွေက သူဘယ်မှာ ကားပါတယ်ဆိုတာ မပြောနိုင်သလို သူ့သန့်စင်ခန်းအတွက် သီးခြားကားလည်း ပါရှိပါတယ်" လို့ ဖော်ပြထားပါတယ်။

Kim Jong-Un ဟာ သူ့ကိုယ်ပိုင်ရထားနှင့် သူသွားလာတဲ့ အသေးစား ဒါမှမဟုတ် အလတ်စား မော်တော်ကားတွေမှာတောင် သူ့အတွက်သာ အထူးပြုလုပ်ထားတဲ့ ရေချိုးခန်းတွေ တပ်ဆင်ထားပါသေးတယ်။ မတ်စောက်တဲ့ မြေပြင်ဖြစ်ဖြစ်၊ နှင်းထုထဲမှာပဲဖြစ်ဖြစ် သွားလာနိုင်တဲ့ အထူးတည်ဆောက်ထားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အညစ်အကြေးတွေကို တခြားသူတွေရဲ့ လက်ထဲရောက်သွားမှာကိုလည်း ကြောက်ပါသေးတယ်။ ကိုယ်ရံတော်တွေကိုလည်း တစ်ကိုယ်ရေ အိမ်သာတွေကို စောင့်ကြည့်ဖို့ အမိန့်ပေးထားပြီး သူမဟုတ်တဲ့ တခြားတစ်ယောက်ယောက်က အိမ်သာဝင်တက်နေတာကို တွေ့ရင် သေဒဏ်အထိ ချမှတ်ဖို့ အမိန့်ထုတ်ထားပါတယ်။

ကင်ဂျုံအန်းက သူ့ရဲ့ မစင်တွေကို တခြားသူတွေရဲ့လက်ထဲ မရောက်စေချင်တာရယ်၊ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူတွေမသိစေချင်တာကြောင့် အခုလို ဆုံးဖြတ်ချက် ချခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ နဂိုကိုယ်အလေးချိန်ထက် 20 ကီလိုဂရမ်လောက် ပိုကျသွားတဲ့အတွက် သူ့ရဲ့အခြေအနေနဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ အကြီးအကျယ် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments